Healthy Life Ad
Health Tips

စင်းလုံးချောမလှလည်း ယုံကြည်မှု အပြည့်ရှိစေတဲ့ ကမ္ဘာကျော်တွေရဲ့ လက်ကိုင်ဆောင်ပုဒ်တွေ . . .

———၊ မီမိုးမေ(ဆေးဝါးတက္ကသိုလ်) ၊———

ပြစ်မျိုးမှဲ့မထင် အလှမျိုးမပိုင်ဆိုင်ပေမယ့် သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိရှိ စမတ်ကျလှပစွာ လူပုံအလယ် ထင်ရှားနေကြတဲ့ ကမ္ဘာကျော်တွေရဲ့ လက်ကိုင်ဆောင်ပုဒ်တွေကို ဖော်ပြလိုက်ပါတယ်။

alignnone size-medium wp-image-56278
တေလာဆွစ်ဖ်

အဆိုတော် တေလာဆွစ်ဖ်က “လူတိုင်းမှာ သူများနဲ့မတူတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိပြီးသားပါ။ အပြစ်ကင်းစင်တဲ့ ခန္ဓာကိုယ်အလှမဟုတ်ရင်တောင် လက်ခံပြီး ယုံကြည်မှုထားရှိလိုက်ရင် ပိုလှလာပါလိမ့်မယ်”လို့ ဆိုထားပါတယ်။

alignnone size-medium wp-image-56279
ကင်မ်ကာဒါရှိန်း

တီဗီစတား ကင်မ်ကာဒါရှိန်းဟာ သူရဲ့ပေါင်တွေ၊ အဆီပိုတွေနဲ့ ပတ်သက်ပြီး ရှိုးတိုးရှန့်တန့်ဖြစ်ခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။ “မလုံခြုံမှုခံစားရတာနဲ့ ပတ်သက်ပြီး လေ့လာရာမှာ အချိန်လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ဟန်အစစ်အမှန်ကို မပြောင်းလဲနိုင်ဘူးလို့ ကျွန်မသဘောပေါက်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ပိုမိုလှပလာအောင် အာရုံစိုက်ပြီး ကြံ့ခိုင်ကျန်းမာအောင် လေ့ကျင့်ခန်းကို လုပ်ဆောင်ပါတယ်။ ဒီလိုနည်းနဲ့လုပ်ဆောင်ခဲ့တာကြောင့် ကျွန်မခန္ဓာကိုယ်ကောက်ကြောင်းကို ပိုသဘောကျလာပြီး လက်မောင်းတွေက ပိုလှလာတယ်လို့ ခံစားရပါတယ်။ အခုအခါမှာ ကျွန်မရဲ့ ကိုယ်နေဟန်နဲ့ပတ်သက်ပြီး ဂုဏ်ယူမိပါတယ်”လို့ သူကဆိုပါတယ်။

Tip!

ကမ္ဘာကျော်တစ်ဦးကဲ့သို့ ယုံကြည်မှုရှိစေရန်

မဂ္ဂဇင်းနဲ့ တီဗီတွေထဲမှာ မြင်ရတဲ့ပုံတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်မနှိုင်းယှဉ်ပါနဲ့။ ဒီလိုလှပဖို့ရာအတွက် သူတို့က နာရီပေါင်းများစွာ အချိန်ပေးပြီး ပြင်ဆင်ရ၊ ဓာတ်ပုံရိုက်ရတာပါ။ “သရုပ်ဆောင်တွေက မိတ်ကပ်တွေလိမ်း၊ ဆံပင်တွေပြင်၊ အဝတ်အစားတွေရွေးပြီး ဘယ်လိုကိုယ်ဟန်နဲ့ နေရမယ်ဆိုတာ ကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်တွေနဲ့ လုပ်ဆောင်ကြတာပါ။ ဒီလိုပြင်ဆင်ပြုပြင်လိုက်ရင် သင်လည်းလှလာမှာဖြစ်တယ်” လို့ နာမည်ကျော်တွေရဲ့ မိတ်ကပ်ဆရာမီရှဲလ်က ဆိုပါတယ်။

