Healthy Life Ad
Health Tips

အိပ်ရာမဝင်ခင် ပျားရည်အနည်းငယ်စားပေးရင် သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲသွားနိုင်သလဲ

—————၊ စူး (ဆေးဝါးတက္ကသိုလ်) ၊—————-

ပျားရည်က အအေးမိဝေဒနာကို တွန်းလှန်နိုင်တယ်၊ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တယ်လို့ လူအများစုကသိပေမယ့် တခြားကျန်းမာရေးအစွမ်း အာနိသင်တွေရှိကြောင်း သိပ်မသိကြပါဘူး။ အိပ်ရာမဝင်ခင် ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်း စားပေးတာကြောင့် ညအိပ်ချိန်မှာ ခန္ဓာကိုယ်ကနေ အာဟာရဓာတ်စုပ်ယူရရှိပြီး အောက်ပါကောင်းကျိုးတွေ ရရှိသွားတာကို အံ့အားသင့်ဖွယ် တွေ့ရှိရပါတယ်။


(၁) အိပ်ရေးဝ၀ အိပ်မောကျစေနိုင်ပါတယ်

ပျားရည်မှာ ထရစ်ပတိုဖန်လို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုး ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကို အပန်းပြေစေပြီး “အိပ်ဖို့အချိန်ကျပြီ”ဆိုတဲ့ သင်္ကေတပေးပို့ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်က ဒီအမိုင်နိုအက်စစ်ကို သဘာဝအတိုင်း မထုတ်နိုင်တဲ့အတွက် ပျားရည်လို သဘာဝအစာစားရင်း ရယူတာကောင်းပါတယ်။ တစ်ခါတလေ လူတွေဟာ ညဉ့်လယ်မှာ အိပ်ရာကလန့်နိုးတတ်ပါတယ်။ ဒါက ဦးနှောက်ဟာ ဂလိုင်ကိုဂျင် လိုအပ်လို့ပါ။ ပျားရည်မှာ ဂလိုင်ကိုဂျင် ပါဝင်တာကြောင့် အိပ်ရာမဝင်ခင် စားထားလိုက်ရင် ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေနိုင်ပါတယ်။


(၂) သွေးတိုးရှိရင် ထိန်းပေးနိုင်ပါတယ်

သွေးတိုးတာက နှလုံးရောဂါဖြစ်စေတဲ့ အန္တရာယ်တစ်ရပ်ဖြစ်တာကြောင့် သွေးတိုးတာကို တည်ငြိမ်တဲ့အဆင့်မှာ ထိန်းပေးတဲ့နည်းနဲ့ နှလုံးကိုစောင့်ရှောက်ရပါမယ်။ ပျားရည်မှာ အင်တီအောက်ဆီးဒင့်ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ညဘက်မှာ ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်းစားထားရင် သွေးတိုးကို ထိန်းပေးနိုင်ပါတယ်။


(၃) သွေးတွင်းမကောင်းတဲ့ ထရိုင်ဂလစ်စရိုက်အဆီကို လျော့ကျစေပါတယ်

ထရိုင်ဂလစ်စရိုက်ဆိုတာ သွေးတွင်းအဆီတစ်မျိုးပါ။ ထရိုင်ဂလစ်စရိုက်အဆီပမာဏ မြင့်မားနေရင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။ ပျားရည်ဟာ သင့်ခန္ဓာကိုယ်ထဲက ထရိုင်ဂလစ်စရိုက်အဆီပမာဏ လျော့ကျမှုနဲ့ ဆက်စပ်နေပါတယ်။


(၄) ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်

ပျားရည်မှာ အင်တီအောက်ဆီးဒင့်နဲ့ ဘက်တီးရီးယားဟန့်တားပေးတဲ့အစွမ်းတွေ ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှိုနဲ့ ဗိုင်းရပ်စ်တွေလို ပိုးမွှားကူးစက်မှုမဖြစ်အောင် တွန်းလှန်နိုင်စွမ်းရှိပါတယ်။ ညတိုင်းညတိုင်း ပျားရည်လက်ဖက်စားဇွန်းတစ်ဇွန်း စားပေးတာက ခန္ဓာကိုယ်ရဲ့ သဘာဝခုခံနိုင်စွမ်းကို မြင့်တက်စေပြီး ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။


(၅) သင့်ခန္ဓာကိုယ်က အဆီတွေကို မြန်မြန်လောင်ကျွမ်းစေနိုင်ပါတယ်

ပျားရည်က ခန္ဓာကိုယ်ထဲက သာမိုဂျဲနစ်အစွမ်း ထွက်ရှိစေတာကြောင့် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ဒါက ကိုယ်အပူချိန်ကို အနည်းငယ်မြင့်တက်စေတဲ့နည်းနဲ့ သွေးလှည့်ပတ်မှုကောင်းစေကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။


(၆) ချောင်းဆိုးပျောက်စေပါတယ်

ပျားရည်မှာ သဘာဝရောင်ရမ်းမှုဟန့်တားပေးတဲ့ အစွမ်းရှိပါတယ်။ ပျားရည်ထမင်းစားဇွန်းတစ်ဇွန်းကို ညတိုင်း ရေနွေးနဲ့ရောပြီး သောက်တာကြောင့် လည်ချောင်းထဲကယားယံမှုကို လျော့ကျစေပြီး ချောင်းဆိုးသက်သာစေပါတယ်။ ပျားရည်မှာ သဘာဝပိုးသတ်အစွမ်းရှိတာကြောင့် ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။


(၇)အိုမင်းမှုတားပေးတဲ့ အစွမ်းရှိတယ်

ပျားရည်မှာ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်တာကြောင့် အသားအရေကို အစိုဓာတ်ထိန်းပေးပြီး အာဟာရဓာတ်တွေ ရောက်ရှိစေပါတယ်။ ညဘက်အိပ်ရာမဝင်ခင် ပျားရည်စားပေးတာကြောင့် အိုမင်းမှုလက္ခဏာတွေကို တွန်းလှန်ပေးပါတယ်။


(၈) စိတ်ကျရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ပါတယ်

ပျားရည်မှာ ပိုလီဖီနောဓာတ် ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်ထဲက ဖိစီးမှုတွေကို တွန်းလှန်ပေးတဲ့နည်းနဲ့ စိတ်ကျရောဂါကို တွန်းလှန်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top