Healthy Life Ad
Health Tips

အသက် ၃၅ ကျော် အရွယ်တို့အတွက် အာဟာရ

————–၊ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—————

အသက် ၃၅ နှစ်ကျော်လာပြီဆိုရင် ခန္ဓာကိုယ်က မျှခြေတွေ အနည်းငယ်မညီညွတ်တာတွေအပြင် ဇီဝရုပ်ဖြစ်ပျက်မှုတွေကလည်း အနည်းငယ်ချို့ယွင်းလာပါပြီ။ အသက် ၅၀-၆၀ အရွယ်ရောက်လာချိန်မှာ ငယ်တဲ့အရွယ်တုန်းကတည်းက ကျန်းမာရေးမလိုက်စားခဲ့လို့ အခြေခံဖြစ်လာခဲ့တဲ့ ရောဂါတွေက ဒီအရွယ်မှာ ပိုသိသာလာစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အစာစားချင်စိတ်ကလည်း လျော့သွားပါပြီ။

အသက် ၄၀ ကျော်ပြီး ၅၀နှစ်ထဲ တဖြည်းဖြည်းဝင်လာတာနဲ့ လူတွေက အရမ်းအကျမြန်ပါတယ်။ ကြွက်သားထုထည် အရမ်းကျသွားလို့လည်း ဖြစ်ပါတယ်။ နိုက်ထရိုဂျင် မျှခြေနည်းသွားသလို ပရိုတင်းဓာတ်ကိုလည်း ကောင်းကောင်းမချေဖျက်နိုင်ပါဘူး။ နာတာရှည်ရောဂါတွေဝင်ရာက Creatine တွေလည်း တက်လာနိုင်တာကြောင့် ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်လာပါတယ်။ နောက်ပြီး ဆားကို အရသာခံနိုင်တဲ့ စွမ်းရည်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီတော့ ပိုစားမိပြီး အငန်ဓာတ်များတာကြောင့် သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်လာပါတယ်။ အချိုတွေလည်း ပိုကြိုက်လာပါတယ်။ တချို့လူကြီးတွေဆို ငယ်ငယ်တုန်းက လုံးဝအချိုမစားပါဘူး။ ဒါပေမဲ့ မန္တလေးထိုးမုန့်တို့၊ မလိုင်လုံးတွေ၊ ထန်းလျက်စတာတွေကို ပိုစားလာပါတယ်။

“ငယ်ငယ်တုန်းကဆိုရင် ဆီးအိတ်ရဲ့ ခံနိုင်ရည်အားက တစ်နေကုန်လည်းရပါတယ်။ မနက်ကတစ်ခေါက်လောက် ဆီးသွားထားဖူးရင် နေ့လယ်လောက်ကျမှ ဆီးတစ်ခါသွားချင်ပါတယ်။ အသက်ကြီးလာတော့ ဆီးခဏခဏ သွားချင်ပါတယ်။ ဆီးကသွားတယ်၊ ရေကလည်းမဆာ၊ ခန္ဓာကိုယ်ကလည်း ရေဓာတ်ကိုမထိန်းသိမ်းနိုင်တော့ ပိုပြီးတော့ ရေတွေခမ်းခြောက်၊ အသားအရေတွေ တွန့်လာပါတယ်။”

နောက်ပြီး ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ အရည်ဓာတ်တွေ နည်းလာပါတယ်။ ရေဓာတ်ထိန်းထားနိုင်တဲ့စွမ်းရည် မရှိတော့တာကြောင့် အသားအရေတွန့်တာတွေ ဖြစ်လာပါတယ်။ ဒီတော့ အသက်ကြီးလာတာနဲ့အမျှ အသားအရေက ပိုတွန့်လာပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ကိုလာဂျင်စားတာတို့ လုပ်လာကြတာဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ရေပိုဆာပေမယ့် ကြီးလာတော့ ရေမဆာတော့ပါဘူး။ ဒီတော့ မသောက်ချင်တော့ မသောက်ဖြစ်တော့ပါဘူး။ တကယ်တော့ များများသောက်ရမှာပါ။ သတိရတဲ့အချိန် ရေသောက်ပေးပါ။

