Healthy Life Ad
Q & A

ပဲပါတဲ့ ဟင်းတွေစားတာများရင် ဂရင်ဂျီနာနဲ့ လိပ်ခေါင်းဖြစ်တတ်ပါသလား

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ပဲပါတဲ့ ဟင်းတွေစားတာများရင် ဘာရောဂါ ဖြစ်တတ်ပါသလဲ။ ပဲဟင်းတွေ စားဖန်များရင် ဂရင်ဂျီနာနဲ့ လိပ်ခေါင်းဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ မှန်ပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတား။

A. ပဲဟင်းတွေစားဖန်များရင် ဂရင်ဂျီနာနဲ့ လိပ်ခေါင်းဖြစ်တယ်ဆိုတာ မှားပါတယ်။ ပဲဟင်းက သန့်ရှင်းအောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် ပရိုတင်းဓာတ်ပါဝင်ပြီး ကျန်းမာရေးကောင်းကျိုးရှိတဲ့အတွက် လူတိုင်းစားသင့်ပါတယ်။ လိပ်ခေါင်းက အထိုင်များပြီး ဝမ်းညှစ်အားများတဲ့သူတွေမှာ စအိုဝတွင်း သွေးပြန်ကြောဖောင်းပြီး ဖြစ်လာတာပါ။ ပဲနဲ့ ဆက်စပ်မှုမရှိပါဘူး။ အထိုင်နည်းတာ၊ ကိုယ်လက်လှုပ်ရှားမှု များများလုပ်တာ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ များများစားတာတို့လုပ်ရင် လိပ်ခေါင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဂရင်ဂျီနာဆိုတာ ပိုးကြောင့်ဖြစ်တာများပြီး စအိုနံရံပတ်ပတ်လည်နဲ့ စအိုတွင်းမှာ လှိုဏ်ခေါင်းသဖွယ်ဖြစ်တာပါ။ ပဲနဲ့မဆိုင်ပါဘူး။

Most Popular

Healthy Life Ad
To Top