alignnone size-medium wp-image-56280
ကာရီအန်ဒါဝုဒ်

အမြဲတမ်း ကျန်းမာကြံ့ခိုင်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေကိုစားပြီး လှပကျန်းမာနေအောင် နေထိုင်တယ်လို့ ကာရီအန်ဒါဝုဒ်က ဆိုပါတယ်။ “ကိုယ့်မှာရှိတာထက်ပိုပြီး မတွေးထားပါဘူး။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အဆိုးဆုံး ဝေဖန်တတ်တယ်လို့ ကျွန်မထင်တယ်” သင့်ကိုယ်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှု မလုပ်ပါနဲ့။ ကာရီလိုပဲ လေ့ကျင့်ခန်းလုပ်ပါ၊ ကျန်းမာရေးနဲ့အညီ စားသောက်ပါ၊ နောက်ဆုံးမှာ အကောင်းဆုံးရလဒ်ကို ရရှိလာပါလိမ့်မယ်။

alignnone size-medium wp-image-56281
ဘီရွန်စေး

ခန္ဓာကိုယ်ကောက်ကြောင်းအလှရှိတဲ့ ဘီရွန်စေးဟာ လွန်ခဲ့တဲ့နှစ်အတောအတွင်း ခန္ဓာကိုယ်အတက်အကျ အဖြစ်များခဲ့ပါတယ်။ “ကျွန်မအနေနဲ့ မပိန်လွန်း၊ မဝလွန်းဘဲ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေ ရှိနေတဲ့အချိန်က နေရတာ အဆင်ပြေဆုံးပါ။ ဒါကြောင့် အလွန်ပိန်အောင်မလုပ်ဘဲ သဘာဝကျတဲ့ ကိုယ်အလေးချိန်ရှိတာက ကြည့်အကောင်းဆုံး ဖြစ်စေတယ်လို့ အကြံပြုချင်ပါတယ်”လို့ ဘီရွန်စေးက ရှင်းပြပါတယ်။

alignnone size-medium wp-image-56282
လီမီရှဲလ်

“ကျွန်မက အီတလီမိသားစုက ဆင်းသက်လာတာပါ။ ကျွန်မရဲ့ခန္ဓာကိုယ်ကို ဂုဏ်ယူသလို ကျွန်မက ဂျူးလူမျိုးနှာတံကိုလည်း ဂုဏ်ယူပါတယ်။ ဒီအချက်တွေက ကျွန်မအနေနဲ့ လူပုံအလယ်မှာ သက်သောင့်သက်သာနေနိုင်တဲ့ အချက်တွေပါ”လို့ လီမီရှဲလ်က ဆိုပါတယ်။ ဒါက သင့်အနေနဲ့ မလှဘူး၊ ပိန်လွန်းတယ်၊ ပုလွန်းတယ် စသဖြင့် ကိုယ့်ကိုယ်ကိုယ် မသက်မသာ ခံစားနေရချိန်မှာ “အလှအပဆိုတာ ကိုယ်တွင်းစိတ်ခံစားမှုအပေါ်မှာပဲ မူတည်တယ်”ဆိုတဲ့အချက်ကို စဉ်းစားကြည့်ဖို့ မီရှဲလ်က မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

Tips

ယုံကြည်မှုရှိခြင်းက အလှအပပါ

အများကြားမှာ အလှပဆုံး အမျိုးသမီးတွေက မိတ်ကပ်မပါချင်နေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရှိဆုံး ဖြစ်နေသူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုးမြင်တဲ့ အတွေးတွေကို ဖယ်ထုတ်ပြီး အကောင်းမြင်တဲ့ အတွေးတွေနဲ့ အစားထိုးလိုက်ပါ။ ဘယ်သူမှ သင်ရဲ့မလှပတဲ့ နှာခေါင်း၊ ပေါင် စတာတွေကို ကြည့်နေမှာမဟုတ်ပါဘူး။ သင်ရဲ့ အပြုံးလှလှနဲ့ သင့်ကိုယ်ရည်ကိုယ်သွေးကို ကြည့်ပြီး သင့်အလှအပကို ဆုံးဖြတ်သွားမှာပါ။

