Healthy Life Ad
Health Tips

ကိုယ်နံ့ဆိုးကို အမြန်ဆုံးဖယ်ရှားပေးနိုင်မည့် ပစ္စည်း ၁၀ မျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ချွေးထွက်များတာ၊ ကိုယ်လက်လှုပ်ရှားမှု အလွန်အကျွံ လုပ်ဆောင်တာတို့လို အပြုအမူတွေက ကိုယ်နံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကော်ဖီတို့လို အစားအသောက်တွေကလည်း ချွေးထွက်ပြီး ချွေးနံ့ပြင်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နံ့ဆိုးထွက်တာကို အမြန်ဆုံးဖယ်ရှားပေးနိုင်မယ့် ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-56692
(၁) အုန်းဆီ

အုန်းဆီက သင့်ခန္ဓာကိုယ်ကို သင်းပျံ့တဲ့ အနံ့ပေးနိုင်တဲ့ အထိရောက်ဆုံး အရာပါ။ ပိုးသတ်အစွမ်းရှိပြီး အုန်းဆီထဲပါဝင်တဲ့ လောရစ်အက်စစ်က ပြင်းထန်တဲ့ အနံ့အသက်ကို ပြေလျော့သွားစေပါတယ်။ ဘယ်လိုလုပ်သင့်သလဲဆိုတော့ ရေချိုးပြီးတိုင်း ချိုင်းကြားထဲမှာ အုန်းဆီကို ပွတ်လိမ်းပေးရမှာပါ။

alignnone size-medium wp-image-56693
(၂) လီမွန်သီးနှင့် အခြားအချဉ်အရသာရှိ သစ်သီးများ

လီမွန်သီးရဲ့ ပိုးသတ်အစွမ်းက ချိုင်းအနံ့ကိုပြေပျောက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အုန်းဆီလိုမျိုး လီမွန်ရည်က မကောင်းတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ခံတွင်းရနံ့သင်းပျံ့မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ မနက်ခင်းမှာ လီမွန်ရည်တစ်ဖန်ခွက် သောက်တာကြောင့် အနံ့အသက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ နောက်ထပ်လုပ်လို့ရတာကတော့ လီမွန်သီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းကြား ဒါမှမဟုတ် ခြေဖဝါးအောက်မှာ ပွတ်လိမ်းပေးပြီး အခြောက်ခံပါ ပြီးရင် ရေချိုးပါ။

alignnone size-medium wp-image-56691
(၃) နှမ်းကြတ်စေ့

နှမ်းကြတ်စေ့ကို အင်တီအောက်ဆီးဒင့်အဖြစ် သုံးနိုင်တာကြောင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ကင်းစင်စေရုံသာမက အနံ့ဆိုးဖြစ်စေတဲ့ ကူးစက်ပိုးတွေကို ကင်းစင်စေပါတယ်။ ရေပူထဲ နှမ်းကြတ်စေ့ဆီ လက်ဖက်စားဇွန်းတစ်ဇွန်း ထည့်ပြုတ်ပြီး ရလာတဲ့အရည်ကို ၆-၈ နာရီကြာပြီးမှ စားပေးနိုင်ပါတယ်။ နှမ်းကြတ်စေ့ကို ရေနွေးကြမ်းထဲ ထည့်စားလို့လည်း ရပါတယ်။

alignnone size-medium wp-image-56694
(၄) တမာရွက်

တမာရွက်မှာ ဖန်းဂတ်စ်မှို၊ ဘက်တီးရီးယားပိုးတို့ကို ကင်းစင်စေပြီး ပိုးသတ်အစွမ်းရှိပါတယ်။ တမာရွက်က ဘက်တီးရီးယားပိုးတွေနဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေတာကြောင့် ကိုယ်နံ့ဆိုးတွေကို လျော့ကျစေပြီး ချွေးထွက်တာကို ဟန့်တားပေးပါတယ်။ တမာရွက်ကို ကြိတ်လို့ရတဲ့အမှုန့်ကို ရေနဲ့ဖျော်ပြီး ချိုင်းကြားမှာလိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေချိုးပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်လုပ်ပေးရင် ပိုကောင်းတဲ့ရလဒ် ရရှိစေပါလိမ့်မယ်။

