Healthy Life Ad
Health Tips

ရေနွေးကြမ်း ဘာကြောင့် သောက်သင့်သလဲ

———၊ ငွေကြယ်စင်ယံ ၊———

ရေနွေးကြမ်းကို သောက်လေ့ရှိပါသလား။ လက်ဖက်ခြောက်၊ လက်ဖက်စိမ်းခြောက် စတာတွေ ခတ်ထားတဲ့ ရေနွေးကြမ်းသောက်တာကြောင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

(၁) ရောဂါဝေဒနာများကို ကာကွယ်ပေးနိုင်ခြင်း

ရေနွေးကြမ်းကို တစ်နေ့ခွက်အနည်းငယ် သောက်တာကြောင့် ကျန်းမာရေးကောင်းမွန်စေပါတယ်။ လက်ဖက်ရွက်တွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဆဲလ်တွေကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါကြောင့် ရောဂါဝေဒနာတွေ မရအောင် ကာကွယ်ပေးနိုင်တာပါ။

(၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်ခြင်း

လက်ဖက်စိမ်းလက်ဖက်ရည်ဟာ သွေးတွင်းဂလူးကို့စ်(သကြား)ဓာတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာမှုတချို့က ဖော်ပြထားပါတယ်။ ဒါပေမဲ့ တိကျသေချာတဲ့ ရလဒ်အတွက် လေ့လာမှုအများအပြားလုပ်ဖို့ လိုနေပါသေးတယ်။

(၃) နှလုံးရောဂါဖြစ်နှုန်း လျော့ကျစေခြင်း

လေ့လာမှုတချို့အရ လက်ဖက်စိမ်းလက်ဖက်ရည် သောက်တာကြောင့် ကိုယ်အလေးချိန်၊ သွေးဖိအားနဲ့ ကိုလက်စထရော စတာတွေ အပါအဝင် နှလုံးရောဂါဖြစ်စေတဲ့ အချက်တချို့ကို လျော့ကျစေကြောင်း သိရပါတယ်။

အကြံပြုချက်

• လတ်ဆတ်စွာနှပ်ပြီး သောက်ပါ

• လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ ရေနွေးကြမ်းမှာ အင်တီအောက်ဆီးဒင့် ပိုမိုပါရှိတာကြောင့် ကျန်းမာရေးနဲ့ ပိုညီညွတ်မှုရှိပါတယ်။

• လက်ဖက်ခြောက်ကို ၃-၅ မိနစ်ခန့် နှပ်ပါ

• လက်ဖက်ခြောက်ကနေ အင်တီအောက်ဆီးဒင့်ပမာဏ အများဆုံးရရှိဖို့ရာအတွက် လတ်လတ်ဆတ်ဆတ်နှပ်ပြီး အချိန် ၃-၅ မိနစ်ခန့် ထားရှိပါ။ ဒါဆိုရင် အမြင့်မားဆုံးအာနိသင်ရရှိဖို့ လုံလောက်ပါတယ်။

• ရေနွေးကြမ်းပူပူကို သောက်ပါ

• အေးတဲ့ ရေနွေးကြမ်းထက် ပူနွေးတဲ့ ရေနွေးကြမ်းမှာ ကတ်တီချင်ပမာဏ ပိုမိုပါဝင်တာကြောင့် ကျန်းမာရေးအာနိသင် ပိုမိုရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top