Healthy Life Ad
Health Tips

ကိုယ်အလေးချိန် ၁၃၈ ပေါင်မှ ၁၀၅ ပေါင်သို့ လျှော့ချနိုင်ခဲ့သူက ကိုယ်တွေ့ဝိတ်လျှော့နည်း မျှဝေ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကီဝီအမည်ရှိ မိန်းကလေးတစ်ဦးက သူရဲ့ကိုယ်အလေးချိန် လျှော့ချနည်းတွေကို အခုလို မျှဝေထားပါတယ်။ “ကျွန်မအရပ်က ငါးပေတစ်လက်မပဲ ရှိတာဆိုတော့ ကိုယ်အလေးချိန် ၁၃၈ ပေါင်ရှိချိန်မှာ ခန္ဓာကိုယ်ကောက်ကြောင်းမရှိတဲ့ ဂျယ်လီငါးတစ်ကောင်နဲ့ တူနေပါတယ်။ ကျွန်မအစ်ကိုဖြစ်သူက ကိုယ်အလေးချိန်လျှော့ချသင့်ပြီဆိုပြီး အလေးထားပြောလာပါတယ်။ ကျွန်မအသက် ၁၄ နှစ်မှာ “ဘယ်ကောင်လေးကမှ နင်နဲ့တွဲချင်မှာမဟုတ်ဘူး၊ တွဲရင်တောင် ရည်းစားပြတ်လို့ ငိုပြီးကျန်ခဲ့ရလိမ့်မယ်လို့”ပြောပါတယ်။ ကျွန်မက ခေါင်းမာပြီး ပျင်းရိတဲ့မိန်းကလေးဖြစ်တော့ ဒီဆွဲဆောင်နည်းနဲ့ ဝိတ်လျှော့ဖို့ ပြောတာကို ကျွန်မမကြိုက်ပါဘူး။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ရုပ်ဆိုးတယ်ဆိုတာ အမြစ်တွယ်နေပါတယ်။

ကျွန်မ အသက် ၁၈ နှစ်အရွယ်မှာ ပထမဆုံး ချစ်သူကောင်လေးနဲ့ စတွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာ အစ်ကိုက မိခင်နေတဲ့မြို့ကို ရွှေ့သွားတာကြောင့် ကျွန်မ ပီဇာတစ်ချပ်လုံးစားလည်း ဘယ်သူမှ ဝေဖန်ပြစ်တင် ဟန့်တားမယ့်သူ မရှိခဲ့ပါဘူး။ ကိုယ်အလေးချိန်တက်လာလည်း ကိစ္စမရှိဘူး၊ ငါ့မှာ တမူထူးခြားတဲ့ ကိုယ်လုံးရှိတာပဲလို့ တွေးခဲ့ပါတယ်။

“ကျွန်မရဲ့ ဈေးဝယ်စာရင်းထဲမှာ ဆော်ဒါအချိုရည်၊ အရက်၊ ပြုပြင်ထားတဲ့အသား၊ ကျပ်တင်ထားတဲ့အသား၊ ဒိန်ခဲ၊ ခရင်မ်ပါတဲ့ ဒိန်ချဉ်စတာတွေကို လုံးဝမထည့်တော့ပါဘူး။ အေးခဲထားတဲ့အသား၊ ရယ်ဒီမိတ်အစားအသောက်တွေကိုလည်း မဝယ်တော့ပါဘူး။”

