Healthy Life Ad
Health Tips

အလုပ်လုပ်တဲ့ ကိုယ်ဝန်ဆောင်မေမေတို့ ကျန်းမာစမတ်ကျ ကြည့်ကောင်းနေစေဖို့ . . .

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်လုပ်သင့်ပါသလား။

လေ့လာမှုတွေအရ နဂိုကတည်းက အလုပ်လုပ်တဲ့ ကိုယ်ဝန်ဆောင် ၇၈ ရာခိုင်နှုန်းခန့်ဟာ ကိုယ်ဝန်ဆောင်ကာလပြီးဆုံးတဲ့အထိ အလုပ်လုပ်ရင်း ရင်သွေးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း အလုပ်လုပ်သင့်သလားဆိုတာကို ဆန်းစစ်အဖြေရှာတဲ့အခါ ကျန်းမာရေးကောင်းရဲ့လား၊ အရင်ကိုယ်ဝန်ဆောင်ခဲ့ဖူးရင် အဲဒီတုန်းက အဆင်ပြေချောမွေ့ခဲ့ရဲ့လား စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အမျိုးအစား၊ အလုပ်လုပ်ရမယ့် အချိန်ကာလ၊ အလုပ်ကြောင့် သင်နဲ့ သင့်ကလေးကို ထိခိုက်နိုင်ခြေ ရှိ/မရှိ ဆိုတဲ့ အချက်တွေကလည်း အရေးကြီးပါတယ်။ တချို့အလုပ်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ရှိပါတယ်။ အလေးမရတာ၊ အမြင့်ကိုတက်ရတာ၊ အကြာကြီးမတ်တပ်ရပ်ရတာနဲ့ အလုပ်ချိန်များလွန်းတာတွေက ကိုယ်ဝန်ဆောင်မိခင်အတွက် မသင့်တော်ပါဘူး။ သင့်ဆရာဝန်က သင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အလုပ်လုပ်ဖို့ သင့်တော်တယ်လို့ ဆုံးဖြတ်ခဲ့လို့ အလုပ်လုပ်နေသူဆိုရင် အောက်ပါလမ်းညွှန်ချက်တွေကို လိုက်နာသင့်ပါတယ်။

alignnone size-medium wp-image-56321
(၁) အာဟာရပြည့်ပြည့်ဝ၀ စားပါ

နေ့စဉ် အာဟာရပြည့်ဝတဲ့အစာကို သုံးကြိမ်-ငါးကြိမ်ခန့်စားပါ။ ဟင်းသီးဟင်းရွက်အစိမ်းတွေ၊ သစ်သီး၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ သကြားမပါတဲ့ ကောက်နှံစာ၊ ဥအမျိုးမျိုး၊ နို့စတဲ့ အာဟာရအပြည့်ပါတဲ့ အစားအသောက်တွေ ပါဝင်ပါစေ။

(၂) သရေစာဆောင်ထားပါ

အလုပ်မှာ အလွယ်တကူစားလို့ရတဲ့ သရေစာတွေကို ဆောင်ထားပါ။ ကြက်ဥပြုတ်၊ ဘဲဥပြုတ်၊ သစ်သီး၊ ခရက်ကာမုန့်၊ မြေပဲထောပတ် စတဲ့ သရေစာတွေက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါတယ်။ ဗိုက်ဆာတာနဲ့ သွေးတွင်းသကြားဓာတ် လျော့နည်းတာတွေက ပျို့ချင်အန်ချင်စိတ်ကို ဖြစ်စေတာကြောင့် အစာကို မှန်မှန်စားပေးပါ။ တရားထိုင်တာ၊ စိတ်ဖိစီးမှုလျှော့ချတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အန်တာကို သက်သာစေပါတယ်။

