Healthy Life Ad
Q & A

အသည်းရဲ့လုပ်ငန်းဆောင်တာ မထိခိုက်အောင် နေထိုင်စားသောက်နည်း

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို သိချင်ပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာ မထိခိုက်အောင် ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲ။
Maylay(FB)

A. အသည်းကတော့ သည်းခြေရည်ကို စစ်ထုတ်ပြီး ခန္ဓာကိုယ်က စားသောက်လိုက်တဲ့ အဆီဓာတ်ကို ချေဖျက်တဲ့နေရာမှာ ပါဝင်လုပ်ဆောင်တယ်။ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဆေးဝါး၊ ဓာတုပစ္စည်း ရှိသမျှအားလုံးကို အသည်းက ချေဖျက်ပေးရပါတယ်။ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အယ်လ်ဗြူမင်အသားဓာတ်ကို တည်ဆောက်ပေးတယ်။ သွေးနီဥက ဖျက်ဆီးလိုက်လို့ ထွက်လာတဲ့ ဘီလီရူဘင်ကို အူလမ်းကြောင်းကတဆင့် ဖြေရှင်းပေးတယ်။ အဓိကကတော့ အသည်းက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ဘယ်လိုအဆိပ်အတောက်မျိုးကိုမဆို ဖြေရှင်းပေးတဲ့ အင်္ဂါရပ်ကြီးဖြစ်ပါတယ်။ ဒါကြောင့် အသည်းမထိခိုက်အောင် ဘယ်လိုဓာတုပစ္စည်းမဆို . .အဲဒီအထဲမှာ အင်္ဂလိပ်ဆေးဝါး၊ ဆေးမြီးတိုတွေလည်း ပါတယ်၊ သစ်ဥသစ်ဖုတွေ ပြုတ်သောက်တာလည်းပါတယ်။ ခန္ဓာကိုယ်ထဲဝင်သွားတဲ့ အရာမှန်သမျှ အသည်းကဖြေရှင်းပေးတဲ့အတွက် မကောင်းတာတွေ များများဝင်ရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကြာရှည်ခံပစ္စည်းတွေကော အစားအသောက်ထဲက ဓာတုပစ္စည်းတွေကော ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဆေးလိပ်၊ အရက်၊ ကွမ်း စတာတွေထဲမှာ ပါတဲ့ ဓာတုပစ္စည်းတွေကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ကြဉ်ပေးသင့်ပါတယ်။ ဆေးဝါးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်နဲ့အညီ မှီဝဲပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top