Healthy Life Ad
Health Tips

သင့်အဆုတ်ကို ကြင်နာပါ

———၊ ငွေကြယ်စင်ယံ ၊———

လူတွေ အသက်ရှင်သန်ဖို့ရာအတွက် လေကိုလိုအပ်နေပါတယ်။ လေမရှိဘဲနဲ့ မိနစ်အနည်းငယ်ထက် ပိုပြီးမနေနိုင်ပါဘူး။ အဆုတ်ထဲကို ရောက်ရှိတဲ့ လေဟာလည်း သန့်စင်နေဖို့ အထူးလိုအပ်လှပါတယ်။ ဒါကြောင့် အဆုတ်ကျန်းမာနေစေဖို့ ရှူသွင်းလိုက်တဲ့လေဟာ ကောင်းမွန်သန့်စင်နေအောင် ဂရုစိုက်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်တော့မှ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ရှိတဲ့ နေရာတွေကိုလည်း တတ်နိုင်သမျှ မသွားပါနဲ့။

(၂) ကိုယ်ခန္ဓာကို တတ်နိုင်သမျှ လှုပ်ရှားပေးပါ။ တစ်ပတ်မှာ သုံး-လေးကြိမ်လောက် အသက်ဝ၀ရှူနိုင်လောက်အောင် မောပန်းတဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။

(၃) နှာခေါင်းကနေပဲ အသက်ရှူပါ။ ပါးစပ်ဖွင့်ပြီး အသက်ရှူသွင်းတာမျိုးကို တတ်နိုင်သမျှ မလုပ်သင့်ပါ။ နှာခေါင်းထဲက အမွှေးတွေဟာ လေစစ်ဆန်ခါသဖွယ် ဆောင်ရွက်ပြီး အလွန်အမင်းသေးငယ်လှတဲ့ အမှုန်အမွှားတွေကိုသာ ဝင်ခွင့်ပြုပါတယ်။

(၄) သင်ရှူသွင်းနေတဲ့ လေက သန့်ရဲ့လားဆိုတာကို အမြဲသတိထားပါ။ လူ့အဆုတ်ထဲကို မဝင်သင့်တဲ့ လေဆိုတာ ရှိပါတယ်။ အဲဒီလိုလေရှိတဲ့ နေရာမျိုးကိုရောက်ရင် နှာခေါင်းစည်း (Mask) တပ်ထားပါ။ အဆုတ်အတွက် မကောင်းတဲ့ လေတွေကတော့-

• ကားအင်ဂျင်မှထွက်တဲ့ အခိုးအငွေ့

• ဆေးလိပ်မီးခိုးနဲ့ မီးဖိုကထွက်တဲ့မီးခိုးများ

• ဓာတုပစ္စည်းပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတချို့

• အိမ်သုတ်ဆေးအနံ့

• ကိုယ်လိမ်းပေါင်ဒါ(Talcum)နဲ့ ကလေးသုံး ပေါင်ဒါတချို့ (ပေါင်ဒါမှုန့်အမှုန်တွေဟာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲရောက်ရှိရင် ထိခိုက်စေနိုင်ပါတယ်။ ပြောင်းမှုန့် (Corn Starch)နဲ့ လုပ်ထားတဲ့ ပေါင်ဒါအမျိုးအစားသုံးပါ။

• ဖိုင်ဘာဖန်စများနဲ့ ဖန်စကြေများ

• ကြွေထည်မှုန့်များ

(၅) အသက်ရှူမဝခြင်း၊ မောပန်းခြင်း၊ ရင်ကျပ်ပန်းနာဖြစ်ခြင်း စတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရရင် ကောင်းကောင်းအသက်ရှူနိုင်အောင် ဆေးကုသမှု ခံယူပါ။

အကြံပြုချက်

ညစ်ညမ်းတဲ့လေထုနဲ့ ခဏတာထိတွေ့ပြီး အချိန်အတိုင်းအတာတစ်ခု ကြာသွားရင် အဆုတ်တွေ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top