alignnone size-medium wp-image-56322
(၃) အလုပ်ကိစ္စကို အစီအစဉ်တကျ လုပ်ဆောင်ပါ

အလုပ်မှာ အလုပ်ကိစ္စအားလုံး အစီအစဉ်တကျ ဖြစ်စေဖို့ လက်ထဲမှာ မှတ်စုစာအုပ်တစ်အုပ်ကို ဆောင်ထားပြီး အလုပ်နဲ့အိမ်မှာ လုပ်သင့်တဲ့အရာတွေကို မှတ်ထားပါ။ ပြက္ခဒိန်ပေါ်မှာ ချိန်းဆိုထားတဲ့ အရာတွေ၊ လုပ်ရမယ့်အလုပ်တွေကို ရေးမှတ်ထားပါ။ စိတ်ရောလူပါ ပင်ပန်းရမယ့် အလုပ်တွေကို မလုပ်ပါနဲ့။

(၄) အရည်ရွှမ်းတဲ့ သစ်သီးဝလံစားပါ

တစ်နေ့လုံး ရေကို များများသောက်ပြီး ရေဓာတ်ဖြည့်တင်းပေးပါ။ သစ်သီး၊ သစ်သီးဖျော်ရည်နဲ့ ဖြည့်စွက်ဆေးတွေသောက်ပြီး ဗီတာမင်စီ အလုံအလောက်ရအောင် မှီဝဲပါ။

(၅) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

တစ်ညမှာ ၁၀-၁၁ နာရီလောက် အိပ်စက်အနားယူပါ။

alignnone size-medium wp-image-56323
(၆) လမ်းလျှောက်ပါ

လမ်းလျှောက်တာလို အသင့်အတင့် လေ့ကျင့်ခန်းကို လုပ်ပေးတာကြောင့် ခြေထောက်ရောင်တာ၊ သွေးကြောထုံးတာ၊ သွေးခဲတာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ လေးလံတဲ့ ပစ္စည်းတွေကို သယ်မတာ၊ ပြင်းထန်တဲ့ အလုပ်လုပ်တာတွေကို ရှောင်ပါ။ ရေကူးတာက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်တော်တဲ့ လေ့ကျင့်ခန်းပါ။

(၇) ဆေးလိပ်ငွေ့ လုံးဝမရှူမိပါစေနဲ့

ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်သူရဲ့ အနားမှာလည်း မနေပါနဲ့။ ဆေးလိပ်သောက်တာက သင်နဲ့သင့်ကလေးအတွက် အလွန်အန္တရာယ်များလို့ပါ။ ဆေးလိပ်ငွေ့ရှူမိတာကြောင့် ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ကလေးမွေးတာ၊ ပေါင်မပြည့်ကလေးမွေးတာနဲ့ မွေးကင်းစကလေးသေဆုံးတာတွေ ဖြစ်စေနိုင်ပါတယ်။

(၈) အရက်ရှောင်ပါ

အရက်မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်အလွန်အမင်းသောက်တာကြောင့် မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးတာကို ဖြစ်စေနိုင်ပါတယ်။

(၉) ကိုယ်ဝန်ဆောင်အားဆေးကလွဲရင် အခြားဆေးမသောက်သင့်ပါ

ကိုယ်ဝန်ဆောင်အားဆေးကလွဲရင် ဘယ်လိုဆေးကိုမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ်မှာ သတိထားပါ။ ဆေးမှားသောက်မိတာကြောင့် ပေါင်မပြည့်ကလေးမွေးတာ၊ နာ့ဗ်ကြောစနစ်ထိခိုက်တာနဲ့ ကလေးဟာ အာခေါင်ကွဲတာ၊ နှလုံးမကောင်းတာလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။

(၁၀) စိတ်ညစ်ညူးစေမယ့် မြင်ကွင်းတွေရှောင်ပါ

ကြမ်းကြုတ်ရက်စက်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ ဇာတ်လမ်းတွေကို မကြည့်ပါနဲ့။ ရန်သတ်တာတွေ၊ ရန်ဖြစ်တာတွေလို ဖြစ်ရပ်တွေ၊ ကြည့်မကောင်းတဲ့ မြင်ကွင်းတွေကို လုံးဝမကြည့်သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top