Healthy Life Ad
Real Life

သင့်မွေးလကပြောတဲ့ သင့်အကြောင်း

—–၊ ကိုထက် ၊—–

သင်ရဲ့မွေးလကပြောတဲ့ သင့်ကိုယ်ရည်ကိုယ်သွေးကို ဖတ်ကြည့်ကြပါဦးနော်။

ဇန်နဝါရီလ

ဇန်နဝါရီလမှာ မွေးဖွားသူတွေဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အရာအရာကို နားလည်လွယ်သူတွေ ဖြစ်ကြပါတယ်။ တက်တက်ကြွကြွရှိပြီး အကြောက်တရား နည်းပါးသူတွေပါ။ တာဝန်ယူတတ်သူ၊ ဦးဆောင်တတ်သူတွေ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ပျော်စရာတွေ ဖန်တီးနေရတာကို သဘောကျပြီး တိရစ္ဆာန်လေးတွေကိုလဲ ချစ်တတ်ပါတယ်။ ဖော်ရွေတဲ့ လူမှုဆက်ဆံရေးရှိပေမယ့် လျှို့ဝှက်တတ်သူတွေလဲ ဖြစ်ကြပါတယ်။

ဖေဖော်ဝါရီလ

ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့သူတွေဟာ အရှိကိုအရှိတိုင်းပြောတတ်၊ လုပ်တတ်သူတွေပါ။ ပွင့်လင်းရိုးသားမှုရှိပြီး အမြင်မတော်ရင် မတော်သလို ဝေဖန်အကြံပေးတတ်သူတွေ ဖြစ်ပါတယ်။ လူတိုင်းရဲ့ ယုံကြည်မှုကို ရထားသူတွေပါ။ ဇွဲလုံ့လရှိသူတွေဖြစ်ပြီး မိမိဘဝကို ချစ်မြတ်နိုးသူတွေ ဖြစ်ကြပါတယ်။ စိတ်ကူးယဉ်တတ်သူတွေလဲဖြစ်ပြီး ညအိပ်ရာဝင်တဲ့အချိန်ထိ လုပ်ချင်တာတွေကို စိတ်ကူးယဉ်နေတတ်ကြပါတယ်။

မတ်လ

မတ်လမှာ မွေးဖွားသူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ အရာရာကို စောင့်ကြည့်လေ့လာပြီးမှ ဆုံးဖြတ်ချက်ချတတ်သူတွေပါ။ တစ်ယောက်ယောက်ကို ခင်သွားပြီဆိုတာနဲ့ တစ်သက်လုံးကို ခင်မင်နေတတ်သူတွေပါ။ သီချင်းနားထောင်ရတာနဲ့ ခရီးသွားရတာကို အလွန်သဘောကျတတ်ကြပါတယ်။ အေးချမ်းတဲ့ဘဝကို အလွန်နှစ်သက်ပြီး တစ်နေ့ထက်တစ်နေ့ မေတ္တာတရားတွေ ပိုမိုပွားများနေသူတွေပါ။

ဧပြီလ

ဧပြီလမှာမွေးဖွားသူတွေဟာ ခံစားချက်ကို ဦးစားပေးသူတွေ ဖြစ်ကြပါတယ်။ အသစ်အသစ်သော အရာတွေကို စူးစမ်းလေ့လာရတာကို သဘောကျကြပါတယ်။ တန်ဖိုးအထားဆုံးအရာကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မိသားစုတွေရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကိုပါပဲ။ သူများတွေနဲ့မတူဘဲ ကွဲပြားတဲ့ နေထိုင်ပုံစရိုက်လေးတွေ ရှိကြပါတယ်။ လွယ်လွယ်နဲ့ အရှုံးမပေးတတ်ကြပါဘူး။

မေလ

မေလမှာ မွေးဖွားသူတွေဟာ စိတ်ဓာတ်ခိုင်မာပြီး တခြားသူတွေရဲ့အားပေးနှစ်သိမ့်မှုတွေကို မမျှော်လင့်ဘဲ အခက်အခဲတွေကို မိမိဘာသာ ရင်ဆိုင်တတ်ကြပါတယ်။ စွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်ကြောင့် လူတွေက စောင့်ကြည့်ပြီး သဘောကျနေတတ်ကြပါတယ်။ အိမ်မာပဲနေနေရတာကို မုန်းပြီး အချိန်ပြည့် အပြင်ပဲ ထွက်နေချင်သူတွေပါ။ ခေါင်းမာတတ်ပြီး မလျှော့တဲ့ဇွဲရှိတဲ့အတွက် အောင်မြင်မှုရရှိကြသူတွေပါ။

ဇွန်လ

ဇွန်လမှာ မွေးတဲ့သူတွေကတော့ ရေရှည်အမျော်အမြင်ရှိသူတွေ ဖြစ်ကြပါတယ်။ တတ်တတ်ကြွကြွ နေတတ်ပြီး တစ်ခါတလေမှာ အကောင်းဆုံးတွေ ဖြစ်ချင်စိတ်များနေသောကြောင့် ဇီဇာကြောင်တယ်လို့ အထင်ခံရလေ့ ရှိတတ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟာသတွေ၊ ရယ်စရာတွေကို အလွန်သဘောကျပါတယ်။ ခင်မင်စရာကောင်းပြီး သူငယ်ချင်းတွေကိုလည်း ချစ်ခင်သူတွေပါ။

