Healthy Life Ad
Health Tips

တစ်နေ့ စွံပလွန်ယို ၃ ခုစားရင် တစ်ပတ်အတွင်း သင့်ခန္ဓာကိုယ် ဘယ်လိုပြောင်းလဲလာမလဲ . . .

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

စွံပလွန်ယိုက အရသာချိုမြိန်ပြီး အာဟာရတန်ဖိုးမြင့်ကာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ တစ်နေ့မှာ စွံပလွန်ယို ၃ ခုစားပေးရင် တစ်ပတ်တာအတွင်း အောက်ပါကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-54891
(၁) အရိုးကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်

စွံပလွန်ယိုစားတာကြောင့် ဘိုရွန်ဓာတ်ရရှိပြီး အရိုးတွေကို ကျန်းမာစေတယ်လို့ မြောက်ဒါကိုတာ ပြည်နယ်တက္ကသိုလ်မှ ဂျူလီဂျောန်ဒန်က ဆိုပါတယ်။ တခြားလေ့လာမှုအရ စွံပလွန်ယိုမှာပါတဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ်တွေက အရိုးပွရောဂါလို ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်ပြီး အရိုးတွေကို သန်စွမ်းစေပါတယ်။

alignnone size-medium wp-image-54890
(၂) အစာခြေလမ်းကြောင်းကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်

စွံပလွန်ယိုမှာ အမျှင်ဓာတ်ပါဝင်မှုများပြီး အစာခြေလမ်းကြောင်းစနစ်က ကောင်းကောင်းအလုပ်လုပ်နိုင်အောင် အမျှင်ဓာတ်ကောင်းစွာ လိုအပ်ပါတယ်။ စွံပလွန်ယိုကို နေ့တိုင်း ပုံမှန်စားသူတွေက မစားသူတွေထက် အစာခြေလမ်းကြောင်းစနစ်ကို ပိုပြီး ကောင်းကောင်းအလုပ်လုပ်စေတယ်လို့ ဗြိတိန်အာဟာရဂျာနယ်က ထုတ်တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

alignnone size-medium wp-image-54892
(၃) စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကို တွန်းလှန်နိုင်ပါတယ်

စွံပလွန်ယိုမှာ ဗီတာမင် B6 ပါဝင်တာကြောင့် ခန္ဓာကိုယ်ကနေ ဆီရိုတိုနင်နဲ့ နော်အက်ပီနက်ဖရင်ဓာတ်တွေ ထွက်ရှိစေပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆီရိုတိုနင်က စိတ်ခံစားမှုကို ကောင်းမွန်စေပြီး နော်အက်ပီနက်ဖရင်က စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ ဗီတာမင် B6 လျော့နည်းတာက စိတ်ဓာတ်ကျတာနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

alignnone size-medium wp-image-54893
(၄) စွမ်းအင်သိသိသာသာ ကောင်းမွန်လာပါတယ်
စွံပလွန်ယိုမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်မှုများတာကြောင့် စွမ်းအင်အဆင့်ကို တိုးစေပါတယ်။ အားကစားလုပ်တာ၊ အပြင်ထွက်အလုပ်လုပ်တာတွေလို တစ်ခုခုကို ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါ စွမ်းအင်မြန်မြန်ပြန်ရစေဖို့ စွံပလွန်ယိုကို စားပေးသင့်ပါတယ်။
alignnone size-medium wp-image-54894
(၅) နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်

လေ့လာမှုတစ်ခုအရ စွံပလွန်ယိုက ထရိုင်ဂလစ်စရိုက်အဆင့်ကိုသာမက ဖရီးရယ်ဒီကယ်ကြောင့် ဝန်ပိတာကိုလည်း လျော့ကျစေတဲ့အတွက် နှလုံးရောဂါဖြစ်နှုန်း လျော့ပါးစေတယ်လို့ သိရပါတယ်။ စွန်ပလွံယိုမှာ ပိုတက်ဆီယမ် ပါဝင်မှုများတာကြောင့် သွေးတိုးကျစေပြီး လေဖြတ်ဝေဒနာဖြစ်နှုန်း လျော့ကျသလို နှလုံးနဲ့ဆက်စပ်တဲ့ တခြားရောဂါဝေဒနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

alignnone size-medium wp-image-54895
(၆) အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်

စွံပလွန်ယိုက အစာခြေလမ်းကြောင်းစနစ်နဲ့ အူကို အကာအကွယ်ပေးပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ အူမကြီးထဲ ဝင်နိုင်ခြေကို လျော့ကျစေပါတယ်။ အစားအသောက်နဲ့ အာဟာရသိပ္ပံပညာရဲ့ လေ့လာမှုတစ်ခုအရ စွံပလွန်ယိုကို နေ့စဉ်စားသူတွေက အူမကြီးရှိ ကင်ဆာဆဲလ် ကြီးထွားမှုမဖြစ်အောင် ကာကွယ်ပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ပေါက်ပွားစေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-54896
(၇) ရာသီကြောင့် ဓာတ်မတည့်မှုဝေဒနာတွေကို လျော့ကျစေပါတယ်

ရာသီကြောင့် ဓာတ်မတည့်ဘဲ နှာခေါင်းမြှေးရောင်ရမ်းတာက အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် လူ သန်း ၃၀ ကျော် ခံစားနေရတယ်လို့ သိရပါတယ်။ လေ့လာမှုအရ စွံပလွန်ယိုစားတာက ရာသီကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုဝေဒနာ ရှိသူတွေမှာ ရောင်ရမ်းမှုကို သိသိသာသာ လျော့ကျစေတယ်လို့ သိရပါတယ်။

alignnone size-medium wp-image-54897
(၈) ကိုယ်အလေးချိန် ထိန်းပေးပါတယ်

စွံပလွန်ယိုစားတာကြောင့် ဝိတ်ထိန်းပေးပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်လို့ပါ။ အမျှင်ဓာတ်က ကြာကြာဗိုက်ပြည့်စေပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အန်သိုဆိုင်ယာနင်၊ ဖီနောလစ်နဲ့ ကာရိုတီးနွိုက် အင်တီအောက်ဆီးဒင့်တွေ ပါတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး အစာကြေညက်စေကာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top