Healthy Life Ad
Health Tips

စိတ်ပင်ပန်းဖိစီးနေပါက လုပ်ကိုလုပ်သင့်သည့် နှိပ်နယ်နည်း ၅ ရပ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

နှိပ်နယ်တဲ့ကုထုံးက စိတ်ဖိစီးမှုကို တကယ်လျော့ကျစေတယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒါပေမဲ့ တစ်နေ့လုံး ပင်ပန်းဖိစီးနေချိန်မှာ ကျွမ်းကျင်တဲ့ နှိပ်နယ်ပေးသူ မရှိတဲ့အခါ ဘယ်လိုများ လုပ်ရပါ့မလဲလို့ တွေးနေမိပါသလား။ အိမ်မှာရှိတုန်း၊ အလုပ်ကနေ ခဏအနားရတုန်း လုပ်လို့ရမယ့် ရိုးစင်းတဲ့ နှိပ်နယ်နည်းတွေကိုသာ သိထားရင် ခေါင်းကနေ ခြေဖျားအထိ ကြွက်သားတောင့်တင်းမှုကို ပြေလျော့သွားစေပြီး စိတ်ဖိစီးမှုကလည်း အဝေးကို ကင်းစင်သွားမှာပါ။

alignnone size-medium wp-image-58149
(၁) ခြေထောက်နှိပ်နယ်ခြင်း

တစ်နေ့လုံး အချိန်ကြာကြာ အလုပ်လုပ်ပြီးတဲ့အခါ ခြေထောက်တွေ ညောင်းညာကိုက်ခဲနေတာကို ခံစားဖူးကြမှာပါ။ ခြေထောက်နှိပ်နယ်ပေးတာက တကယ်ကို သိသာအကျိုးရှိတဲ့ နည်းပါပဲ။ ခြေထောက်နှိပ်ပေးတာက အညောင်းပြေရုံသာမက စိတ်ကျန်းမာရေးနဲ့ သွေးဖိအားကိုပါ ကောင်းမွန်စေပါတယ်။

ဘယ်လိုနှိပ်ပေးသင့်သလဲ

ခြေဖနောင့်ကို လက်တစ်ဖက်နဲ့ ကိုင်ပါ။ တခြားလက်ကိုသုံးပြီး ခြေချောင်းတွေအားလုံးကို နောက်ဘက်ချိုးလိုက်၊ ရှေ့ဘက်ပြန်လှည့်လိုက် လုပ်ပေးပါ။ ခြေချောင်းတွေကို သူတို့လှုပ်ရှားနိုင်တဲ့အတိုင်း ပြည့်ပြည့်ဝ၀ ကွေးလိုက်ပါ။ ဖိအားကို နည်းနည်းချင်းတိုးပြီး ဒီလှုပ်ရှားမှုကို ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

alignnone size-medium wp-image-58150
(၂) ကျောရိုးနှိပ်နယ်ခြင်း

တစ်နေ့မှာ နာရီအတော်များများ ထိုင်ပြီး အလုပ်လုပ်ရတဲ့အတွက် ကျောရိုးတွေနာတာ၊ တောင့်တင်းတာနဲ့ ကိုက်ခဲတာတို့ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဒီနှိပ်နယ်နည်းကို မိတ်ဆွေတစ်ဦးရဲ့ လက်တစ်စုံ၊ အနှိပ်ဆီသုံးတဲ့နည်းနဲ့ အထိုင်များလို့ဖြစ်တဲ့ တောင့်တင်းမှုကို သက်သာစေပါတယ်။

ဘယ်လိုနှိပ်ပေးသင့်သလဲ

ထိုင်ခုံတစ်လုံးပေါ်မှာ သက်သောင့်သက်သာ ထိုင်ပါ။ လက်မောင်းတွေကို စားပွဲပေါ်တင်ပြီး ခေါင်းကို မှီချလိုက်ပါ။ ကျောပြင်ကို ဆီနည်းနည်းလိမ်းပေးဖို့ မိတ်ဆွေကို ပြောပါ။ ကျောပြင်ကို လက်သီးဆုပ်နှစ်ဖက်နဲ့ ဖိအားနည်းနည်းပေးပြီး ပွတ်ပေးပါ။ ဒီနည်းက သွေးလှည့်ပတ်မှု ကောင်းစေပြီး တောင့်တင်းနေတဲ့ ကြွက်သားတွေဆီ လတ်ဆတ်တဲ့သွေးနဲ့ စွမ်းအင်တွေ ဝင်ရောက်သွားစေပါတယ်။ ဒီနှိပ်နယ်နည်းကို မိနစ် ၂၀ ကြာတဲ့အထိ ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။

alignnone size-medium wp-image-58151
(၃) ဦးရေပြားနှိပ်နယ်ခြင်း

ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးတာက စိတ်အပန်းပြေတယ်လို့ သင်ခံစားမိတယ် မဟုတ်လား။ ဦးရေပြား နှိပ်နယ်ခြင်းက စိတ်ဖိစီးမှု လျော့ကျပြီး သက်သောင့်သက်သာ ရှိစေလို့ပါပဲ။ မိတ်ဆွေတစ်ဦး အကူအညီနဲ့ ဒီနှိပ်နယ်နည်းကို သုံးပေးပါ။

