Healthy Life Ad
Q & A

သွေးကျဲဝေဒနာရှိသူ မျက်စိခွဲစိတ်ကုသမှုခံယူလျှင်

——-၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊——-

Q. ကျွန်မအဘွား အသက် ၇၀ ရှိပါပြီ။ သွေးကျဲဝေဒနာလည်းရှိပါတယ်။ ကျွန်မသိချင်တာက သွေးကျဲတဲ့ဝေဒနာ ခံစားနေရသူတွေမှာ မျက်စိခွဲစိတ်ကုသမှုခံယူရင် အခက်အခဲရှိပါသလား သိချင်လို့ပါ။
Nilar(FB)

A. သွေးကျဲနေတော့ Platelets နည်းပြီး သွေးကတော်ရုံနဲ့ မတိတ်ပါဘူး။ သွေးကြောခွဲစိတ်မှုမှာ သွေးက အနည်းနဲ့အများဆိုသလို ထွက်ပါတယ်။ သွေးကျဲဝေဒနာရှင်တွေမှာ သွေးကတော်ရုံနဲ့ မတိတ်တဲ့အတွက် အနာမကျက်နိုင်ပါဘူး။ ဒီလို ဝေဒနာရှင်တွေကို မျက်စိခွဲစိတ်ကုသတော့မယ်ဆိုရင် သူ့ကိုကုတဲ့သမားတော်နဲ့ တိုင်ပင်တယ်၊ တိုင်ပင်ပြီး ရောဂါကို သေချာထိန်းချုပ်ပေးတယ်။ ပြီးမှ သွေးထွက်အနည်းဆုံးဖြစ်အောင် ဘယ်လိုချည်းကပ်ပြီး ကုရမလဲဆိုတာ စဉ်းစားရပါတယ်။ တချို့တွေကျတော့ နှလုံးရောဂါရှိလို့ သွေးကျဲဆေး (Aspilet)တွေကို စားထားတော့ ဒါတွေကို မခွဲခင် တစ်ပတ်-၁၀ရက်လောက် ကြိုဖြတ်ခိုင်းထားရပါတယ်။ တချို့လူတွေကျတော့ သွေးခဲဆေး(Wafarin)တွေ မှီဝဲနေရတော့ လူနာကို ထိန်းချုပ်ကုသရပါတယ်။ ခွဲစိတ်ကုသမှုမှာ မျက်စိကို သိပ်ဦးစားပေးလိုက်လို့ ခန္ဓာကိုယ်ကို ထိခိုက်မယ်ဆိုရင် ဒါကိုရှောင်ရပါတယ်။

Most Popular

Healthy Life Ad
To Top