alignnone size-medium wp-image-56283
ကယ်လီကလာဆန်

ကယ်လီကလာဆန်ဟာ သူ့ပုံတွေနဲ့ ပတ်သက်ပြီး အများရဲ့ အပြုသဘောမဆောင်တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။ “ကျွန်မရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး လူတွေပြောကြပေမယ့် ကျွန်မအနေနဲ့ စိတ်ညစ်တာမျိုး မခံစားရပါဘူး။ တခြားသူတွေ ဘယ်လိုထင်ထင် စိတ်မပူပါဘူး။ လေ့ကျင့်ခန်းလုပ်ပေမယ့် ကိုယ်အလေးချိန်လျော့ကျဖို့ မရည်ရွယ်ပါဘူး။ စိတ်ခံစားချက်ကောင်းဖို့ပဲ ရည်ရွယ်ပါတယ်”လို့ ကယ်လီကဆိုပါတယ်။

alignnone size-medium wp-image-56284
ဆလီနာဂိုးမက်ဇ်

ဆလီနာဂိုးမက်ဇ်ဟာ သူရဲ့နားရွက်တွေကို သဘောမကျတာကြောင့် အမြဲတမ်း ဆံပင်တွေနဲ့ ဖုံးထားသူပါ။ “လူတိုင်း ပြစ်မျိုးမှဲ့မထင်အလှမျိုး ပိုင်ဆိုင်တာမဟုတ်ပါဘူး။ ဒီလိုတွေးပြီး မှန်ကြည့်ကြည့်လိုက်ပါ။ ပိုလှလာတယ်လို့ ခံစားရပါလိမ့်မယ်”လို့ ဆလီနာဂိုးမက်ဇ်က ဆိုပါတယ်။ မနက်အိပ်ရာထချိန်မှာ “ငါကလှပသူဖြစ်တယ်”ဆိုတာကို ရေရွတ်ပေးပါလို့ ဆလီနာက အကြံပြုထားပါတယ်။

Tips

မိမိကိုယ်ပိုင်ဘဝကို ဖန်တီးနေထိုင်ပါ

မိန်းကလေးအများစုက စမတ်ကျလှပပေမယ့် ကမ္ဘာကျော်အနုပညာရှင်တွေကို အားကျပြီး စိတ်ဓာတ်ကျနေတတ်ပါတယ်။ သူတို့ကိုအားကျပြီး စိတ်ညစ်နေမယ့်အစား ကိုယ်ပိုင်ဘဝမှာ နေထိုင်လိုက်ရင် ပိုမိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

alignnone size-medium wp-image-56285
ဂျော်ဒန်စပါ့ခ်

အဆိုးမြင်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတဲ့စိတ်နဲ့ ကြည့်ပါလို့ ဂျော်ဒန်က ဆိုပါတယ်။ “နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် လေ့လာနေပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ခါးတွေလို အစိတ်အပိုင်းတွေကို သဘောမကျပါဘူး။ ပြုပြင်ဖို့လိုသေးတယ်ဆိုတာ သိပါတယ်”

alignnone size-medium wp-image-56286
ကေတီပယ်ရီ

အပြစ်ကင်းစင်တဲ့ အသားအရေမရှိဘူးလား။ ဒါဆိုရင် ကေတီပယ်ရီလို လုပ်ဆောင်ကြည့်ပါ။ “ကျွန်မမျက်နှာမှာ ဝက်ခြံအမာရွတ်တွေ ရှိပါတယ်။ အရင်ကတော့ မိတ်ကပ်တွေ အများကြီးလိမ်းပြီး အမာရွတ်တွေကို ဖုံးခဲ့ဖူးပါတယ်။ အခုတော့ လူတစ်ယောက်ရဲ့စိတ်ထားကို ကောင်းမွန်အောင်လုပ်တာက ပိုမိုလှပစေတယ်ဆိုတာ ကျွန်မသိသွားပါပြီ”

Most Popular

Healthy Life Ad
To Top