ဘယ်လိုနှိပ်ပေးသင့်သလဲ

ဦးခေါင်းထိပ်မှာ လက်ချောင်းထိပ်လေးနဲ့ စတင်နှိပ်ပေးပါ။ လည်ပင်းနဲ့ ပခုံးအထိ နှိပ်သွားပါ။ ဆံပင်တွေကြားထဲ လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေး ထိနှိပ်သွားပါ။ ဆံပင်လိုင်းကနေ စပြီး လည်ပင်းနောက်ဘက်အထိ ဆက်တိုက်နှိပ်သွားရပါမယ်။ ဦးခေါင်းတစ်ဖက်တစ်ချက်ဆီမှာ ဆံပင်တွေကို နှစ်ပိုင်းခွဲပြီး ဦးရေပြားကနေ အဆုံးအထိ ဆံပင်တွေကို ဆွဲလိမ်သွားပါ။ တစ်ချက်တစ်ချက် အားစိုက်ပြီး ဆွဲပေးရပါမယ်။ ခေါင်းထိပ်ကို လက်တစ်ဖက်နဲ့ကိုင်ပြီး တခြားလက်နဲ့ ဆံပင်တွေကို ဖိအားနည်းနည်းနဲ့ နှိပ်ပေးပါ။ ဦးခေါင်းဘယ်ညာမှာ လက်ချောင်းထိပ်လေးနဲ့ ဖြည်းဖြည်းချင်း ဖိနှိပ်ကာ ဦးခေါင်းနဲ့ ဆံပင်တွေကို နည်းနည်းလေး မြှင့်ပေးသွားပါ။

alignnone size-medium wp-image-58153
(၄) နားရွက်နှိပ်နယ်ခြင်း

နားရွက်တွေကို နှိပ်ပေးတာက စိတ်ဖိစီးမှု ပြေလျော့စေတယ်ဆိုတာ သင်သိပါသလား။ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေတဲ့ တချို့ဖိအားအမှတ်တွေကို နှိပ်ပေးတာက စိတ်တည်ငြိမ်ပြီး စိတ်အပန်းပြေစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ဘယ်လိုနှိပ်ပေးသင့်သလဲ

လက်ညှိုးနဲ့ လက်မသုံးပြီး နားရွက်ကို ညင်ညင်သာသာ ထိတွေ့ပါ။ နားရွက်အခြေကနေ ထိပ်အထိ ဖြည်းဖြည်းချင်း နှိပ်သွားပါ။ ခံစားမှုပိုကောင်းတဲ့ နေရာတွေကို သတိထားပြီး အဲဒီအစိတ်အပိုင်းတွေမှာ ပိုအလေးထား ဖိနှိပ်ပေးပါ။ နားသန်သီးကို ရွေ့ပြီး စတင်နှိပ်ပေးပါ။ နားသန်သီးက ဦးနှောက်၊ မျက်နှာ၊ မေးရိုးတွေသာမက စိတ်ခံစားမှုနဲ့ပါ ဆက်စပ်မှုရှိနေပါတယ်။ လူအများစုက နားရွက်နှိပ်ပြီးချိန်မှာ ပိုနိုးကြား ပိုလန်းဆန်းလာတာကို တွေ့ရှိရပါတယ်။

alignnone size-medium wp-image-58154
(၅) မျက်လုံးနှိပ်နယ်ခြင်း

တစ်နေ့လုံး ကွန်ပျူတာ၊ ဖုန်းစကရင်တွေကို အချိန်ကြာကြာ ကြည့်တာကြောင့် မျက်စိဒဏ်ဖြစ်တတ်ပါတယ်။ ညောင်းညာနေတဲ့ မျက်စိမှာ ဒဏ်ဖြစ်တာ သက်သာစေဖို့ မျက်ဝန်းတဝိုက်ကို ဖိနှိပ်တဲ့နည်းနဲ့ နှိပ်ပေးပါ။ ဒီနှိပ်နယ်နည်းက စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

ဘယ်လိုနှိပ်ပေးသင့်သလဲ

မျက်လုံးနှစ်လုံးကြား အမှတ်ကို မှတ်ထားပြီး စက်ဝိုင်းပုံစံ လှည့်လည်နှိပ်ပေးပါ။ ဒါက မျက်စိညောင်းတာကို သက်သာစေပါတယ်။ လက်ချောင်းထိပ်လေးနဲ့ ညင်ညင်သာသာ နှိပ်ပေးရုံပါပဲ။ ပြီးရင် မျက်ဝန်းနှစ်ဖက်အောက်မှာ စိတ်ထဲကနေ အမှတ်အသားတစ်ခုမှန်းပြီး စက်ဝိုင်းပုံနှိပ်ပါ။ မျက်ဝန်းထောင့်တွေကိုလည်း စက်ဝိုင်းပုံစံ နှိပ်ပေးပါ။ မျက်ခုံးနှစ်ခုရဲ့ အလယ်မှာ စက်ဝိုင်းပုံစံ လှည့်လည်နှိပ်ပေးပါ။ တစ်နေရာစီမှာ အချိန် ၁၀ စက္ကန့်လောက် နှိပ်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top