Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ချိန် စားသင့်တဲ့အာဟာရ

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကိုယ်ဝန်ဆောင်ချိန်မှာ အဓိကအနေနဲ့ ဘယ်လိုအစားအသောက်တွေကို စားသောက်ပေးသင့်ပါသလဲရှင့်။ ကိုယ်ဝန်သုံးလရှိနေပါပြီ။

A. ကိုယ်ဝန်စဆောင်တဲ့အချိန် သုံးလအတွင်းမှာတော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာတွေ လုပ်ရပါမယ်။ ရှောင်သင့်တာတွေရှောင်ပြီး၊ စားသင့်တာတွေလည်း အာဟာရပြည့်ဝအောင် စားရပါမယ်။

(၁) နို့

နို့ကို မနက်တစ်ခွက်၊ ညတစ်ခွက်သောက်ရပါမယ်။ နို့မှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတာကြောင့် ကလေးရဲ့အရိုးအဆစ်တွေ ဖွံ့ဖြိုးဖို့အတွက် အရေးကြီးသလို မိခင်အတွက်လည်း ကောင်းပါတယ်။ ကယ်လ်ဆီယမ်ဓာတ် သောက်တဲ့အခါ တစ်ခုရှိတာက ကယ်လ်စီယမ်ဓာတ်က ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်ဒီရှိမှ အရိုးအတွက် အကျိုးပြုတာဖြစ်ပါတယ်။ ဒီတော့ ကယ်လ်ဆီယမ်ဓာတ်ပြည့်ဝအောင် လုပ်ဖို့လိုသလို ဗီတာမင်ဒီကိုလည်း ဖြည့်ထားဖို့လိုပါတယ်။

(၂) နေရောင်ခြည်

ဗီတာမင်ဒီ အများဆုံးရနိုင်တဲ့ အရာကတော့ နေရောင်ခြည်ပါပဲ။ ဒီတော့ မနက်နေရောင်ခြည်နုနု ရှိတဲ့အချိန် ကိုယ်ဝန်ဆောင်သည်တွေကို လမ်းထွက်လျှောက်ဖို့ အကောင်းဆုံးပါပဲ။

(၃) ငါး

မနက်ဆိုဈေးသွားတာ၊ ဗီတာမင်ဒီပြည့်ဝတဲ့ ငါးသေးသေးလေးတွေ ကြော်စားတာ/ပေါင်းစားတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ငါးဆိုရင်လည်း တစ်ပတ်ကို အနည်းဆုံး သုံးခါလောက် စားရပါမယ်။ တူနာငါး၊ ဆယ်လ်မွန်ငါးတွေ စားနိုင်ရင်တော့ ပိုကောင်းပါတယ်။ တခြားအစားအစာတွေ အနေနဲ့ ပဲနို့၊ ထောပတ်သီး၊ တိုဟူးစတာတွေကိုလည်း တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်စားပေးရပါမယ်။

Most Popular

Healthy Life Ad
To Top