Healthy Life Ad
Health Tips

အရေပြားက အချက်ပြနေသည့် ကိုယ်တွင်းရောဂါဝေဒနာ ၈ မျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကျန်းမာရေးပြဿနာတွေ ရှိ၊ မရှိ သိချင်ရင် လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုကြည့်ပြီး ဆန်းစစ်နိုင်ပါတယ်။ အထူးသဖြင့် အရေပြားက ကိုယ်တွင်းကျန်းမာရေးအခြေအနေကို ပြသနေတဲ့ အဓိကအရာတစ်ခု ဖြစ်တာကြောင့် အရေပြားက အချက်ပြနေတတ်တဲ့ ကိုယ်တွင်းကျန်းမာရေးပြဿနာတွေကို သိရှိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

alignnone size-medium wp-image-57392
(၁) အမည်းရောင်အကွက်အပြောက်ထင်ခြင်း

အရေပြားပေါ်မှာ ရုတ်တရက်ဆိုသလို အမည်းကွက်တွေပေါ်လာရင် ဒါက အဒရီနယ်ဂလင်းကနေ ဟော်မုန်းထွက်ရှိမှု မလုံလောက်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒီရောဂါရှိသူတွေက ကြွက်သားနဲ့ အဆစ်နာကျင်ကိုက်ခဲတာနဲ့ အစာစားချင်စိတ်မရှိတာတွေ ဖြစ်တတ်ပါတယ်။ သွေးပေါင်ကျတာနဲ့ သွေးတွင်းသကြားဓာတ်လျော့ကျတာလည်း ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေအားလုံးက အလွန်အမင်း အန္တရာယ်ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

alignnone size-medium wp-image-57393
(၂) အဖြူကွက်ထင်ခြင်း

အရေပြားမှာ အဖြူကွက်တွေထင်တာကို သမင်ဖြူလို့ ခေါ်ပါတယ်။ အရေပြားမှာ မယ်လနိုဆိုက်ဆိုတဲ့ ဆဲလ်လေးကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က တိုက်ထုတ်ရာက အဲဒီအရေပြားနေရာမှာ ရောင်ခြယ်ပစ္စည်းမရှိတော့ဘဲ ဖြူလာတာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တာက အဒရီနယ်ဂလင်းကနေ ဟော်မုန်းထွက်ရှိမှု မလုံလောက်တဲ့ အကျိုးဆက်ကြောင့် ဖြစ်တတ်ပါတယ်။ အရေပြားအထူးကု ဆရာဝန် ဒါမှမဟုတ် ဟော်မုန်းအထူးကုနဲ့ ပြသင့်ပါတယ်။

alignnone size-medium wp-image-57394
(၃) အနီစက်လေးများ ပေါ်ခြင်း

အရေပြားမှာ အနီစက်လေးတွေပေါ်လာရင် ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေပြီလို့ ထင်နေပါသလား။ အစာနဲ့ ဓာတ်မတည့်တာ၊ အိမ်သုံးဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်သလို ရေကျောက်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

alignnone size-medium wp-image-57395
(၄) ဖောရောင်ခြင်း

နေ့တိုင်းခြေလက်တွေ ဖောရောင်နေရင် သိုင်းရွိုက်ဟော်မုန်းလျော့နည်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်လို့ ဟော်မုန်းအထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထုတ်နိုင်တဲ့ အခြေအနေဖြစ်ပြီး အသားအရေခြောက်တာ၊ မျက်နှာနဲ့ ခြေ၊ လက် ဖောရောင်တာ၊ ဆံပင်ကျွတ်တာ၊ လက်သည်းကြွပ်ဆတ်တာနဲ့ ကိုယ်အလေးချိန်တက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေ တွေ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

alignnone size-medium wp-image-57396
(၅) မှဲ့အသစ်များ ပေါက်ခြင်း

အရေပြားမှာ မှဲ့တွေပေါက်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ သင့်မိဘမှာ မွေးရာပါ အမှတ်ကြီးတွေ ရှိတယ်ဆိုရင် သင့်မှာလည်း ရှိနိုင်ခြေ ရှိပါတယ်။ ဟော်မုန်းမမျှတတာနဲ့ နေပူဒဏ်ခံရလွန်းတာတွေကလည်း မှဲ့အသစ်ပေါက်စေတဲ့ အကြောင်းရင်းပါပဲ။ မှဲ့အရေအတွက်က ရုတ်တရက်များလာရင်၊ မှဲ့ကနာကျင်ရင်၊ အရောင်နဲ့ အရွယ်အစားပြောင်းလဲရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

alignnone size-medium wp-image-57397
(၆) ဝက်ခြံ၊ ဆားဝက်ခြံနှင့် ချွေးပေါက်ပိတ်ခြင်း

အရေပြားမှာ ဝက်ခြံ၊ ဆားဝက်ခြံတွေ ဖြစ်ရတာက အဆီပြန်တာကို သေချာမသန့်စင်လို့၊ ဟော်မုန်းမမျှတလို့၊ အစာမကြေလို့ ဖြစ်တတ်ပါတယ်။ ဝက်ခြံပေါက်ရင် မျက်နှာအသားအရေကို ကောင်းကောင်းထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုပဲထိန်းသိမ်းပါစေ ဝက်ခြံ၊ ဆားဝက်ခြံတွေ ပေါက်နေရင်တော့ အရေပြားဆရာဝန်နဲ့ ပြသင့်နေပါပြီ။

alignnone size-medium wp-image-57398
(၇) အရေပြားအဖပ်ကွာခြင်း

အရေပြားကနေ အဖပ်လေးတွေ ကွာတာက ဗီတာမင်ချို့တဲ့ခြင်း၊ ဟော်မုန်းမမျှတခြင်း၊ ဆိုးရီးယေးစစ်အရေပြားရောဂါ၊ ဓာတ်မတည့်တုံ့ပြန်မှု စတာတွေကြောင် ဖြစ်တတ်ပါတယ်။ အရေပြားအဖပ်ကွာတာက ပြင်းထန်ပြီး တခြားရောဂါလက္ခဏာတွေပါ ဆက်ဖြစ်နေရင် ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်နေပြီ ဖြစ်ပါတယ်။

alignnone size-medium wp-image-57399
(၈) အလွန်အမင်း ချွေးထွက်ခြင်း

လေဝင်လေထွက်ကောင်းတဲ့ အခန်းထဲမှာနေနေပြီး စိတ်လှုပ်ရှားမှုလည်း မရှိဘူးဆိုရင် ချွေးမထွက်သင့်ပါဘူး။ အဲဒီလိုမဟုတ်ဘဲ အလွန်အမင်း ချွေးထွက်နေရင်တော့ လည်ပင်းကြီးရောဂါ၊ ကိုယ်ခံအားစနစ်ထိခိုက်တဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အရေပြားက ပါးလာပြီး ယားယံတဲ့ ဝေဒနာရတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသင့်နေပါပြီ။

alignnone size-medium wp-image-57400

Most Popular

Healthy Life Ad
To Top