Healthy Life Ad
Health Tips

မျက်တောင်ရှည်စေတဲ့ အစာ ၇ မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မျက်တောင်ရှည်ပြီး သန်စွမ်းစေမယ့် နည်းလမ်းအမျိုးမျိုးရှိပါတယ်။ မျက်တောင်တွေကို နှိပ်ပေးတာ၊ ဆီလိမ်းတာ၊ မျက်တောင်ကော့တံနဲ့ ကော့ပေးတာ စတဲ့နည်းအမျိုးမျိုးအနက် မျက်တောင်တွေ ရှည်လျားသန်စွမ်း ကျန်းမာဖို့ရာအတွက် သင့်ခန္ဓာကိုယ်ကစားသင့်တဲ့ အစားအစာတွေ ရှိနေပါတယ်။

alignnone size-medium wp-image-57470
(၁) ဥအမျိုးမျိုး

ဘာကြောင့် အကျိုးရှိတာလဲ-ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားလို့ပါ။

ဘယ်လိုအာနိသင်ရှိသလဲ-ဆံပင်နဲ့ မျက်တောင်တွေကို ကီရာတင်ဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပရိုတင်းဓာတ် ပါဝင်မှုအပြည့်ပါတဲ့ အစားအစာတွေက သင့်ခန္ဓာကိုယ်ကနေ ကီရာတင်ဓာတ် ထွက်ရှိဖို့ လုံလောက်တဲ့ အမိုင်နိုအက်စစ်ပမာဏ ရရှိစေပါတယ်။ ဒါက မျက်တောင်တွေကို ပိုသန်စွမ်း ရှည်လျားလာစေပါတယ်။

alignnone size-medium wp-image-57471
(၂) ဆယ်လ်မွန်ငါး

ဘာကြောင့် အကျိုးရှိတာလဲ-ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။

ဘယ်လိုအာနိသင်ရှိသလဲ-အိုမီဂါ ၃ ဖက်တီးအက်စစ်က မျက်တောင်တွေ မကျိုးပြတ်အောင်၊ မကျွတ်ထွက်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီအုပ်စုက မျက်တောင်ရှည်လျားစေပါတယ်။

alignnone size-medium wp-image-57472
(၃) အခွံမာအစေ့အဆန်

ဘာကြောင့် အကျိုးရှိတာလဲ-အခွံမာအစေ့အဆန်တွေက သင့်ခန္ဓာကိုယ်ကို အိုမီဂါ ၃ ဖက်တီး အက်စစ်နဲ့ ဗီတာမင်အီး ရရှိစေပါတယ်။

ဘယ်လိုအာနိသင်ရှိသလဲ-အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင်အီးက သွေးနဲ့ အောက်ဆီဂျင်ကို ဆံချည်မျှင်အိတ်တွေဆီ ပို့ဆောင်ပေးပါတယ်။ သွေးစီးဆင်းမှုကောင်းစေပြီး ဆံချည်မျှင်အိတ်တွေကို သန်စွမ်းစေပါတယ်။ ဒါက မျက်တောင်ကို ပိုရှည်လျားစေပြီး သန်မာအောင် အားပေးပါတယ်။

alignnone size-medium wp-image-57473
(၄) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

ဘာကြောင့် အကျိုးရှိတာလဲ-သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အေနဲ့ ဗီတာမင် စီ ပါဝင်ပါတယ်။

ဘယ်လိုအာနိသင်ရှိသလဲ-ဒီဗီတာမင်ဓာတ်တွေက မျက်တောင်တွေကို သန်စွမ်းစေပြီး ကော်လာဂျင်အထွက်တိုးစေပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဆီလီကာဆိုတဲ့ မရှိမဖြစ် သတ္တုဓာတ်က မျက်တောင်တွေကို ရှည်လျား ကျန်းမာစေပါတယ်။

alignnone size-medium wp-image-57474
(၅) မှို

ဘာကြောင့် အကျိုးရှိတာလဲ-မှိုမှာ ဗီတာမင် ဘီ-၃ ပါဝင်မှုများပါတယ်။

ဘယ်လိုအာနိသင်ရှိသလဲ-မှိုတွေက သွေးလှည့်ပတ်မှုကောင်းစေပြီး ကီရာတင်ဓာတ်ထွက်ရှိဖို့ ကူညီအားပေးပါတယ်။ ဗီတာမင်ဘီ-၃ က မျက်တောင်ရှည်လျားစေပြီး မျက်တောင်ကျိုးပဲ့တာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆဲလ်ပြန်လည်ထွက်ရှိမှုကို အားပေးပြီး မျက်တောင်တွေမကျွတ်အောင် ကာကွယ်ပေးပါတယ်။

alignnone size-medium wp-image-57475
(၆) ပဲလွန်း

ဘာကြောင့် အကျိုးရှိတာလဲ-ပဲလွန်းမှာ ဗီတာမင် အိပ်ချ် (ဘိုင်အိုတင်ဓာတ်)နဲ့ ဖောလစ်အက်စစ် ပါဝင်ပါတယ်။

ဘယ်လိုအာနိသင်ရှိသလဲ-ဘိုင်အိုတင်လို့ လူသိများတဲ့ ဗီတာမင်အိပ်ချ်က ဆံချည်မျှင်အိတ်တွေ ဆီသွေးစီးဆင်းမှု ကောင်းစေပြီး မျက်တောင်တွေကို ပူထူထဲစေကာ မျက်တောင်မကျွတ်အောင် ကာကွယ်ပေးပါတယ်။ မျက်တောင်သန်စွမ်းကျန်းမာဖို့ လိုအပ်တဲ့ အမိုင်နိုအက်စစ်နဲ့ ကောင်းတဲ့ အဆီဓာတ်တွေကို ခန္ဓာကိုယ်ကနေ စုပ်ယူရရှိပါတယ်။ ဖောလစ်အက်စစ်ကတော့ မျက်တောင်တွေ ကြွပ်ဆတ်မသွားအောင် ကာကွယ်ပေးပါတယ်။

alignnone size-medium wp-image-57476
(၇) အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညို)

ဘာကြောင့် အကျိုးရှိတာလဲ-ဖွေးဖွေးဖြူအောင် အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံး အစာတွေဖြစ်တဲ့ ဆန်လုံးညို၊ ခေါက်ဆွဲညိုတွေမှာ ဗီတာမင်ဘီ-၆ နဲ့ သံဓာတ်ပါဝင်မှု များပါတယ်။

ဘယ်လိုအာနိသင်ရှိသလဲ-ဗီတာမင်ဘီ-၆ က မျက်တောင်တွေကို မည်းနက်စေတဲ့ မယ်လာနင်ဓာတ်ထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ သံဓာတ်ကို ဆံချည်မျှင်အိတ်ထဲမှာ သိုလှောင်ထားပြီး မျက်တောင်တွေ အားနည်းကျိုးပြတ်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top