Healthy Life Ad
Health Tips

ည ညအိပ်ရေးဝ၀ အိပ်စက်နိုင်စေဖို့ တစ်နေ့တာအတွင်း ဘာတွေ လုပ်ဆောင်သင့်ပါသလဲ

———၊ ငွေကြယ်စင်ယံ ၊———

တစ်နေ့လုံး သင်လုပ်ဆောင်တဲ့ အရာတွေဟာ ညဘက်မှာ အိပ်ရေးဝ၀အိပ်စက်မှုအပေါ် သက်ရောက်မှုရှိနေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝနရီနဲ့ အိပ်စက်မှုဟာ ဆက်စပ်မှုရှိနေလို့ပါ။ ဒါကြောင့် အိပ်ရေးဝ၀ အိပ်စက်နိုင်စေဖို့ ဇီဝနရီအလိုက် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ အကြံပြုလိုက်ပါတယ်။

နံနက်ခင်းမှာ

ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ဟန်ချက်ညီညီ အလုပ်လုပ်နိုင်စေဖို့ နံနက်ခင်းမှာ ပုံမှန်အိပ်ရာထပေးပါ။ ဥပမာ- နံနက်ခင်းမှာ ခြောက်နာရီထိုးတိုင်း အိပ်ရာထတဲ့အကျင့်ကို လုပ်ပေးတာက ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

နေ့ခင်းမှာ

အားကစားလုပ်ပါ။ နေ့လယ်စာစားပြီးချိန်မှာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေကို အသင့်အတင့် လုပ်ဆောင်ပေးတာက အိပ်စက်ချိန်ကို ၄၂ မိနစ်ခန့် ပိုတိုးစေနိုင်ပါတယ်။ ပုံမှန်အိပ်ရာထချိန်ထက် စောပြီးနိုးနေတာမျိုး မဖြစ်စေပါ။

အလုပ်ဆင်းချိန်မှာ

နောက်ကျတဲ့အထိ အလုပ်မလုပ်ပါနဲ့။ အလုပ်သမားတစ်ဝတ်ကျော်ဟာ အိမ်မှာအလုပ်လုပ်တတ်တယ်လို့ သြစတေးလျ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ အိပ်ရာဝင်ချိန်မတိုင်ခင်မှာ ကွန်ပျူတာ မော်နီတာက အလင်းရောင်ကို ကြည့်တာက အိပ်မောကျစေတဲ့ အချိန်ကို သုံးနာရီလောက် နောက်ကျသွားစေပါတယ်။

ညစာစားချိန်မှာ

ကာဗိုဟိုက်ဒရိတ်တွေပါတဲ့ အစားအစာတွေကို စားပါ။ လေ့လာမှုအရ အိပ်ရာမဝင်ခင် လေးနာရီအလိုမှာ ကာဗိုဟိုက်ဒရိတ် များများပါတဲ့ အစာတွေကို စားတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

အိပ်ရာဝင်ချိန်မှာ

အိပ်ခန်းအပူချိန်ကို လျှော့ချပါ။ အိပ်ခန်းက အေးနေတာက ခန္ဓာကိုယ်ကို အိပ်စက်အနားယူဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း အချက်ပြရာရောက်ပါတယ်လို့ အိုဟိုင်းအိုးဆေးစင်တာက ပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

Most Popular

Healthy Life Ad
To Top