Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် ဆားဘယ်လောက်ပမာဏ စားသင့်ပါသလဲ . .

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်ဆောင်ချိန်မှာ ဆားပမာဏများများစားရင် သွေးတိုးပြီး ကိုယ်ဝန်ဆိပ်တက်တဲ့ဝေဒနာ ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ ဆားကို တစ်နေ့ဘယ်လောက် စားသင့်ပါသလဲရှင်။
TTP (FB)

A. ကိုယ်ဝန်စဆောင်တာနဲ့ Healthy Eating ဖြစ်ရပါမယ်။ အသီးအနှံများများ စားပါ။ ဆားလျှော့စားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆား(ဆိုဒီယမ်ဓာတ်)ကို ၂၃၀ဝ မီလီဂရမ်ထက် ပိုမစားရပါဘူး။ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ၆ ဂရမ်ရှိပြီး ဆိုဒီယမ်က ၂၄၀ဝ မီလီဂရမ် ပါပါတယ်။ ဒါဟာ တစ်နေ့လုံးအတွက် လုံလောက်တဲ့ ဆားပမာဏ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေသာမက သာမန်လူတွေ အတွက်လည်း ဒီပမာဏက အသင့်တော်ဆုံးဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာဖြစ်ပြီးဆိုရင် ဆားစားတဲ့ပမာဏကို လျှော့ချခိုင်းပါတယ်။ လက်ဖက်ရည်ဇွန်းရဲ ့သုံးပုံတစ်ပုံထိလျှော့ပြီး စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးပိရည်၊ ငါးပိထောင်း လုံးဝမစားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top