Healthy Life Ad
Health Tips

မိန်းမကိုယ် ယားယံနေသလား

———၊ ငွေကြယ်စင်ယံ ၊———

မိန်းမကိုယ်ယားယံတဲ့အခါ မိန်းမကိုယ်ကို ကုတ်ချင်စိတ်ပြင်းပြနေတတ်ပါတယ်။ မိန်းမကိုယ်ယားယံမှု အများစုက မှိုစွဲတာ၊ သွေးဆုံးတာ၊ ဓာတ်မတည့်မှုဖြစ်တာ၊ မိန်းမကိုယ်ရောင်ရမ်းတာနဲ့ ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းတာတွေကြောင့် အဓိကဖြစ်တတ်ပါတယ်။ အမျိုးသမီးအများစုဟာ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို မိန်းမကိုယ်ယားယံမှု အဖြစ်များတတ်ပါတယ်။

မိန်းမကိုယ်ယားယံသော လက္ခဏာများ

မိန်းမကိုယ်ယားယံတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်မှ သွေးဆင်းတာ၊ မိန်းမကိုယ်မှ အရည်ဆင်းတာ၊ မိန်းမကိုယ်ရောင်ရမ်းတာ၊ မိန်းမကိုယ်နီမြန်းတာ၊ မိန်းမကိုယ်နာကျင်တာ စတာတွေ ဖြစ်တတ်ပါတယ်။

မိန်းမကိုယ်ယားယံခြင်းကို ကုသမှု

မိန်းမကိုယ်ယားယံမှုကို ကုသတဲ့ နည်းလမ်းဟာ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ လက္ခဏာအပေါ် မူတည်ပြီး ပြောင်းလဲနေပါတယ်။ မိန်းမကိုယ်ယား ယံမှုအတွက် ကုသမှုအနေနဲ့ ကြက်သီးနွေးရေနဲ့ချိုးတာ၊ ပဋိဇီဝပိုးသတ်ဆေးသောက်တာ၊ မှိုပိုးသတ်ဆေးလိမ်းတာ၊ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ မိန်းမကိုယ်ခြောက်သွေ့မှုကို အီစထရိုဂျင်ပါတဲ့ ခရင်မ်လိမ်းတာ စတဲ့နည်းတွေကို လုပ်ဆောင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top