Healthy Life Ad
Health Tips

ကမာကောင်စားခြင်း၏ ကောင်းကျိုးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကမာကောင်လို ပင်လယ်စာစားတာကြောင့် အောက်ပါကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။

(၁) ကမာကောင်မှာ တခြားအစာတွေထက် ဇင့်ဓာတ်ပိုမိုပါဝင်ပါတယ်

ကမာကောင်မှာ ဇင့်ဓာတ်ပါဝင်မှုများတာကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေကာ အနာကျက်စေနိုင်ပါတယ်။

(၂) ကမာကောင်က နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်

ကမာကောင်မှာ အိုမီဂါ၃ ဖက်တီးအက်စစ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါအမောဖောက်တာ၊ လေဖြတ်တာနဲ့ သွေးပေါင်ကျတာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၃) ကမာကောင်က ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်

ကမာကောင်မှာ ကယ်လိုရီ၊ အဆီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် အစာစားပြီးတဲ့အခါ ဗိုက်ပြည့်စေပါတယ်။

(၄) ကမာကောင်မှာ မရှိမဖြစ် အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်

ကမာကောင်မှာ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ဇင့်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဆီလီနီယမ်နဲ့ ဗီတာမင်ဘီ ၁၂ တို့ ပါဝင်နေပါတယ်။

(၅) ကမာကောင်က စွမ်းအင်အဆင့်ကို တိုးစေနိုင်ပါတယ်

ကမာကောင်မှာ သံဓာတ်ပါဝင်မှု များတာကြောင့် စွမ်းအင်ပိုရစေဖို့ ဆဲလ်တွေထဲကို အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု ကောင်းစေပါတယ်။

(၆) ကမာကောင်က မကောင်းတဲ့ ကိုလက်စထရောကို ကျစေပါတယ်

ကမာကောင်က ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြင့်တက်စေနိုင်ပြီး မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။

Most Popular

Healthy Life Ad
To Top