Healthy Life Ad
News

Covid-19 ရောဂါ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အောင်မြင်ပြီဖြစ်ကြောင်း ရုရှားတက္ကသိုလ်ကြေညာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ရုရှားနိုင်ငံက Covid-19 ရောဂါ ကာကွယ်ဆေး ထိုးဆေးကို လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့် ပြီးစီးအောင်မြင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

“လေ့လာမှုက ပြီးစီးအောင်မြင်ခဲ့ပါပြီ။ ကာကွယ်ဆေးက ဘေးကင်းလုံခြုံတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးထိုးခြင်းအတွက် ပါဝင်ကူညီခဲ့တဲ့ ဗော်လံတီယာတွေက ဇူလိုင် ၁၅ နဲ့ ၂၀ ရက်နေ့တွေမှာ ဆေးရုံကဆင်းမှာ ဖြစ်ပါတယ်”ဟု ဆေးပညာလေ့လာမှုဆိုင်ရာ ဦးဆောင်သူ Smolyarchuk က ဆိုပါတယ်။

စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတွေကို ဆေးရုံကဆင်းပြီးချိန်မှာလည်း ပြန်လည်စောင့်ကြည့်မှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-57104
ပြီးခဲ့တဲ့လက ရုရှားဟာ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးကို လက်တွေ့စမ်းသပ်မှုပြုမှာ ဖြစ်တယ်လို့ တရားဝင်ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်မှာ စတင်စမ်းသပ်ခဲ့တဲ့ ပထမအဆင့်မှာ ၁၈ ဦးပါတဲ့ အဖွဲ့ကို ဇွန်လ ၁၈ ရက်နေ့က စတင်စမ်းသပ်ခဲ့ပါတယ်။ ဒုတိယအုပ်စုကို ဇွန်လ ၂၃ ရက်နေ့မှာ စမ်းသပ်ခဲ့တာပါ။

လူတွေကို မစမ်းသပ်ခင် ကာကွယ်ဆေးကို အဆိပ်သင့်ခြင်း၊ ဘေးကင်းခြင်း၊ ထိရောက်မှုရှိခြင်း စတာတွေအတွက် တိရစ္တာန်ကြီးငယ်တွေကို စမ်းသပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

(Ref;clinicaltrialsarena)

Most Popular

Healthy Life Ad
To Top