Healthy Life Ad
Health Tips

ကလေးနဲ့အတူ ခရီးသွားတဲ့အခါ ဝမ်းလျှောဝမ်းပျက်မဖြစ်အောင် . .

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

မိဘတွေက ကလေးတွေနဲ့အတူ ခရီးသွားကြပါတယ်။ တချို့မိဘတွေဆိုရင် ကလေးခြောက်လအရွယ်လေးနဲ့ ခရီးသွားတာရှိတယ်၊ တစ်နှစ်အရွယ်ကို ခရီးခေါ်သွားတာရှိတယ်၊ အသက်တစ်နှစ်ကျော်၊ နှစ်နှစ်ကျော်ကလေးတွေကို ခရီးခေါ်သွားတာကတော့ သိပ်ပြဿနာ မရှိပေမယ့် ငယ်တဲ့ကလေးတွေကျတော့ ခရီးပမ်းတာ၊ နေမကောင်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ခရီးခေါ်သွားတဲ့အခါ ကလေးတွေ မဖျားအောင်ဆိုပြီး အကိုက်အခဲပျောက်ဆေးတွေ ကြိုမပေးရပါဘူး။

ကလေးငယ်လေးတွေကို များသောအားဖြင့် ချောင်းသာ၊ ငွေဆောင် စသဖြင့် ပင်လယ်ကမ်းခြေတွေကို မိဘတွေက ခေါ်သွားလေ့ရှိပါတယ်။ အဲဒီလိုခေါ်သွားပြီး ပြန်လာတဲ့အခါ ကလေးတွေက အနည်းဆုံး ဘာဖြစ်လေ့ရှိသလဲဆိုတော့ ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်ပါတယ်။

“ဘုံပိုင်ကလာတဲ့ ရေဆိုတာ အများအားဖြင့် မသန့်ရှင်းပါဘူး။ အီးကိုလိုင်ပိုးတွေ အများဆုံးပါတဲ့ ရေဖြစ်ပါတယ်။ ကိုယ်က ကလေးကို ရေသန့်ပဲတိုက်တယ်၊ ကလေးအစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ ရေသန့်နဲ့ပဲ ချက်တယ်လို့ပြောပေမယ့် ကလေးတွေအတွက် သုံးတဲ့ အသုံးအဆောင်တွေမှာပဲဖြစ်ဖြစ်၊ ရေချိုးတဲ့အခါမှာပဲဖြစ်ဖြစ်” . . .

အဲဒီလို ဝမ်းလျှောဝမ်းပျက်ဖြစ်ရတာက သုံးတဲ့ရေပေါ်မှာ မူတည်ပါတယ်။ ရေကတော့ သောက်တဲ့အခါ ရေသန့်ဘူးနဲ့ သောက်တယ်ဆိုပေမယ့် ပန်းကန်တွေဆေးတဲ့အခါ၊ ချိုင့်တွေဆေးကြောတဲ့အခါ၊ ကလေးရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဆေးကြောတဲ့အခါ ဆေးတဲ့ရေကလည်း သန့်ရှင်းဖို့ အရေးကြီးပါတယ်။ အဲဒီလိုဆေးကြောရာမှာ များသောအားဖြင့် ဘုံပိုင်ကလာတဲ့ ရေနဲ့ပဲ ဆေးကြောလေ့ရှိပါတယ်။ ဘုံပိုင်ကလာတဲ့ ရေဆိုတာ အများအားဖြင့် မသန့်ရှင်းပါဘူး။ အီးကိုလိုင်ပိုးတွေ အများဆုံးပါတဲ့ ရေဖြစ်ပါတယ်။ ကိုယ်က ကလေးကို ရေသန့်ပဲတိုက်တယ်၊ ကလေးအစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါ ရေသန့်နဲ့ပဲ ချက်တယ်လို့ ပြောပေမယ့် ကလေးတွေအတွက် သုံးတဲ့ အသုံးအဆောင်တွေမှာပဲဖြစ်ဖြစ်၊ ရေချိုးတဲ့အခါမှာပဲဖြစ်ဖြစ် ဒီလိုမသန့်တဲ့ရေကြောင့် ကလေးတွေ ခရီးကပြန်လာတဲ့အခါ များသောအားဖြင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတာပါ။

ဒီလိုကလေးတွေ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကြိုပြီးပေးလို့ရတဲ့ အရာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဒိန်ချဉ်ပါ။ သဘာဝအစားအစာဖြစ်တဲ့ ဒိန်ချဉ်၊ ငှက်ပျောသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို သေချာစားသောက်ထားရင် ကလေးတွေရဲ့ အစာအိမ်အူလမ်းကြောင်းက ကောင်းနေမှာ ဖြစ်ပါတယ်။ ဒီလိုကောင်းနေတယ်ဆိုရင် ကလေးက ခရီးသွားတဲ့အခါ ကလေးက ခံနိုင်ရည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးသွားတဲ့နေရာက ဒိန်ချဉ်မရှိဘူး၊ ဒိန်ချဉ်ဝယ်ဖို့ မလွယ်ဘူးဆိုရင်တော့ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ၅ ရက် ဒါမှမဟုတ် ၁၀ ရက် ကြိုတင်ပေးထားမယ်ဆိုရင် ကလေးတွေက ခရီးသွားတဲ့အခါ ဝမ်းလျှောဝမ်းပျက်မဖြစ်အောင် ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

Most Popular

Healthy Life Ad
To Top