Healthy Life Ad
Q & A

အိပ်စက်မှုပြဿနာ ဖြေရှင်းပါ . . .

…၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊…

Q. အိပ်စက်မှုပြဿနာဖြစ်တာကို ဘယ်လိုဖြေရှင်းသင့်ပါသလဲ ဆရာ။
HninHnin(FB)

A. အိပ်စက်မှုပြဿနာကို လမ်းညွှန်တစ်ရပ်အနေနဲ့ BEARS ကို သုံးနိုင်ပါတယ်။

B: Bedtime problems?
အိပ်ရာဝင်ချိန် ပြဿနာရှိတာလား၊

E: Excessive sleepiness during the day?
တစ်နေ့တာအတွင်း အိပ်စက်လွန်းတာကြောင့်လား၊

A: Awakenings at nights?
ည ည လန့်နိုးနေတာကြောင့်လား၊

R: Regularity of sleep (number of hours)
အိပ်ချိန်က ဘယ်လောက်ရှိသလဲ၊

S: Sleep disorders
အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ ရှိနေတာလား စတာတွေကို ဆန်းစစ်ရပါတယ်။

ဒါ့အပြင် အိပ်စက်မှုကို သက်ရောက်နေတဲ့ ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့ အလုပ်ချိန်၊ အရက်သောက်သုံးတာ၊ နာမကျန်းဖြစ်တာ၊ ဆေးဝါးမှီဝဲတာ၊ အိပ်ရာကို တခြားသူနဲ့အတူအိပ်ရတာ စတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top