နောက်တစ်ခုက ဆီးအိတ်ပါ။ ဆီးအိတ်ကလည်း ခဏခဏ ဆီးသွားချင်နေပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ဆီးအိတ်ရဲ့ ခံနိုင်ရည်အားက တစ်နေကုန်လည်းရပါတယ်။ မနက်ကတစ်ခေါက်လောက် ဆီးသွားထားဖူးရင် နေ့လယ်လောက်ကျမှ ဆီးတစ်ခါသွားချင်ပါတယ်။ အသက်ကြီးလာတော့ ဆီးခဏခဏသွားချင်ပါတယ်။ ဆီးကသွားတယ်၊ ရေကလည်းမဆာ၊ ခန္ဓာကိုယ်ကလည်း ရေဓာတ်ကိုမထိန်းသိမ်းနိုင်တော့ ပိုပြီးတော့ ရေတွေခမ်းခြောက်၊ အသားအရေတွေ တွန့်လာပါတယ်။

အကြံပြုချက်

အသက် ၁၉ နှစ်အရွယ်ကျတော့ အာဟာရဓာတ်တွေ လိုအပ်တဲ့အရွယ်ဖြစ်တာကြောင့် များများစားသင့်ပြီး အသက် ၂၅ နှစ်ကျော်ရင်တော့ ဆင်ခြင်ပြီးစားပါ။ အချိုကအစ လျှော့စားပေးပါ။ ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ လိုလာပါပြီ။ တချို့ကကျတော့ မိမိကိုယ်မိမိ ဆင်ခြင်နိုင်ပါတယ်။ တချို့ကတော့ အသက် ၄၀ လောက်မှ သတိထားမိတာလည်း ရှိပါတယ်။

တချို့ဆို အသက် ၂၅ နှစ်လောက်မှာ ခန္ဓာကိုယ်က မဝသေးသလို ဇီဝရုပ်ဖြစ်စဉ်ကလည်း ကောင်းနေသေးတော့ ကိုယ့်ကိုယ်ကိုယ် သတိမမူတတ်ပါဘူး။ ငယ်ငယ်တုန်းက ကိုယ်လက်လှုပ်ရှားမှု များခဲ့တဲ့သူတွေက နောက်ကျမှ ဇီဝရုပ်ဖြစ်ပျက်မှု လျော့ကျတတ်ပါတယ်။ ကိုယ်က အသက်၂၅ နှစ်မှာ အစားအသောက်တွေကို ဂရုတစိုက်စားသောက်မယ်၊ လေ့ကျင့်ခန်းတွေလည်း လုပ်မယ်ဆိုရင် အသက် ၃၅ -၄၀ လောက်ဆိုလည်း လှနေတုန်းပါပဲ။ ဆရာမဆီလာတဲ့သူတွေထဲမှာ အသက် ၄၅ နှစ်အောက် ကိုယ်အလေးချိန် များနေတဲ့သူတွေဆို ကိုယ်အလေးချိန်ချပေးရတာ လွယ်ပါတယ်။ ၄၅ နှစ်အထက်ဆိုရင်တော့ ကိုယ်အလေးချိန်ချဖို့ခက်မှာပါ။ ဒါကြောင့် သက်လတ်ပိုင်းအရွယ်တွေ နည်းနည်းလေးစားတာနဲ့ ကိုယ်အလေးချိန် နှစ်ပေါင်၊ သုံးပေါင်တက်ဖို့က အသာလေးပါပဲ။ ဒါကြောင့် ဆင်ခြင်စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ကာ သက်ရှည်ကျန်းမာအောင်နေထိုင်ဖို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top