Healthy Life Ad
Health Tips

ကျောရိုးကျန်းမာရေးအတွက် နည်းလမ်းငါးသွယ်

———-၊ ငွေကြယ်စင်ယံ ၊———

(၁) အနေအထားမှန်ပါစေ

မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ၊ ထိုင်တာ၊ ပစ္စည်းသယ်မတာနဲ့ လှဲလျောင်းအနားယူတာတွေကို လုပ်ဆောင်ရာမှာ အနေအထားမှန်မှန်နေပါ။ ဒါမှသာ ကျောရိုးကို ထောက်ပံ့ထားတဲ့ ကြွက်သားတွေနဲ့ တွယ်ဆက်မျှင်တွေအပေါ် ဒဏ်သက်ရောက်မှုနည်းမှာ ဖြစ်ပါတယ်။

(၂) သန်စွမ်းမှုအဆင့် မြင့်မားပါစေ

ကိုယ်ခန္ဓာ သန်စွမ်းကျန်းမာစေဖို့ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာ၊ အကြောဆန့်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ပါ။ သန်စွမ်းကြံ့ခိုင်မှု မြင့်မားလေလေ၊ ထိခိုက်ဒဏ်ရာကို ခံနိုင်ရည်ပိုရှိလေလေ ဖြစ်လာပြီး အနာကျက်နိုင်ခြေ ပိုများပါတယ်။

(၃) သင့်အရပ်နဲ့ လိုက်လျောညီထွေရှိတဲ့ ကိုယ်အလေးချိန် ရှိပါစေ

သင့်အရပ်၊ ကိုယ်နေဟန်ထားတို့နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်ရှိရင် ကျောရိုးကို ကျန်းမာစေပါတယ်။

(၄) သက်သောင့်သက်သာရှိသော ဖိနပ်စီးပါ

သင့်ခန္ဓာကိုယ်တစ်ခုလုံးကို ဟန်ချက်ညီညီ ထိန်းနိုင်ပြီး သက်သောင့်သက်သာရှိစေတဲ့ ဖိနပ်ကို စီးသင့်ပါတယ်။

(၅) ဆေးလိပ်မသောက်သင့်ပါ

ဆေးလိပ်သောက်သူတွေက ကျောရိုးနာကျင်ကိုက်ခဲမှု ပိုအဖြစ်များပြီး အနာကျက်နှုန်း နှေးတာကြောင့် ဆေးလိပ်မသောက်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top