Healthy Life Ad
Life Style

သင်အလုပ်ချင်ဆုံး အလုပ်အမျိုးအစားက ပြောပြနေသည့် သင့်အကြောင်း

————-၊ ကိုထက် ၊—————

ကလေးဘဝတုန်းက ”သားလေးကြီးရင် ဘာလုပ်မှာလဲ”၊ ” သမီးလေးကြီးရင် ဘာဖြစ်ချင်လဲ” ဆိုတာတွေ မေးခဲ့ကြတယ်မဟုတ်လား။ ကြီးလာတဲ့အခါ ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ ကိုယ်လုပ်တဲ့အလုပ်က တထပ်တည်းကျခဲ့ရင်တော့ လုပ်ငန်းခွင်ထဲမှာ ပိုပြီးပျော်ရွှင်ရမှာ အမှန်ပါပဲ။ ဆရာ၊ ဆရာမ၊ ပြင်ပဆက်ဆံရေးအလုပ်၊ အိုင်တီနည်းပညာသမား၊ မီဒီယာသမား၊ အုပ်ချုပ်ရေးသမား၊ ဒီဇိုင်းဖန်တီးရှင်၊ ရှေ့နေ စတဲ့ အလုပ်တွေထဲက ဘယ်အလုပ်ကို အလုပ်ချင်ဆုံးသူတွေက ဘယ်လိုစိ်တ်နေစိတ်ထားရှိတတ်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

♦ ဆရာ၊ ဆရာမဖြစ်ချင်တယ်ဆိုရင်
ပေးဆပ်တတ်သူပါ

မိမိတက်မြောက်ထားတဲ့ ပညာရပ်တွေကို ပြန်လည်မျှဝေသင်ကြားပေးတဲ့ ဆရာ၊ ဆရာမအလုပ်ကို မြတ်နိုးသူတွေဟာ အတွေးအမြင်ကောင်းတဲ့ စွမ်းရည်ရှိသူတွေ ဖြစ်ကြပါတယ်။ အမျာအားဖြင့် အကောင်းမြင်သမားတွေ ဖြစ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ဖော်ရွေတဲ့ စိတ်နေသဘောထား ရှိကြပါတယ်။ လူလူခြင်း စာနာထောက်ထားမှုလည်း ရှိကြပါတယ်။ စိတ်ကူးယဉ်မဟုတ်တဲ့ စာပေတွေကို ပိုပြီးသဘောကျနှစ်သက်စွာ ဖတ်လေ့ရှိပါတယ်။ အနုပညာကိုလည်း ခံစားတတ်ကြပါတယ်။ ပြတိုက်တွေ၊ သမိုင်းဝင်နေရာတွေကို လည်ပတ်ရတာ နှစ်သက်တတ်လေ့ရှိသူပါ။

♦ ပြင်ပဆက်ဆံရေးအလုပ် သဘောကျတယ်ဆိုရင်
စာနာတတ်သူပါ

ဈေးကွက်ချဲ့ထွင်ရေး၊ မာကတ်တင်း၊ ရောင်းဝယ်ရေး၊ ဖြန့်ချိရေး အစရှိတဲ့ လူအများနဲ့ ပြောဆိုဆက်ဆံရတဲ့ အလုပ်တွေကို လုပ်ရတာ ဝါသနာပါတဲ့သူတွေဟာ အများအားဖြင့် တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို တန်ဖိုးထားတတ်သူတွေ ဖြစ်ကြပါတယ်။ ဖန်တီးနိုင်စွမ်းတွေ ရှိတတ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး အလွန်ကောင်းမွန်ကြပါတယ်။ ပရဟိတအလုပ်တွေ လုပ်ရတာကိုလည်း စိတ်အားထက်သန်ကြပါတယ်။ အလုပ်အပေါ်၊ အပေါင်းအသင်းတွေအပေါ်မှာ စိတ်ကောင်းထားသူတွေ ဖြစ်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်စားသောက်တာ၊ အစားအသောက်ကောင်းတွေ စားရတာကို အလွန်သဘောကျတတ်ကြပါတယ်။<\p>
♦ အိုင်တီ၊ နည်းပညာသမားဖြစ်ချင်တယ်ဆိုရင်
ဖန်တီးတီထွင်တတ်သူပါ

ကွန်ပျူတာတစ်လုံးနဲ့ တစ်ယောက်ထဲ တကုတ်ကုတ် အလုပ်ရှုပ်နေတာကို ကျေနပ်နေတယ်ဆိုရင် အများအားဖြင့် အတွေးအခေါ်ကောင်းသူတွေ ဖြစ်ကြပါတယ်။ စီစဉ်ညွှန်ကြားချက်တွေ ကောင်းကောင်းပေးနိုင်သူတွေလည်း ဖြစ်ကြပါတယ်။ ပြသနာရပ်တွေကို ကောင်းစွာ ကိုယ်တွယ်ဖြေရှင်းနိုင်ကြပါတယ်။ တစ်ယောက်ထဲ အေးအေးဆေးဆေး အလုပ်လုပ်ရတာကို သဘောကျကြပါတယ်။ ခရီးသွားရတာတွေ၊ မနက်ခင်းထပြီး အပြေးလေ့ကျင့်တာတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်ထွက်လည်ကြတာတွေကို သိပ်ပြီး မလုပ်ဖြစ်တတ်ကြပေမယ့် စိတ်ထဲမှာတော့ အရမ်းလုပ်ချင်စိတ်ရှိပြီး အခွင့်အရေးပေးတာနဲ့ မဆိုင်းမတွ လုပ်လေ့ရှိကြပါတယ်။<\p>
♦ မီဒီယာသမားဖြစ်ချင်တယ်ဆိုရင်
စဉ်းစားတွေးခေါ်တတ်သူပါ

သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား စတဲ့နေရာတွေမှာ လုပ်ကိုင်လိုသူတွေဟာ တိတ်ဆိတ်အေးချမ်းတဲ့ နေရာတွေကို နှစ်သက်သူတွေဖြစ်ကြပါတယ်။ အပြောင်းအလဲတွေကိုလဲ သဘောကျကြပါတယ်။ အနာဂတ်အတွက် ကြိုတင်တွေးတော ပြင်ဆင်တတ်သူတွေ ဖြစ်ပါတယ်။ စဉ်းစားတွေးတောနိုင်စွမ်း မြင့်ပေမယ့်လည်း အလုပ်တွေစုပုံလာရင် ချက်ချင်းဖြေရှင်းနိုင်စွမ်းတော့ အားနည်းတတ်ကြပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းကြပါတယ်။ လွတ်လပ်မှုကို အလေးထားတတ်ကြပြီး လူလူချင်း ထိန်းချုပ်နေတာကို သိပ်ပြီးသဘောမကျပါဘူး။ သီချင်းလေးဖွင့်ပြီး အေးအေးဆေးဆေး အလုပ်လုပ်ရတာမျိုးကို နှစ်သက်ကြပါတယ်။<\p>
♦ အုပ်ချုပ်ရေးသမားဖြစ်ချင်တယ်ဆိုရင်
တာဝန်ယူတတ်သူပါ

ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေ အုပ်ချုပ်ရေးတာဝန်ယူရတာကို ကျွမ်းကျင်သူတွေဟာ အလုပ်ကြိုးစားသူတွေ ဖြစ်ကြပါတယ်။ အလုပ်ချိန်ရော အလုပ်ချိန်ပြင်ပမှာပါ အလုပ်ကိစ္စတွေ တွေးနေတတ်ကြပါတယ်။ ဖြစ်လာနိုင်တဲ့ အခက်အခဲပြသနာတွေကို ကြိုတင်တွေးတောနိုင်စွမ်းရှိပြီး ဖြေရှင်းနိုင်စွမ်းလဲ ရှိကြပါတယ်။ အများအားဖြင့် ခေါင်းဆောင်ကောင်းတွေဖြစ်ပြီး တာဝန်ယူတတ်သူတွေလဲ ဖြစ်ကြပါတယ်။ ပွင့်လင်းပြီး ခင်ခင်မင်မင်လဲ နေတတ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိပါတယ်။ အားကစားလုပ်ရတာကို သဘောကျနှစ်သက်ကြပါတယ်။ အသင်းအဖွဲ့နဲ့ ကစားရတဲ့ ကစားနည်းတွေကို ပိုပြီးနှစ်သက်ကြပါတယ်။ ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေသူတွေ ဖြစ်ကြပါတယ်။<\p>
♦ ဒီဇိုင်းဖန်တီးရှင် ဖြစ်ချင်တယ်ဆိုရင်
စနစ်ကျသူပါ

ဖက်ရှင်ဒီဇိုင်း ဖန်တီးရှင်တွေ၊ ဒါမှမဟုတ်လည်း ဆောက်လုပ်ရေးဒီဇိုင်း ရေးဆွဲသူတွေ အများစုဟာ အများအားဖြင့် အလုပ်နဲ့ ဝါသနာ တစ်ထပ်တည်းကျသူတွေ ဖြစ်ကြပါတယ်။ ဒီအလုပ်တွေက ဝါသနာမပါဘဲ လုပ်ဖို့မလွယ်ကူလှပါဘူး။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကို သဘောကျသူတွေပါ။ စူးစမ်းလေ့လာမှု အားကောင်းကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ အပေါင်းအသင်းတွေအပေါ် နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး စကားပြောဆိုတတ်ကြပါတယ်။ အပေါင်းအသင်းအများကြီးနဲ့ ပါတီပွဲတွေ သွားရတာကို အလွန်သဘောကျတတ်ကြပါတယ်။ အလုပ်လုပ်တဲ့အခါမှာတော့ တစ်ယောက်ထဲ သီးသန့်လုပ်ရတာကို သဘောကျသူတွေပါ။<\p>
♦ ရှေ့နေဖြစ်ချင်တယ်ဆိုရင်
တာဝန်ကျေပွန်သူပါ

ရှေ့နေအလုပ်ကို သဘောကျနှစ်သက်သူတွေဟာ လုံ့လဝီရိယရှိသူတွေ ဖြစ်ကြပါတယ်။ ဖြတ်ထိုးဉာဏ်ကောင်းကြပါတယ်။ စနစ်တကျ စီစဉ်ဆောင်ရွက်တတ်တဲ့ အကျင့်စရိုက်ရှိပြီး အသေးအဖွဲလေးကအစ သေသေချာချာ လုပ်ကိုင်ဆောင်ရွက်တတ်သူပါ။ စီစစ်လွန်းတာက ရှေ့နေအလုပ်အတွက် အရမ်းကိုအဆင်ပြေပေမယ့် အပေါင်းအသင်းတွေကတော့ မကြာခဏ စိတ်တိုကြပါလိမ့်မယ်။ သူများတွေအပေါ် မမှီခိုတတ်ကြပါဘူး။ စူးစမ်းစိတ်လဲ များကြပါတယ်။ အားကစားကို အပြင်မှာလုပ်ရတာထက် အားကစားခန်းမတွေမှာ ပြုလုပ်ရတာကို ပိုနှစ်သက်ကြပါတယ်။ ကျန်းမာရေးလဲ လိုက်စာလေ့ရှိကြပါတယ်။<\p>

Most Popular

Healthy Life Ad
To Top