Healthy Life Ad
Health Tips

ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်သည့် အစားအသောက်များ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လူတွေက အစားအသောက်တွေကို သိမ်းဆည်းဖို့ ရေခဲသေတ္တာကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအသောက်တွေဆိုပြီး သီးသန့်ရှိနေပါသေးတယ်။ အဲဒါတွေ ထည့်လိုက်ရင် ရေခဲသေတ္တာထဲက တခြားအစားအသောက်တွေကို ပိုဆိုးစေတာနဲ့ ထိခိုက်စေတာတို့ ဖြစ်တတ်လို့ပါ။

(၁) ကော်ဖီ

ကော်ဖီမှုန့်တွေက အေးမြခြောက်သွေ့တဲ့ နေရာမှာထားဖို့ လိုအပ်တာမှန်ပေမယ့် ရေခဲသေတ္တာအပူချိန်ကတော့ အေးလွန်းပါတယ်။ ကော်ဖီရဲ့ အရည်အသွေးကို ထိန်းသိမ်းဖို့ လေလုံတဲ့ဘူးထဲမှာ ထည့်သိမ်းထားရင် ရပါပြီ။ ကော်ဖီစေ့တွေကို ပုံမှန်အခန်းအပူချိန်မှာပဲ ခြောက်သွေ့တဲ့နေရာမှာ ထားပေးရင်ရပါတယ်။ အေးမြလွန်းတဲ့ ရေခဲသေတ္တာထဲမှာထားရင် ကော်ဖီရဲ့အရသာနဲ့ အာဟာရတန်ဖိုးက ပြောင်းလဲသွားနိုင်ပါတယ်။

(၂) ပေါင်မုန့်

အေးမြတဲ့အပူချိန်က တချို့အစာတွေကို မာပြီး ခြောက်သွားစေနိုင်ပါတယ်။ ပေါင်မုန့်ဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားတာနဲ့ မာပြီး ခြောက်သွားတတ်ပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းရင် အတွင်းသားထဲက အရသာပြောင်းသွားတတ်ပါတယ်။ အခန်းအပူချိန်မှာ သိမ်းထားတဲ့ ခရမ်းချဉ်သီးကသာ ဖြည်းဖြည်းချင်းမှည့်ပြီး အရသာအကောင်းဆုံး ဖြစ်လာမှာပါ။

(၄) ပင်စိမ်း

ပင်စိမ်းကို ရေခဲသေတ္တာထဲမှာထားရင် တခြားအနံ့အသက်တွေကို စုပ်ယူလိုက်ပါတယ်။ ပင်စိမ်းကို ရေတစ်ဖန်ခွက်ထဲ ထည့်သိမ်းတာက လတ်ဆတ်မှုအကောင်းဆုံး ဖြစ်ပါတယ်။

(၅) ထောပတ်

ထောပတ်ကို ရေခဲသေတ္တာထဲမှာ သိမ်းထားတာကြောင့် အရသာက မလတ်ဆတ်တော့ဘဲ မာခဲသွားတတ်ပါတယ်။ ထောပတ်ကို ခြောက်သွေ့တဲ့နေရာမှာ ထားပေးရင် အရသာအကောင်းဆုံးပါ။

(၆) ကြက်သွန်နီ

ကြက်သွန်နီကို ရေခဲသေတ္တာထဲထည့်သိမ်းရင် ပျော့ပြီး မှိုသမ်းလွယ်ပါတယ်။ အခန်းအပူချိန်မှာ သိမ်းတာက အချိန်အကြာဆုံးခံတာပါ။ ကြက်သွန်နီက လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပြီး ဖြန့်ထားရင် အကောင်းဆုံးဖြစ်ပါတယ်။

(၇) ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း ရေခဲသေတ္တာထဲ မသိမ်းသင့်တော့ပါဘူး။ ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲ ထည့်သိမ်းရင် မှိုသမ်းလွယ်ပြီး ပျော့သွားတတ်ပါတယ်။ ဒါကြောင့် ခြင်းတောင်းလိုလေ ဝင်လေထွက်ကောင်းတဲ့ နေရာထဲမှာ ထည့်သိမ်းထားပေးပါ။

Most Popular

Healthy Life Ad
To Top