Healthy Life Ad
Life Style

မျက်နှာအဆီနှင့် အရေးကြောင်း ကင်းစင်စေမည့် မျက်နှာယောဂကျင့်စဉ်

———၊ လရိပ်မေ ၊———

မေးနှစ်ထပ်ဖြစ်နေရင်၊ ပါးဖောင်းလွန်းနေရင်၊ မျက်ဝန်းတစ်ဝိုက် အရေးကြောင်းဖြစ်နေရင် မျက်နှာယောဂကျင့်စဉ် ကျင့်ပေးတာကြောင့် နာကျင်မှုမရှိဘဲ သဘာဝကျကျ ငယ်ရွယ်နုပျို ကြည့်ကောင်းစေမှာပါ။ အောက်ပါ ယောဂကျင့်စဉ်အဆင့် ၉ ဆင့်က မျက်နှာသွယ်လျ ချောမွေ့ပြီး အရေးကြောင်းကင်းစင်စေမှာဖြစ်လို့ နေ့တိုင်းလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

alignnone size-medium wp-image-57652
(၁) မေးရိုးပုံသွင်းသည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

မေးရိုးတလျှောက်မှာ မေးစေ့နှစ်ဖက်ပေါ် လက်ဖဝါးနှစ်ဖက်တင်ထားပါ။ ဦးခေါင်းကို ဖြောင့်ဖြောင့်ထားပြီး မေးစေ့ကို အပေါ်သို့အနည်းငယ် တွန်းထုတ်ကာ လည်ပင်းကြွက်သားတွေပေါ် ခုခံအားရှိအောင် ဖန်တီးပေးပါ။ နှစ်စက္ကန့်လောက်ကြာမှ ပြန်ဖြေလျှော့လိုက်ပါ။ ၁၀-၁၅ ကြိမ် ပြန်လုပ်ပါ။

alignnone size-medium wp-image-57653
(၂) သွေးလှည့်ပတ်မှုကောင်းစေသည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

နဖူးပေါ်မှာ လက်ဖဝါးနှစ်ဖက်တင်ပြီး မျက်လုံးတွေကို မှိတ်ထားပါ။ နဖူးဘေးအရေပြားကို ဘေးဘက်ဆီသို့ အနည်းငယ် ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးပါ။ လျှာကို ထုတ်နိုင်သမျှ ထုတ်ပေးပါ။ဖြည်းဖြည်းချင်း အသက်ရှူပြီး နှာခေါင်းကနေ လေဝအောင် ရှူသွင်းကာ ပါးစပ်ကနေ လေပြန်ထုတ်ပေးပါ။ ၃၀ စက္ကန့်ကြာအောင် လုပ်ဆောင်ပါ။

alignnone size-medium wp-image-57654
(၃) ပါးပြင်သန်စွမ်းစေသည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

ပါးစပ်ပေါ်မှာ ညာဘက်လက်က လက်ချောင်းသုံးချောင်း တင်ပါ။ ဘယ်ဘက်ပါးပြင်ပေါ်မှာ ဘယ်ဘက်လက်ဖဝါး တင်ပါ။ နှာခေါင်းနဲ့ အသက်ပြင်းပြင်း ရှူသွင်းပြီး ပါးစပ်ပိတ်ထားတုန်းမှာ လေမှုတ်ထုတ်လိုက်ပါ။ ဘယ်ဘက်ပါးကို လက်နဲ့ ညင်ညင်သာသာ ဖိလိုက်ပါ။ နှစ်စက္ကန့်အကြာမှာ ဖြေလျှော့လိုက်ပါ။ ပါးပြင်တစ်ဖက်ကို ၁၀-၁၂ ကြိမ် လုပ်ပေးပါ။

alignnone size-medium wp-image-57655
(၄) မျက်ဝန်းကြွက်သား ပြေလျော့ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

မျက်လုံးအထက်နဲ့ အောက်မှာ လက်ချောင်းလေးတွေတင်ပြီး ပုံမှာပြထားတဲ့အတိုင်း ဗီပုံစံ လုပ်ပေးပါ။ မျက်ဝန်းတဝိုက် အရေပြားကို ညင်ညင်သာသာ ဆွဲဆန့်ပြီး မျက်ခုံးတွေကို ပင့်လိုက်၊ လက်ချောင်းအောက်က ပါးရိုးတွေကို လျှော့ချလိုက် လုပ်ပေးပါ။ စက္ကန့် ၃၀ ကြာ လုပ်ပေးပါ။ ၁၀-၁၅ ကြိမ် ပြန်လုပ်ပါ။

alignnone size-medium wp-image-57656
(၅) နှာခေါင်းကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

