Healthy Life Ad
Health Tips

ကျန်းမာလှပသော ဘဝရရှိစေမည့် ထူးကဲသော နည်း ၂၁ သွယ်

———၊ ငွေကြယ်စင်ယံ ၊———

(၁) နေ့စဉ် ၁၀-၃၀ မိနစ်ခန့်လမ်းလျှောက်ပါ။ လမ်းလျှောက်ရင်းပြုံးပါ။ ဒီနည်းဟာ စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။

(၂) တစ်နေ့အနည်းဆုံး ၁၀ မိနစ်ခန့် ငြိမ်သက်တိတ်ဆိတ်တဲ့ အခန်းထဲမှာ ထိုင်ပါ။

(၃) နံနက်အိပ်ရာထချိန်မှာ တစ်နေ့တာလုပ်ရမယ့် ကိစ္စတွေ အဆင်ပြေစေဖို့ ဆုတောင်းပါ။

(၄) အပင်ပေါ်မှာ သီးပွင့်တဲ့အစားအစာတွေကို များများစားပါ။ စက်ရုံထွက်အစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။

(၅) လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ရေများများသောက်ပါ။ ပန်းဂေါ်ဖီစိမ်း၊ ဘလူးဘယ်ရီသီးနဲ့ သီဟိုဠ်စေ့ကို စားပါ။

(၆) တစ်နေ့အနည်းဆုံး လူသုံးဦးကို ပြုံးပြဖို့ ကြိုးစားပါ။

(၇) သင့်စွမ်းအင်ကို အတင်းအဖျင်း၊ အဆိုးမြင်အတွေး၊ အတိတ်ကာလဖြစ်ရပ်နဲ့ သင်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မဖြုန်းတီးပစ်ပါနဲ့။ အပြုသဘောဆောင်တဲ့ လက်ရှိကာလမှာ သင့်စွမ်းအင်ကို ရင်းနှီးမြှုပ်နှံပါ။

(၈) နံနက်စာကို ဘုရင်ကြီးတစ်ပါးလိုစားပါ၊ နေ့လယ်စာကို မင်းသားတစ်ပါးလိုစားပါ၊ ညနေစာကို ငွေပြတ်နေတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်လို စားပါ။

(၉) ဘဝဆိုတာ မမျှတပါဘူး။ ဒါပေမဲ့ ဒီလိုမမျှတမှုကြား ရှင်သန်နိုင်တဲ့ သင့်သန်စွမ်းမှုကို လေးစားပါ။

(၁၀) တခြားတစ်ယောက်ကို မုန်းတီးပြီး အချိန်ဖြုန်းဖို့ ဘဝကတိုတောင်းလွန်းပါတယ်။ ဒါကြောင့် သူတို့ကို ခွင့်လွှတ်လိုက်ပါ။

(၁၁) သူများကို အလွန်အမင်းအရေးစိုက်ပြီး မဝံ့မရဲမဖြစ်ပါနဲ့။ တခြားသူတွေက သင့်အရေးထက် သူတို့အရေးကို ပိုစိတ်ဝင်စားပါတယ်။

(၁၂) ငြင်းခုံမှုတိုင်း အောင်မြင်ဖို့မလွယ်ပါဘူး။ သဘောထားကွဲလွဲမှုကိုလည်း လက်ခံပါ။

(၁၃) အတိတ်ကာလနဲ့ အဆင်ပြေအောင်နေပါ။ ဒါဆိုရင် ပစ္စုပ္ပန်ကာလကို မဖျက်ဆီးနိုင်ပါဘူး။

(၁၄) သင့်ဘဝကို တခြားသူနဲ့ ယှဉ်မတွေးပါနဲ့။

(၁၅) လိုအပ်နေသူတွေကို ကူညီပါ။ ရက်ရောပါ။ ပေးသူဖြစ်ပါစေ၊ ယူသူမဖြစ်ပါစေနဲ့။

(၁၆) သင်နဲ့ပတ်သက်ပြီး တခြားသူတွေ ဘယ်လိုပဲထင်ထင်၊ ဒါသင့်ကိစ္စမဟုတ်ပါဘူး။

(၁၇) နာကျင်ဝမ်းနည်းနေရင် စိတ်ရှည်ပါ။ အချိန်ကာလက ကုစားပေးပါလိမ့်မယ်။

(၁၈) ကောင်းတဲ့အခြေအနေပဲဖြစ်ဖြစ်၊ ဆိုးတဲ့အခြေအနေပဲဖြစ်ဖြစ် ခဏပါပဲ။ အပြောင်းအလဲက အမြဲဖြစ်ပေါ်နေတာပါ။

(၁၉) သင်နေမကောင်းတဲ့အခါ သင့်အလုပ်က သင့်ကိုစောင့်ရှောက်မှာ မဟုတ်ပါဘူး။ သင့်မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေကသာ စောင့်ရှောက်မှာပါ။ သူတို့နဲ့ ချစ်ချစ်ခင်ခင်နေထိုင်ပါ။

(၂၀) မနာလိုစိတ်ရှိတာက အချိန်ဖြုန်းတာပါပဲ။

(၂၁) အိပ်ရာမဝင်ခင် ညတိုင်း ဘုရားရှိခိုးပါ။ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ပါ။ မေတ္တာပို့ပါ။

Most Popular

Healthy Life Ad
To Top