Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူ သစ်သီးစားခြင်း

—၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ဆီးချိုရောဂါရှိသူတွေက ဘယ်လိုအသီးတွေကို စားလို့ရပါသလဲ၊ ဘယ်လိုအသီးတွေကို ရှောင်သင့်ပါသလဲ။

A. ဆီးချိုရောဂါရှိသူတွေမှာ အသီးတွေက တော်တော်များများ စားလို့ရပါတယ်။ ဘာနဲ့ကြည့်သလဲဆိုရင် GI (Glycemic Index)နဲ့GL(Glycemic Load)ဆိုပြီး ကြည့်ရပါတယ်။ အသီးတစ်ခုစားလိုက်လို့ရှိရင် သွေးထဲမှာ ဂလူးကို့စ်ပမာဏ ဘယ်လောက်တက်သွားသလဲဆိုတာ ကြည့်ရတာဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောသီးဆိုရင် ချိုပေမယ့် စားလို့ရပါတယ်။ ပန်းသီးစားလို့ရပါတယ်။ ပန်းသစ်တော်၊ နဂါးမောက်သီး စားလို့ရပါတယ်။ ဒါတွေအားလုံးက GI နည်းတယ်လို့ ပြောချင်တာပါ။

“ဒီအသီးကို စားလိုက်လို့ သွေးထဲမှာ ဂလူးကို့စ်ပမာဏ မြန်မြန်ရောက်သွားတဲ့ အသီးတွေရှိတယ်။ GI များတဲ့ အသီးတွေပေါ့။ အဲဒီမှာ အဓိက လေးမျိုးရှိပါတယ်။ (၁) သရက်သီး-အထူးသဖြင့် သရက်သီးအမှည့်ပါ။ (၂) ဒူးရင်းသီး၊ (၃) ဖရဲသီး၊ (၄) နာနတ်သီးတွေပါ။ ဆီးချိုရောဂါရှိတယ်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားနိုင်ဘူးဆိုရင် ဒီအသီးလေးမျိုးကို မစားနဲ့လို့ ပြောချင်ပါတယ်။”

ဒီအသီးကို စားလိုက်လို့ သွေးထဲမှာ ဂလူးကို့စ်ပမာဏ မြန်မြန်ရောက်သွားတဲ့ အသီးတွေရှိတယ်။ GI များတဲ့ အသီးတွေပေါ့။ အဲဒီမှာ အဓိက လေးမျိုးရှိပါတယ်။ (၁) သရက်သီး-အထူးသဖြင့် သရက်သီးအမှည့်ပါ။ (၂) ဒူးရင်းသီး၊ (၃) ဖရဲသီး၊ (၄) နာနတ်သီးတွေပါ။ ဆီးချိုရောဂါရှိတယ်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းမထားနိုင်ဘူးဆိုရင် ဒီအသီးလေးမျိုးကို မစားနဲ့လို့ ပြောချင်ပါတယ်။ ဒီအသီးတွေက GI များတဲ့အတွက် မကျွေးတာပါ။ ဒါပေမဲ့လည်း လူနာတစ်ယောက်က ဆီးချိုရောဂါရှိနေတယ်၊ ဒီအသီးလေးမျိုးကလည်း စားချင်နေတယ်ဆိုရင် စားနိုင်တဲ့ပမာဏ(Portion Size) သတ်မှတ်လိုက်ပါတယ်။ ဘယ်လောက်ပမာဏ စားရမလဲဆိုရင် သရက်သီးအမှည့်ဆို နှစ်စိတ်(တစ်လုံးရဲ့တစ်ခြမ်း) စားလို့ရပါတယ်၊ ဒူးရင်းသီးဆိုရင် တစ်မြွှာစားလို့ ရပါတယ်၊ ဖရဲသီးတစ်စိတ် စားလို့ရပါတယ်၊ နာနတ်သီးဆိုရင် တစ်စိတ်စားလို့ရပါတယ်။ ဒါဆိုရင် GI များပေမယ့် GL လို့ခေါ်တဲ့ စားတဲ့ပမာဏက နည်းတဲ့အတွက် ဂလူးကို့စ်က အများကြီး မတက်ဘူးလို့ ပြောလို့ရပါတယ်။

တအားချိုတဲ့အသီးတွေ စားတဲ့အခါ ထမင်းလျှော့စားတာမျိုး လုပ်ရပါမယ်။ ဥပမာ-ဒီညနေမှာ ထမင်းတော့မစားတော့ဘူး၊ ဖရဲသီးတစ်စိတ်၊ ကြက်ဥပြုတ်တစ်လုံး၊ အသားတစ်တုံးစားပြီး ညစာပြီးသွားမယ်ဆိုရင် ဆီးချိုသမားတွေအတွက် ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်သွားတယ်၊ ဂလူးကို့စ်အဆင့်လည်း မတက်ဘူးလို့ ပြောချင်ပါတယ်။

ဒါကြောင့် ဆီးချိုရှိသူတွေမှာ အသီးစားတာကို လုံးဝရှောင်စရာ မလိုပါဘူး။ ချိုတဲ့အသီးတွေ စားတဲ့အခါ ထမင်းပမာဏ၊ ခေါက်ဆွဲပမာဏ၊ ချပါတီ၊ ပလာတာ စတဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကို လျှော့စားပေးပြီး အသီးကို အစားထိုးလိုက်ရင် ဂလူးကို့စ်က အများကြီး မတက်ပါဘူး။ ဒူးရင်းသီး တစ်လုံးလုံးစားတာ၊ ဖရဲသီးတစ်လုံးလုံး စားတာကတော့ မရပါဘူး။ သရက်သီးနှစ်လုံးလောက်စားတာ၊ နာနတ်သီးစိတ် အများကြီးစားတာကတော့ မရပါဘူး။ ဆီးချိုရှိတဲ့သူက ဘယ်အရာကိုပဲစားစား အသင့်အတင့်ပဲ စားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top