ပုံမှာပြထားတဲ့အတိုင်း လက်သီးဆုပ်လေး နှစ်ခုလုပ်ပြီး အပေါ်နှုတ်ခမ်းအထက်မှာ ထားပေးပါ။ နှာခေါင်းအောက် အရေပြားကို ညင်ညင်သာသာ ဆွဲဆန့်ပါ။ စက္ကန့် ၃၀ ကြာလုပ်ဆောင်ပါ။

alignnone size-medium wp-image-57657
(၆) ပါးစပ်တဝိုက် အရေးကြောင်းကင်းစေမည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

ပုံမှာပြထားတဲ့အတိုင်း ပါးပြင်ပေါ်မှာ လက်ဖဝါးနှစ်ဖက်ကို တင်ထားပါ။ ပါးစပ်ဖွင့်ပြီး လျှာထိပ်ကို အာခေါင်မှာ ကပ်ထားပါ။ နှာခေါင်းတဝိုက် အရေပြားကို ညင်ညင်သာသာ ဆွဲဆန့်လုပ်ပြီး လျှာကို အာခေါင်ဆီ တွန်းထုတ်ပေးပါ။ စက္ကန့် ၃၀ ကြာ လုပ်ဆောင်ပါ။

alignnone size-medium wp-image-57658
(၇) မေးရိုးတင်းရင်းစေမည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

လက်ညှိုးနဲ့ လက်ခလယ်ကို ပါးရိုးပေါ်တင်ပါ။ ပါးစပ်ကို အနည်းငယ်ဟပြီး အောက်နှုတ်ခမ်းကို သွားတွေဆီ အတွင်းထဲကွေးပါ။ အောက်နှုတ်ခမ်းအနေအထား မပြောင်းဘဲ ပြုံးနိုင်သလောက် ပြုံးပါ။ မေးရိုးအကြောပြေတဲ့အထိ အောက်နှုတ်ခမ်းကို အတွင်းထဲ ကွေးထားပါ။ စက္ကန့် ၃၀ ကြာ လုပ်ဆောင်ပါ။

alignnone size-medium wp-image-57659
(၈) နဖူးအရေးကြောင်းကင်းစေမည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

သင့်လက်ဖဝါးတွေကို နဖူးပေါ်တင်ထားပါ။ လက်တွေကို ဦးရေပြားဆီ ညင်ညင်သာသာ တွန်းပေးပါ။ နဖူးနဲ့ မျက်ဝန်းအောက် အရေပြားတွေ အကြောပြေလျော့တယ်လို့ ခံစားရတဲ့အထိ လုပ်ပေးပါ။ စက္ကန့် ၂၀-၃၀ ကြာ လုပ်ဆောင်ပါ။

alignnone size-medium wp-image-57660
(၉) မျက်ခွံတွဲကျမှု ကာကွယ်သည့် ကျင့်စဉ် ဘယ်လိုလုပ်ရမလဲ

မျက်ခုံးပေါ်မှာ လက်ချောင်း(အလယ်) သုံးချောင်းထိပ်တင်ပြီး မျက်လုံးကို မှိတ်ထားပါ။ မျက်ခွံအထက် အရေပြားနေရာ ပြေလျော့တယ်လို့ ခံစားရတဲ့အထိ မျက်ခုံးကို တွန်းထုတ်ပါ။
စက္ကန့် ၂၀-၃၀ ကြာလုပ်ဆောင်ပါ။

မျက်နှာယောဂကျင့်စဉ် ပိုအာနိသင်ရစေဖို့

• မလုပ်ခင် မျက်နှာနဲ့ လက်ကို ကောင်းကောင်း ဆေးပေးပါ။ အစိုဓာတ်ထိန်းခရင်မ်လိမ်းရင် ပိုချောမွေ့စေပါတယ်။

• မနက်ခင်းမှာ ယောဂကျင့်တာက အကောင်းဆုံးဖြစ်ပြီး ကြွက်သားတွေကို တင်းရင်းစေကာ မျက်နှာဖောင်းအစ်မှု လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top