Healthy Life Ad
Health Tips

သြဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

————၊ မီမိုးမေ (ဆေးဝါတက္ကသိုလ်) ၊————-

ကမ္ဘာတစ်ဝှမ်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့သစ်သီးဖြစ်တဲ့ သြဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့အစွမ်းလည်း အများအပြား ရှိပါတယ်။

(၁)အစာမကြေဝေဒနာကို သက်သာစေပါတယ်

သြဇာသီးဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ စတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။

(၂) ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာစေပါတယ်

သြဇာသီးမှာ ကြေးနီဓာတ်ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကင်းဝေးစေပြီး ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။

(၃) အင်တီအောက်ဆီးဒင့်အစွမ်း ရှိပါတယ်

ဗီတာမင်စီအများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်

သြဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။

(၅) နှလုံးကျန်းမာစေပါတယ်

သြဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါမဖြစ်အောင် နှလုံးကို အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။

(၆) အဆစ်ကို ကျန်းမာစေပါတယ်

သြဇာသီးမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူညီပါတယ်။ ဒါကြောင့် အဆစ်ရောင်နာတဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။

(၇) အထွေထွေကျန်းမာရေး ကောင်းမွန်စေပါတယ်

သြဇာသီးမှာ သိုင်ယာမင်း(B1) ၊ ဗီတာမင် အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေ ပါဝင်တာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၈) ပိုးသတ်အာနိသင် ရှိပါတယ်

သြဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။

(၉) သရေစာအဖြစ် စားနိုင်ပါတယ်

သြဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအနေနဲ့ စားသင့်ပါတယ်။

(၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်

သြဇာသီးမှာ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top