ဝိတ်လျှော့ဖို့ အချိန်တန်ပြီ

အဲဒီအချိန်မှာ သတိထားမိတာက အဝတ်အစားတွေနဲ့ လက်မောင်းကြီးတွေ၊ ဗိုက်တွေကို ဖုံးကွယ်လို့ မရတာပါပဲ။ မင်္ဂလာပွဲမှာ ကျွန်မချစ်သူရဲ့ လက်မောင်းကိုတွဲမယ့် ကျွန်မလက်တွေ တုတ်ခိုင်နေမှာပဲဆိုတဲ့စိတ်က ထိတ်လန့်ကြောက်ရွံ့မှု ခံစားရစေပါတယ်။ ဈေးဝယ်ထွက်တော့လည်း ကျွန်မနဲ့သင့်တော်တဲ့ အဝတ်အစားကို ရွေးလို့မရခဲ့ပါဘူး။ ဒီလိုနဲ့ဝိတ်လျှော့ဖို့ ကျွန်မဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အာဟာရပညာရှင်နဲ့ တွေ့ဆုံပြီး ကျွန်မအတွက် သီးသန့်အစားအသောက်စာရင်း အကြံတောင်းခဲ့ပါတယ်။ ခက်တာက စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့တဲ့ ကျွန်မအတွက် အရသာရှိတဲ့ အစားအသောက်တွေ၊ အရက်တွေက အမြဲဝန်းရံနေတာပါပဲ။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေက အိမ်ကနေ နေ့လယ်စာယူလာတာကို တွေ့တော့မှ ကျွန်မလည်း အဲဒီအတိုင်း လိုက်လုပ်ခဲ့ရပါတယ်။

အစားအသောက်ထိန်းပြီး နှစ်ပတ်အကြာမှာ ကျွန်မရဲ့ ပထမဆုံးရလဒ်ကို စတင်တွေ့ခဲ့ရပါတယ်။ သုံးပတ်အကြာမှာတော့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို လှောင်ပြောင်ရယ်မောတာတွေ မလုပ်တော့ဘဲ အားပေးထောက်ပံ့ ကူညီခဲ့ကြပါတယ်။ သုံးလအကြာမှာတော့ ဆဲလ်လူးလိုက်အဆီပိုတွေ ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါတယ်။ အိပ်ရင်ဟောက်တဲ့အကျင့်လည်း ရပ်သွားပြီး နေလို့ထိုင်လို့ ပိုကောင်းလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားချစ်ခင်စိတ် ပိုရှိလာခဲ့ပါတယ်။ကျွန်မနဲ့တော်တဲ့ အဝတ်အစားတွေကို စဝယ်ပြီး ကျကျနန ဝတ်ပါတယ်။ နှစ်နှစ်ကြာပြီးတဲ့အထိ ဝိတ်ပြန်မတက်တော့ပါဘူး။ ကျွန်မရဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်နည်းအကြောင်း သိနားလည်လို့ ဘယ်တော့မှ မချိုးမဖောက်ဘဲစားတဲ့ အကျိုးကျေးဇူးပါပဲ။

alignnone size-medium wp-image-57485
ကီဝီ၏ အစာစားနည်း

ကြက်ရင်ပုံသား၊ အဆီထုတ်ထားတဲ့ နွားနို့တွေကို စားသောက်ပါတယ်။ နောက်တစ်ခုက ကျွန်မကြိုက်တဲ့ ချောကလက်၊ ကွတ်ကီး၊ ရေခဲမုန့်၊ ပေါင်မုန့်စတာတွေကိုလည်း ကျွန်မစားပါတယ် . . ဒါပေမဲ့ စားတဲ့ပမာဏနဲ့ စားတဲ့အချိန်ကိုတော့ ကန့်သတ်လိုက်ပါတယ်။ တစ်နေ့တာစားသမျှ အစားအသောက်တိုင်းကို စာထဲချရေးပါတယ်။ သရေစာစားတာကို အစာစားသလို စဉ်းစားပြီး သရေစာစားရင် နေ့လယ်စာစားတာကို ရှောင်လိုက်ပါတယ်။ သရေစာကိုတော့ တွေ့တဲ့အစာမစားဘဲ အိမ်ကနေပဲ ယူသွားပါတယ်။ ဒါမှသာ ဗိုက်ဆာလို့ ကော်ဖီဆိုင်ဝင်ထိုင်တာ၊ ဟော့ဒေါ့စားတာတို့ မလုပ်ဘဲ နေမိသွားတာပါ။ အိတ်ထဲမှာ သစ်သီးတချို့နဲ့ အခွံမာအစေ့အဆန်တွေကို ထည့်သွားပါတယ်။ ဟင်းသီးဟင်းရွက်ဆီထဲထည့်ပြီး ကြော်လှော်ချက်ပြုတ်တာကို ရှောင်ကာ ဟင်းရွက်သုပ်တွေ၊ အသားသုပ်တွေပဲ စားဖြစ်ပါတယ်။

