Healthy Life Ad
Health Tips

သင့်မှာ အာဟာရချို့တဲ့မှု ရှိ၊ မရှိ စစ်ဆေးကြည့်ရအောင်

———၊ လရိပ်မေ ၊———

သင့်မှာ အာဟာရချို့တဲ့မှုရှိ၊ မရှိ အောက်ပါတို့ကိုကြည့်ပြီး ဆန်းစစ်နိုင်ပါတယ်။

လျှာက ပြောင်းလဲနေပါသလား

လျှာဖြူနေပြီး ကွဲနေတာက သံဓာတ်ချို့တဲ့တာကြောင့်ပါ။ လျှာကွဲပြီး နာကျင်တာက ဗီတာမင် B3 ချို့တဲ့တာကြောင့် ဖြစ်ပြီး နှုတ်ခမ်းကွဲနေတာက B12 ချို့တဲ့တာကြောင့်ပါ။ လျှာက ချောမွတ်ပြီး နာကျင်နေရင် ဖောလစ်အက်စစ် ချို့တဲ့နေတာကြောင့်ပါ။

လက်ဖျားအေးနေသလား

လက်ဖျားအေးနေရင် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တာ၊ သိုင်းရွိုက်ဂလင်း အလုပ်လုပ်ဆောင်မှုနည်းတာ၊ နှလုံးသွေးလှည့်ပတ်စီးဆင်းမှု လျော့နည်းတာတွေကြောင့် ဖြစ်နေတတ်ပါတယ်။

အရေပြား အပြစ်အနာအဆာ ရှိနေသလား

ဗိုက်ကြောပြတ်ရာ ရှိနေရင် သွပ်ဓာတ်ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ မွေးညှင်းပေါက်လေးတွေမှာ အဖုထနေတာဟာ ဗီတာမင်အေချို့တဲ့တာကြောင့် ဖြစ်နိုင်သလို နှာခေါင်းသွေးယိုတာက ဗီတာမင်စီ၊ ဗီတာမင်ကေတွေ လျော့နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အသားအရေ ကြမ်းတမ်းနေတာက ဖက်တီးအက်ဆစ် ချို့တဲ့နေတာကြောင့် ဖြစ်နိုင်သလို ဦးရေပြားခြောက်သွေ့နေတာက ဗီတာမင်စီ ချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ လက်ဖဝါးဝါနေတာက ဘီတာကယ်ရိုတင်းများစွာ ပါဝင်တဲ့ အဝါရောင်ဟင်းသီးဟင်းရွက်တွေ အစားများတာကြောင့် ဖြစ်နိုင်ပါတယ်။

မျက်နှာအသားအရေ ထိခိုက်နေသလား

အဆီပြန်နေတာက ဗီတာမင် B6 ချို့တဲ့တာကြောင့်ဖြစ်ပြီး နှာခေါင်းနဲ့ နဖူးမှာ ဝက်ခြံပေါက်နေတာက ဗီတာမင် B6 ချို့တဲ့တာကြောင့်ပါ။

ဆံပင်ဖြူနေသလား

အရွယ်မတိုင်ခင် ဆံပင်ဖြူတာက ဗီတာမင် B12 ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

ခြေသလုံးကြွက်သား နာနေသလား

ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲနေတာက မဂ္ဂဆီယမ် ချို့တဲ့တာကြောင့်ပါ။

Most Popular

Healthy Life Ad
To Top