Healthy Life Ad
News

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကင်ဆာလူနာများကို အဝေးရောက် Viber ဗီဒီယိုဖြင့် အခမဲ့ဆွေးနွေးပေးနေ

———-၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊————-

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကင်ဆာလူနာများအကျိုးအတွက် Viberဗီဒီယိုဖြင့် အခမဲ့ ဆွေးနွေးနိုင်သည့် အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

“တစ်ပတ်မှာတစ်ရက် Viber ဗီဒီယိုနဲ့ ဆွေးနွေးပေးတာပါ။ စေတနာ့ဝန်ထမ်း ဒေါက်တာသူရိန်ဝင်းက အဓိကတာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ Registration လုပ်ဖို့ Link မှာဖြည့်ပြီး ကြိုတင်ရက်ချိန်းယူပြီး အချိန်ပေးပါတယ်။ သတ်မှတ်ထားတဲ့ နေ့ရက်နဲ့ အချိန်မှာ လူနာ ဒါမှမဟုတ် လူနာရဲ့ မိသားစုက ဆရာဝန်နဲ့ Viber ကတဆင့် တိုက်ရိုက်ဆွေးနွေးလို့ ရပါတယ်” ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ဆိုသည်။

အွန်လိုင်းအကြံပေး ဆွေးနွေးခြင်း အသေးစိတ်အစီအစဉ်အတိုင်း ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်နိုင်ပါရန် Linkမှာ https://docs.google.com/forms/d/e/1FAIpQLSeyujwPkgX-KkuCxPybn2WeauUDo3kEg5csCPkIALCS4GP_jw/viewform?fbclid=IwAR29t2y8usoLhvcU5g87T2EM-u9FhaQiS3G-ri9VFMUgSyZP_lE-CkZSCCA ဖြစ်ပြီး ကင်ဆာလူနာများနှင့် လူနာရှင်မိသားစုဝင်များအနေဖြင့် လွတ်လပ်စွာ ဆွေးနွေးနိုင်ကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top