ဇူလိုင်လ

ဇူလိုင်လမှာ မွေးဖွားသူတွေဟာ အရိုးသားဆုံးသူတွေ ဖြစ်ကြပါတယ်။ အပေါင်းအသင်းတွေနဲ့ နေရတာကို ပျော်ရွှင်ပြီး တစ်ယောက်ယောက်ကို ချစ်မိပြီးတော့ ဆိုးဆိုးကောင်းကောင်း ချစ်တော့တာပါပဲ။ အလုပ်ကိစ္စတွေကို အာရုံစူးစိုက်ပြီး လုပ်ကိုင်တတ်ကြပါတယ်။ အဖွဲ့လိုက်ဆောင်ရတာကို သဘောကျကြပါတယ်။ ချိုသာတဲ့အပြုံးတွေ အပြောအဆိုတွေကို ပိုင်ဆိုင်ထားပြီး လူတိုင်းက သဘောကျခြင်းကို ခံရသူတွေဖြစ်ပါတယ်။

ဩဂုတ်လ

ဩဂုတ်လမှာ မွေးဖွားသူတွေဟာ ရိုးအေးတဲ့နေထိုင်မှု စရိုက်ပုံစံကို သဘောကျလေ့ ရှိပါတယ်။ ခံစားချက်ကို ဦးစားပေးဖို့ လိုတယ်လို့ လက်ခံထားသူတွေပါ။ စွန့်စားတဲ့ခရီးတွေ သွားရတာကို သဘောအကျဆုံးပါပဲ။ အကျိုးအမြတ်မကြည့်ဘဲ လုပ်ဖို့လိုအပ်လာတဲ့ တာဝန်တွေကို အားစိုက်ပြီး ကြိုးစားလုပ်ကိုင်တတ်သူတွေပါ။ လူမှုဆက်ဆံရေးကောင်းပြီး လူတွေရဲ့ အာရုံစိုက်ခံရတဲ့ နေထိုင်မှုစတိုင်လည်း ရှိကြပါတယ်။

စက်တင်ဘာလ

စက်တင်ဘာလမှာ မွေးဖွားသူတွေဟာ စာနာစိတ်အပြည့်ရှိပြီး ပြုစုစောင့်ရှောင့်ပေးလိုစိတ် ရှိသူတွေပါ။ လူတိုင်းရဲ့အချစ်ကို ခံရတဲ့သူတွေလဲ ဖြစ်ပါတယ်။ သူများတွေရဲ့ ကောင်းတဲ့အပြုအမှုတွေကို အသိအမှတ်ပြုပေးပါတယ်။ တစ်ခုခုကို နှစ်သက်ပြီဆိုရင် နောက်တစ်ခုကို ဘယ်တော့မှပြောင်းပြီး နှစ်သက်လေ့မရှိပါဘူး။

အောက်တိုဘာလ

အောက်တိုဘာလမှာ မွေးဖွားသူတွေဟာ စိတ်အတည်ငြိမ်ဆုံးသူတွေပါ။ အဆိုးဆုံးအခြေအနေတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာတော့ စိတ်ကိုတည်ငြိမ်အောင် ထားနိုင်သူတွေပါ။ သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးရတာကို သဘောကျပါတယ်။ အလွယ်တကူ နောက်မဆုတ်ပဲ အောင်မြင်မှုမရမခြင်း အားစိုက်ကြိုးပမ်းသူတွေပါ။ အောင်မြင်မှုနဲ့ လူတွေရဲ့အားပေးမှုကို ခံရဖို့အတွက် မွေးဖွားလာသူတွေ ဖြစ်ပါတယ်။

နိုဝင်ဘာလ

နိုဝင်ဘာလမှာ မွေးဖွားသူတွေဟာ ဖန်တီးနိုင်စွမ်းအာ ကောင်းသူတွေပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ အပျော်တွေကို တခြားသူတွေကိုပါ ကူးစက်သွားအောင် လုပ်ဆောင်နိုင်သူတွေပါ။ တတ်နိုင်သမျှ ပျော်ပျော်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး မိမိမှာရှိတဲ့ အစွမ်းအစကို ဘယ်လိုအသုံးချရမလဲဆိုတာကို သိကြပါတယ်။ စိတ်ခံစားချက်တွေကို မျိုသိပ်ထားလေ့မရှိဘဲ သူများကို မျှဝေခံစားတတ်ကြပါတယ်။

ဒီဇင်ဘာလ

ဒီဇင်ဘာမွေးဖွားသူတွေဟာ သူများတွေထက်ပိုပြီး အမျှော်အမြင်ကြီးကြပါတယ်။ လွတ်လပ်မှုနဲ့ ယုံကြည်မှုတွေကို တန်ဖိုးအလွန်ထားပါတယ်။ ကံတရားကိုလဲ ယုံကြည်သူတွေ ဖြစ်ပါတယ်။ လူချစ်လူခင်ပေါများပြီး သူများတွေရဲ့ အခက်အခဲတွေကိုဝင်ပြီး ဖြေရှင်းပေးလေ့ရှိကြပါတယ်။

Most Popular

Healthy Life Ad
To Top