Healthy Life Ad
Health Tips

၀ိတ်ကျလိုသူတို့ ခဏတာ အစာဖြတ်ချိန်အတွင်း လိုက်နာရန်များ

ဝိတ်ကျလိုသူတွေက ပါးစပ်နဲ့ အစားမပြတ် စားသောက်တဲ့အကျင့်ကို ရှောင်ဖို့လိုပြီး ကိုယ်အလေးချိန် လျော့ကျမှုကို အထောက်အကူပြုမယ့် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်ပါ

ဝိတ်ကျချင်တယ်ဆိုရင် လေ့ကျင့်ခန်းကိုလည်း မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။ တစ်နေ့ ၃၀ မိနစ်နဲ့ တစ်ပတ်မှာ ရက်အတော်များများ လေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး မြန်မြန်ဝိတ်ကျစေပါတယ်။

(၂) ရေသောက်ပါ

ရေသောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေတာက အစာစားချင်စိတ်ကို ထိန်းပေးပြီး ဆာလောင်မှုမဖြစ်အောင် တားပေးတဲ့ အကောင်းဆုံးနည်းတစ်ခုပါ။ အစာကို ခဏခဏ ဖြတ်ထားစဉ်မှာ တစ်နေ့ ရေရှစ်ဖန်ခွက်လောက် သောက်ပေးသင့်ပါတယ်။

(၃) ဘလက်ကော်ဖီသောက်ပါ

မနက်ခင်းဆိုရင် ဘလက်ကော်ဖီသောက်တာက အစာစားချင်စိတ်ကို လျော့ကျစေပြီး နံနက်စာမစားခင်အထိ စွမ်းအင်အပြည့်၊ အာရုံစူးစိုက်မှုအပြည့် ရှိနေတတ်ပါတယ်။

(၄) ဆားလျှော့စားပါ

ဆားများများစားတာက ခါးနဲ့ဗိုက်ကို ပူစေပြီး အစာစားချင်စိတ်ကို ပိုတိုးစေပါတယ်။ ဆားလျှော့စားတဲ့အကျင့်ကို လုပ်ပေးပါ။

(၅) အချိန်ဇယားအတိုင်း လုပ်ဆောင်ပါ

အစာစားချိန်၊ အစာမစားဘဲ ဖြတ်ထားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန် စသဖြင့် အချိန်ဇယားအတိုင်း နေထိုင်လုပ်ဆောင် သွားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top