Healthy Life Ad
Life Style

အာလူးရှိရုံနဲ့ အလှအပပြဿနာတွေ ဖြေရှင်းကြမယ် . ..

———၊ ငွေကြယ်စင်ယံ ၊———

အသားအရေနဲ့ ဆံပင်သားလှပဖို့ ငွေကုန်ကြေးကျ မခံနိုင်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အာလူးရှိရုံနဲ့ အလှအပပြဿနာတွေ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) မျက်ကွင်းညိုခြင်းနဲ့ မျက်အိတ်ဖောင်းခြင်းအတွက်

အာလူးက မျက်ကွင်းညိုတာကို လင်းလက်တောက်ပစေတဲ့ သဘာဝနည်းလမ်း တစ်ခုပါ။ ပါးပါးလှီးထားတဲ့ အာလူးကို ရေခဲသေတ္တာထဲထည့်ပြီး မျက်ဝန်းပေါ် ကပ်ပေးပါ။ မျက်စိကို ချက်ချင်းအေးမြစေပြီး မျက်ကွင်းညိုတာအပြင် မျက်အိတ်ဖောင်းတာကိုပါ သက်သာစေပါတယ်။

(၂) ဆံပင်ကျွတ်ခြင်းအတွက်

အာလူးကြိတ်ရည်နဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ရောမွှေပါ။ ပြီးရင် ဦးရေပြားအနှံ့လိမ်းပြီး ဘီးနဲ့ ညင်ညင်သာသာ ဖြီးပေးပါ။ နာရီဝက်လောက်ကြာမှ ခေါင်းလျှော်ပေးသင့်ပါတယ်။

(၃) အမည်းစက်ထင်ခြင်းနဲ့ အရေပြားအမာရွတ် ထင်ခြင်းအတွက်

ပျားရည်နဲ့ အာလူးကြိတ်ရည်တို့ ရောပြီး မျက်နှာကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ အချိန် မိနစ် ၂၀ လောက်ထားပြီးမှ ရေနဲ့ ဆေးကြောသန့်စင်ပေးသင့်ပါတယ်။

(၄) ဆံပင်သား တောက်ပြောင်စေရန်အတွက်

အာလူးကိုပြုတ်ပြီး အခွံခွာပါ။ ပြီးရင် အချိန်တစ်နာရီလောက် ထပ်ပြုတ်ပါ။ အာလူးဖယ်ပြီး ရလာတဲ့ အရည်ကိုစစ်ကာ အဲဒီအရည်ကို အအေးခံပါ။ အအေးခံပြီး ရလာတဲ့ အရည်ကို ဆံပင်သားအနှံ့လိမ်းပေးရင် ဆံပင်သား တောက်ပြောင်စေပါတယ်။

(၅) ဝက်ခြံသက်သာစေရန်အတွက်

အာလူးကြိတ်ရည်ကို ဂွမ်းစလေးနှစ်ပြီး ဝက်ခြံအဖုအပိမ့်ပေါ် သုတ်လိမ်းပေးပါ။ ဝက်ခြံအဖုအပိမ့်ကင်းပြီး အသားအရေ ကြည်လင်စေပါတယ်။

(၆) အသားအရေ တောက်ပလင်းလက်စေရန်အတွက်

အာလူးကြိတ်ရည်ထဲမှာ ဂွမ်းစလေးနှစ်ပြီး မျက်နှာတပြင်လုံး သုတ်လိမ်းပေးရင် အသားအရေ အပြစ်အနာအဆာ ကင်းစင်ကာ တောက်ပလင်းလက်စေပါတယ်။

Most Popular

Healthy Life Ad
To Top