Healthy Life Ad
Health Tips

ပုံမှန် ကိုယ်အလေးချိန် တိုင်းတာခြင်းဖြင့် အဝလွန်ခြင်းကို ထက်ဝက်လျှော့ချပေးနိုင်

————–၊ ကိုထက် ၊—————-

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတိုင်း အဝလွန်ခြင်းကို ထက်ဝက်ခန့် လျှော့ချနိုင်ဖို့ ပုံမှန်ကိုယ်အလေးချိန် တိုင်းတာသင့်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။ အဝလွန်ရောဂါ ဖြစ်နှုန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်ဆခန့် မြင့်တက်လာခဲ့ပြီး ဒီနေ့ခေတ်မှာ အမျိုးသား ၆၇ ရာခိုင်နှုန်းခန့် ကိုယ်အလေးချိန်များခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်နေကြပါတယ်။ အမျိုးသမီးတွေထဲမှာလည်း ပုံမှန်ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိသူမှာ တစ်ဝက်အောက်သာရှိကြောင်း လေ့လာမှုစစ်တမ်းတစ်ခုအရ သိရပါတယ်။

အင်္ဂလန် ပြည်သူ့ကျန်းမာရေး လေ့လာမှုစစ်တမ်းအရ အသက်လေးနှစ်၊ ငါးနှစ်အရွယ် ယောကျာ်းလေး၊ မိန်းကလေး ၂၂ ဒသမ ၅ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန်များခြင်း ဒါမှမဟုတ် အဝလွန်ခြင်းတို့ ဖြစ်နေကြကြောင်းနဲ့ သူတို့အသက် ၁၀ နှစ်၊ ၁၁ နှစ် ရောက်ချိန်မှာ ကိုယ်အလေးချိန်များသူနဲ့ အဝလွန်သူမှာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်လာကြောင်း သိရပါတယ်။ အဲဒီလို ကိုယ်အလေးချိန်များသူ မြင့်မားလာရတာဟာ လမ်းဘေးစားသောက်ဆိုင်တွေ မြင့်မားလာခြင်းက ကြီးမားတဲ့ပြဿနာဖြစ်ကြောင်း လေ့လာမှုစစ်တမ်းက ထောက်ပြထားပါတယ်။

“အဝလွန်တဲ့ လူဦးရေက ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း သိသိသာသာ မြင့်တက်လာပါတယ်။ အဝလွန်တာက ယူကေလူမျိုးတွေရဲ့ ကျန်းမာရေးကို အများဆုံး ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုလည်း ဖြစ်ပါတယ်”လို့ အမျိုးသား အဝလွန်ခြင်းဆိုင်ရာ ညီလာခံမှာ ပါမောက္ခဒေးဗစ်က ပြောကြားခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top