alignnone size-medium wp-image-57486

ကျွန်မရဲ့ ဈေးဝယ်စာရင်းထဲမှာ ဆော်ဒါအချိုရည်၊ အရက်၊ ပြုပြင်ထားတဲ့အသား၊ ကျပ်တင်ထားတဲ့အသား၊ ဒိန်ခဲ၊ ခရင်မ်ပါတဲ့ ဒိန်ချဉ် စတာတွေကို လုံးဝမထည့်တော့ပါဘူး။ အေးခဲထားတဲ့အသား၊ ရယ်ဒီမိတ်အစားအသောက်တွေကိုလည်း မဝယ်တော့ပါဘူး။ အစာစားချိန်တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ နှစ်နာရီထက်မစော၊ လေးနာရီလောက်လည်း မကြာဘဲ စားလေ့ရှိပါတယ်။ တစ်ချိန်လုံး ဗိုက်မဆာဘူးဆိုတဲ့ ခံစားချက်ဖြစ်နေပြီး ခွန်အားရှိနေအောင် စားတာပါ။ ဒါပေမဲ့ စားတိုင်း ဟင်းရွက်သုပ်တွေချည်းပါပဲ။ တစ်ထိုင်တည်းနဲ့ အစာ ၃၅၀ ဂရမ်ထက်ပိုပြီး မစားဖြစ်တော့ပါဘူး။ အစာစားပြီး ကွတ်ကီးနဲ့ လက်ဖက်ရည် မသောက်ဖြစ်တော့ပါဘူး။ ဈေးဆိုင်ထဲမှာ ဟင်းရွက်သုပ်တွေကိုပဲ အဓိကဝယ်စားလေ့ရှိပါတယ်။ ဒီနည်းနဲ့ ကျွန်မရဲ့ကျန်းမာရေးကော ခန္ဓာကိုယ်အချိုးအစားပါ ပြောင်းလဲကြည့်ကောင်းလာခဲ့ပါတယ်။

စကားမစပ် ကျွန်မကိုယ်အလေးချိန် ကျပြီးချိန်မှာ အစ်ကို့ဆီကို ကျွန်မသွားလည်ခဲ့ပါတယ်။ ကျွန်မတော်တော်လေး ပိန်သွားတယ်လို့ ပြောမလား စိတ်ပူနေခဲ့ပေမယ့် ကျွန်မကို ကြည့်ပြီး “ကောင်းတယ်ငါ့ညီမ၊ အဲဒါကြောင့် အစကတည်းက ဝိတ်လျှော့ဖို့ အစ်ကိုပြောခဲ့တာ၊ အခုတော့ နှာခေါင်းနဲ့ ရင်သားလှအောင် ပြုပြင်ဖို့ပဲ လိုတော့တယ်”လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ ကျွန်မသိလိုက်တာက လူတွေက သူတို့ပတ်ဝန်းကျင်မှာ သူတို့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဝေဖန်မယ့်သူ ရှိနေမှာပဲဆိုတာပါပဲ။ ဒါကြောင့် ကိုယ့်အသွင်အပြင်ကိုပြောင်းဖို့ ကြိုးစားတဲ့အခါ ကိုယ့်ဘာသာပဲ ပြောင်းနိုင်အောင် လုပ်ပါ၊ တစ်ပါးသူရဲ့ အမြင်နဲ့ ဝေဖန်ချက်တွေကို အလေးထားမနေပါနဲ့လို့လည်း တခြားသူတွေကို ပြောပြချင်ပါတယ်”

Most Popular

Healthy Life Ad
To Top