Healthy Life Ad
Life Style

အသားအရေတောက်ပမှုကို အဆင့်မြှင့်ပေးမည့် အရာများ

———၊ လရိပ်မေ ၊———

လက်ဖက်စိမ်းလက်ဖက်ရည်၊ ဗီတာမင်အီးနဲ့ တခြားအာဟာရဓာတ်တွေက သင့်အရေပြားကို ကာကွယ်ပေးပြီး သဘာဝကျကျ ကြည်လင်တောက်ပစေပါတယ်။ အရေပြားက ချောမွတ်နေပြီးသားဆိုရင် သဘာဝကျကျ တောက်ပမှုကို မြှင့်တင်ပေးနိုင်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်းလက်ဖက်ရည်မှာ ပိုလီဖီနောဆိုတဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ဆိုးကျိုးမကျရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) လတ်ဆတ်သော သစ်သီးဝလံ

သရက်သီး၊ မုန်လာဥနီ စတဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေမှာ ကာရိုတီးနွိုက်ဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်ပြီး အရေပြားကို ရွှေအဆင်းလို ဝင်းပစေပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ဗီတာမင်အီး

ဗီတာမင်အီးကို အရေပြားပေါ်မှာ လိမ်းတာပဲဖြစ်ဖြစ်၊ ပါးစပ်ကနေ သောက်တာပဲဖြစ်ဖြစ် လုပ်ဆောင်ပေးတာက နေရောင်ခြည်ဒဏ်မခံရအောင် ကာကွယ်ပေးနိုင်တဲ့အပြင် နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှုမရှိအောင် ပြုပြင်ပေးပါတယ်။

(၄) ငါး

ငါးအဆီထဲမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(မှတ်ချက်။ ။ သဘာဝအဆီ၊ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေက အရေပြားကို သဘာဝကျကျ တောက်ပစေတယ်ဆိုပေမယ့် ပုံမှန်နေရောင်ကာခရင်မ်ကိုတော့ အစားမထိုးနိုင်ပါဘူး။ ဒါကြောင့် အပြင်ထွက်တိုင်း နေရောင်ကာခရင်မ်လိမ်းဖို့ မမေ့သင့်ပါ။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top