Healthy Life Ad
Q & A

အရွယ်အလိုက် လိုအပ်သည့်အိပ်ချိန်

—————-၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—————–

Q. ဘယ်လောက်အိပ်ရင် လုံလောက်ပါသလဲ ဆရာ။
DawMay(FB)

A. အထက်တန်းကျောင်းသား၊ ကျောင်းသူအများစုဟာ တစ်ညအိပ်ချိန် ၈-၉ နာရီ လိုအပ်ပါတယ်။ အသက် ၁-၅ နှစ်အတွင်း ကလေးတွေက ၂၄ နာရီမှာ ၁၁-၁၃ နာရီခန့် အိပ်ချိန်ရှိသင့်ပါတယ်။ အသက် ၅-၁၂ နှစ်အရွယ်မှာ စုစုပေါင်းအိပ်ချိန် ၁၀- ၁၂ နာရီ လိုအပ်ပါတယ်။ အသက် ၁၂-၁၈ နှစ် အရွယ်မှာ ကိုယ်နဲ့စိတ်ကျန်းမာရေး အကောင်းဆုံးဖြစ်ပြီး တွေးခေါ်နိုင်စွမ်းကောင်းစေဖို့ အိပ်ချိန် ကိုးနာရီလိုအပ်ပါတယ်။ အရွယ်ရောက်ချိန်မှာ တစ်ညအိပ်ချိန် ၇ နာရီခွဲ- ၈ နာရီနီးပါး လိုအပ်ပါတယ်။ အသက် ၆၅ နှစ်နဲ့ အထက်အရွယ်တွေမှာ တစ်ညအိပ်ချိန် ၇-၈ နာရီ လိုအပ်နေဆဲဖြစ်ပေမယ့် တစ်ညမှာ အိပ်ချိန် ၆ နာရီအထိ လျော့ကျသွားတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top