Healthy Life Ad
Health Tips

သွေးအားနည်းရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်များ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

သွေးအားနည်းရောဂါမှာ အဓိက အများဆုံးဖြစ်တာကတော့ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။ ၂၀ဝ၇ခုနှစ် WHO စာရင်းအရ ကမ္ဘာ့လူဦးရေ သန်းခြောက်ထောင်ရှိတဲ့အထဲမှာ သန်းခြောက်ရာကျော်က သံဓာတ်ချို့တဲ့ သွေးအားနည်းတဲ့ ရောဂါကို ခံစားနေရပါတယ်။ အဲဒီထဲမှာမှ အမျိုးသမီးတွေက ၁၀ ရာခိုင်နှုန်းခန့် ခံစားနေရပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်လဲ

ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဘယ်အသက်အရွယ်မှာမဆို ယောကျာ်းရော၊ မိန်းမရော ဖြစ်နိုင်ပါတယ်။ ဘယ်လိုမိန်းကလေးမျိုးက အဖြစ်အများဆုံးလဲဆိုတော့ ကလေးမွေးထားတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေ၊ နောက်ပြီး အစာအာဟာရ မပြည့်ဝတဲ့ ကလေးတွေ၊ Poor Diet လို့ ခေါ်တဲ့ အာဟာရမပြည့်တာတွေ စားနေရတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ နောက်ပြီး ခဏခဏ သွေးလှူတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ သက်သတ်လွတ်စားတဲ့သူတွေ၊ လမစေ့ဘဲမွေးတဲ့ ကလေးတွေမှာလည်း တွေ့ရပါတယ်။

“မနက်စာအဖြစ် အုတ်ဂျုံကွေကာ (Oatmeal) စားမယ်ဆိုရင် ၁၈ မီလီဂရမ်လောက် ရပါတယ်။ ဒါဟာ သံဓာတ်လိုအပ်ချက်ရဲ့ ၁၀ဝ ရာခိုင်နှုန်းအပြည့်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာမက ကိုယ်ဝန်ဆောင်တွေကို အုတ်ဂျုံကွေကာတစ်ခွက် မနက်ဆိုရင် အမြဲစားပေးဖို့ တိုက်တွန်းပါတယ်။”

သွေးအားနည်းခြင်း လက္ခဏာများ

သွေးအားနည်းရင် မူးမယ်၊ အိပ်ရေးမဝဖြစ်မယ်၊ အသက်ရှူမဝဖြစ်မယ်၊ ခြေထောက်တွေကျဉ်မယ်၊ ခြေထောက်မှာ တစ်ခုခုတွားသွားနေသလို ခံစားရမယ်။ ခြေဖျား/လက်ဖျားအေးမယ်၊ နှလုံးခုန်သံ မမှန်တာတွေဖြစ်မယ်၊ လက်သည်းတွေချိုင့်ဝင်မယ်၊ အသားအရေတွေ ဖြူဖပ်ဖြူရော်ဖြစ်မယ်။ လျှာမှာအဖုတွေထွက်မယ်။ လျှာမှာနီရဲနေမယ်။ တချို့ကတော့ ခေါင်းကိုက်တာတွေဖြစ်မှာပါ။ သံဓာတ်ကြွယ်ဝတဲ့ အစာတွေ စားပေးရပါမယ်။ အနီရောင်အသားတွေစားမယ်၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့မာသီးတွေ၊ Cereal လို့ခေါ်တဲ့ ကွေကာတွေ သောက်ပေးရပါမယ်။ နောက်တစ်ခုက သံဓာတ်စုပ်ယူမှု အားကောင်းတဲ့ အစာတွေဖြစ်တဲ့ ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ လိမ္မော်သီးတွေ၊ သံပရာသီးတွေ၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ မာလာကာသီး၊ စပျစ်သီး၊ ကင်ပွန်းချဉ်သီးတို့ကို စားပေးရပါမယ်။ ဒီအစားအစာတွေက ဈေးထဲမှာ အလွယ်တကူလည်း ရနိုင်ပါတယ်။

ရှောင်သင့်သည်များ

ဒီလိုသံဓာတ်အားကောင်းတဲ့ အစာတွေစားသလို သံဓာတ်စုပ်ယူမှုကို ဟန့်တားစေတဲ့ အစာတွေမစားဖြစ်အောင်လည်း သတိထားရပါမယ်။ ဥပမာ- ရေနွေးကြမ်းတို့လိုမျိုး၊ လက်ဖက်သုပ်၊ လက်ဖက်ရည်နဲ့ တချို့ပဋိဇီဝဆေးတွေနဲ့ အစာတွေ တွဲစားတာမျိုး ရှောင်ရပါမယ်။ စားချင်တယ်ဆိုရင်တောင်မှ နာရီဝက်ခြားပေးရပါမယ်။ စားတဲ့အစာထဲမှာ သံဓာတ်တွေ ပါတာကြောင့် အဲလိုအစာတွေ စားတဲ့အခါ သံဓာတ်တွေ လျော့နည်းသွားနိုင်လို့ ဖြစ်ပါတယ်။

သံဓာတ် ဘယ်လောက်လိုအပ်သလဲ

မွေးစကနေ- ခြောက်လဆိုရင် ဝ ဒသမ ၂၇ မီလီဂရမ် လိုပါတယ်။

အရွယ်ရောက်ပြီးသားသူတွေမှာတော့ ၁၀ မီလီဂရမ်လောက်လိုပါတယ်။ ဒါတစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏ ဖြစ်ပါတယ်။

မနက်စာအဖြစ် အုတ်ဂျုံကွေကာ (Oatmeal) စားမယ်ဆိုရင် ၁၈ မီလီဂရမ်လောက် ရပါတယ်။ ဒါဟာ သံဓာတ်လိုအပ်ချက်ရဲ့ ၁၀ဝ ရာခိုင်နှုန်းအပြည့်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာမက ကိုယ်ဝန်ဆောင်တွေကို အုတ်ဂျုံကွေကာတစ်ခွက် မနက်ဆို အမြဲစားပေးဖို့ တိုက်တွန်းပါတယ်။ နောက်ပြီး Oysters လို့ခေါ်တဲ့ ပင်လယ်စာတွေ စားတဲ့အခါ သံဓာတ်ကို ရှစ်မီလီဂရမ်လောက်ရပါတယ်။ ပဲဟင်းတစ်ခွက်စားမယ်ဆိုရင်လည်းပဲ သံဓာတ်ရှစ်မီလီဂရမ် ရပါတယ်။ ချောကလက်စားမယ်ဆိုရင် ခုနှစ်မီလီဂရမ်ရပါတယ်။ သံဓာတ်အားဖြည့်ဆေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သံဓာတ်အားဖြည့်ဆေးတွေက ဝမ်းချုပ်နိုင်တာကြောင့် သောက်မယ်ဆိုရင် ရေများများနဲ့တော့ သောက်ပေးဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top