Healthy Life Ad
Q & A

သတ်မှတ်ရက်ကျော်တဲ့ အစာစားမိတဲ့အခါ . . .

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. သတ်မှတ်ထားတဲ့ ရက်ထက် နှစ်လကျော် ရက်လွန်အစားအစာတွေ (ဥပမာ-ဘီစကွတ်၊ ကော်ဖီမစ်၊ အသင့်စားသုံးဖို့ ပြုထားတဲ့ ခေါက်ဆွဲ) အစရှိတာတွေကို စားသုံးမိရင် ဘာရောဂါဝေဒနာ ရရှိနိုင်ပါသလဲ။ ကင်ဆာရောဂါ ရရှိမှာလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. အစားအသောက်ကနေ ဝင်နိုင်တဲ့ အဆိပ်အတောက်ကို သွားကြည့်ရင် နှစ်မျိုးတွေ့နိုင်ပါတယ်။ တစ်မျိုးကတော့ ဓာတုပစ္စည်းဒြပ်ပေါင်းနဲ့ နောက်တစ်ခုက ဘက်တီးရီးယားပိုးတွေပါ။ ရက်လွန်အဖြစ် သတ်မှတ်တာက လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေ ဖြစ်လာနိုင်လို့ မစားသုံးသင့်ဘူးလို့ ပြောတာပါ။ အဲဒီလို ရက်လွန်အစားအသောက်တွေကို စားမိရင် အစာအိမ်ထိခိုက်ရာက ဝမ်းလျှောဝမ်းပျက်တာ၊ အန်တာ၊ ဗိုက်နာတာ၊ ဗိုက်ထိုးအောင့်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒါက ဓာတုပစ္စည်းဒြပ်ပေါင်းတွေကြောင့် ဖြစ်ရတာပါ။ ဘက်တီးရီးယားတွေကြောင့်ဆိုရင် အထက်လှန်အောက်လျှောတာ၊ အစာအိမ်ရောင်၊ အူရောင်တာ၊ သွေးထဲရောက်ရင် သွေးဆိပ်တက်တာတွေ ဖြစ်နိုင်ပါတယ်။ ရက်လွန်ပြီး ဓာတုပစ္စည်း ဒြပ်ပေါင်းတွေက ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေအဖြစ် ပြောင်းလဲသွားရင် အစာအိမ်နဲ့ အူမကြီးတို့မှာ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ရက်လွန်နေတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top