alignnone size-medium wp-image-56695
(၅) ဂျုံမြက်နု

ဂျုံမြက်နုကရတဲ့ အရည်မှာ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင် B12 ၊ ဗီတာမင် B6 နဲ့ ဖောလစ်အက်စစ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အစွမ်းထက် သဘာဝအင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ကိုယ်နံ့ဆိုးထွက်တာကို တွန်းလှန်ပေးနိုင်ပါတယ်။ ဂျုံမြက်နုအမှုန့်ကို တစ်နေ့ ၄၀ ဂရမ်လောက် စားပေးသင့်ပါတယ်။

alignnone size-medium wp-image-56696
(၆) တရုတ်နံနံ

တရုတ်နံနံပင်က မလိုလားအပ်တဲ့ ကိုယ်နံ့ဆိုးတွေကို ကင်းစင်စေပါတယ်။ ကလိုရိုဖီးလ်ပါဝင်မှု မြင့်မားပြီး သင်းပျံ့တဲ့အနံ့ရှိကာ ချွေးနံ့ဆိုးတွေကို ကင်းစင်စေပါတယ်။ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတာကြောင့် ကိုယ်နံ့ဆိုးထွက်တာကို သက်သာစေပါတယ်။ လေ့လာမှုအရ တရုတ်နံနံပင်က ဆာလဖာဒြပ်ပေါင်းကို အောင်မြင်စွာ တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။

alignnone size-medium wp-image-56697
(၇) ဆေးဖက်ဝင်အပင်တစ်မျိုး (Sage)

ဒီဆေးဖက်ဝင်အပင်မှာ ဖလေဗနွိုက်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်တွေ၊ ဖိုင်တိုဆိုက်နဲ့ တခြားဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အနာကျက်အစွမ်းရှိပြီး ရောင်ရမ်းမှုကျစေပါတယ်၊ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ ချွေးထွက်တာကို တွန်းလှန်ပေးပါတယ်။

alignnone size-medium wp-image-56698
(၈) ပူဒီနာ(ပူစီနံ)

ပူစီနံရွက်က ချွေးနံ့ကင်းစင်စေပြီး ချွေးထွက်ဂလင်းတွေကထွက်တဲ့ အနံ့ဆိုးတွေကို လျော့ပါးစေပါတယ်။ ပူစီနံရွက်ကို လတ်လတ်ဆတ်ဆတ် စားလို့ရသလို ရေနွေးကြမ်းပူပူထဲ ထည့်ခတ်ပြီး သောက်သုံးနိုင်ပါတယ်။ ချိုင်းကြားမှာ လိမ်းပေးရင် ရောင်ရမ်းမှုကျစေတဲ့အစွမ်းရှိပြီး သင်းပျံ့စေပါတယ်။

alignnone size-medium wp-image-56700
(၉) သစ်ကြံပိုးခေါက်

ဟင်းလျာထဲ သစ်ကြံပိုးခေါက်မှုန့် ထည့်တာက ကောင်းတဲ့အလေ့အထပါ။ သစ်ကြံပိုးခေါက်မှုန့် စားပေးရင် ခံတွင်းထဲက အနံ့ဆိုးတွေ ကင်းစင်စေပါတယ်။ နေ့တိုင်းစားရင် ကိုယ်နံ့ကင်းပြီး ချွေးအလွန်အမင်း ထွက်တာကိုပါ သက်သာစေပါတယ်။

alignnone size-medium wp-image-56699
(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်းလက်ဖက်ရည်မှာ သြဂဲနစ်အက်စစ်နဲ့ တန်နင်ဓာတ်တွေ ပါဝင်နေပါတယ်။ ချွေးထွက်များတာကို တွန်းလှန်ပြီး ဘက်တီးရီးယားပိုး ပေါက်ပွားမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခြေထောက်၊ ပါးစပ်နဲ့ တစ်ကိုယ်လုံးက အနံ့ဆိုးထွက်ရှိမှုကို လျော့ပါးစေတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ကို နေ့တိုင်း သောက်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top