Healthy Life Ad
Q & A

ဂေါက်ရောဂါနဲ့ လေးဖက်နာရောဂါ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဂေါက်ရောဂါနဲ့ လေးဖက်နာရောဂါ ဘယ်လိုကွဲပြားခြားနားပါသလဲ၊ သွေးစစ်တဲ့အခါ Uric Acid နဲ့ ASO ဆိုပြီး စစ်ရတယ်။ ဘယ်ဟာက ဘာအတွက် ဖြစ်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. ဂေါက်ရောဂါဆိုတာ သွေးတွင်းယူရစ်အက်စစ်တွေများပြီး များလာတဲ့ ယူရစ်အက်စစ်က အဆစ်နေရာတွေမှာ သွားစုပုံတဲ့အခါ အဆစ်တွေက ရောင်ရမ်းနာကျင်လာတာကို ခေါ်ပါတယ်။လေးဖက်နာရောဂါကြောင့်ဖြစ်တဲ့ အဆစ်ရောင်တာတွေကတော့ အာခေါင်ထဲမှာနေတဲ့ လေးဖက်နာပိုး ASO တက်တယ်။ လေးဖက်နာဆိုတဲ့အတိုင်း ခြေထောက်နှစ်ဖက်၊ လက်နှစ်ဖက်မှာရှိတဲ့ အဆစ်တွေ ရောင်ရမ်းနာကျင်တာကို ပြောပါတယ်။ အဲဒီလို လူတွေမှာ ASO စစ်ကြည့်လိုက်ရင် များနေတတ်ပါတယ်။ လေးဖက်နာရောဂါက များသောအားဖြင့် အသက် ၂၅ နှစ်အောက် လူငယ်နဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပြီး ဂေါက်ရောဂါက အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top