Healthy Life Ad
Real Life

သင်အကြိုက်ဆုံး ကိန်းဂဏန်းက ပြောပြနေသည့် သင့်ကိုယ်ရည်ကိုယ်သွေး

ကိုထက်

ဝ ကနေ ၉ အထိ သင်အကြိုက်ဆုံး ဂဏန်းကို ရွေးလိုက်ပါ။ ပြီးရင် ကိုယ်ရွေးထားတဲ့ ကိန်းဂဏန်းက သင့်ကိ်ုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတာဖြစ်လို့ သင့်အကြောင်းကို ဖတ်ကြည့်ရအောင်နော်။

(၁) တစ်ဂဏန်းကို အကြိုက်ဆုံးသူတွေဟာ ချစ်ခင်ဖွယ်ကောင်းသူတွေ ဖြစ်ပါတယ်။

လူတွေက တစ်ဂဏန်းကို ကြိုက်နှစ်သက်တဲ့သူတွေဟာ တစ်ယောက်ထဲနေတာကို သဘောကျသူတွေ ဖြစ်တယ်လို့ ထင်နေကြပေမယ့် တကယ်တော့ လူချစ်လူခင်ပေါသူတွေ ဖြစ်ကြပါတယ်။

(၂) နှစ်ဂဏန်းကို အကြိုက်ဆုံးသူတွေဟာ သိက္ခာရှိသူတွေ ဖြစ်ပါတယ်။

အဆင့်အတန်းမြင့်မြင့်တွေကို သဘောကျတတ်ကြပြီး စိတ်ဓာတ်လဲ အဆင့်အတန်း မြင့်ကြသူတွေပါ။ စည်းစနစ်ကျတာကို သဘောကျပြီး ကိုယ်တိုင်လဲ စည်းကမ်းတွေနဲ့အညီ နေတတ်သူတွေပါ။

(၃) သုံးဂဏန်းကို အကြိုက်ဆုံးသူတွေဟာ တည်တည်တံ့တံ့ နေတတ်သူတွေပါ။

တည်တည်တံ့တံ့နေတတ်ပြီး စိတ်ရင်းသဘောထား ကောင်းကြသူတွေပါ။ စိတ်သဘောထား မတိုက်ဆိုင်သူတွေနဲ့ တွေ့နေရချိန်မှာ အလွန်စိတ်ညစ်နေတတ်သူပါ။

(၄) လေးဂဏန်းကို အကြိုက်ဆုံးသူတွေဟာ စိတ်ခံစားချက်ကို ဦးစားပေးတတ်သူတွေပါ။

စိတ်ထဲမှာထင်တဲ့ အကြောင်းအရာတွေဟာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတတ်ပြီး တစ်ခါတစ်လေ ပျောက်နေတဲ့ပစ္စည်းကိုတောင် လိုက်မရှာပဲ စိတ်ထဲကထင်တဲ့နေရာကို ကြည့်လိုက်တိုင်း ပြန်တွေ့ရတတ်တဲ့အတွက် စိတ်ခံစားချက်ကို ပိုပြီးယုံကြည်သူတွေပါပဲ။

(၅) ငါးဂဏန်းကို အကြိုက်ဆုံးသူတွေဟာ စိတ်လှုပ်ရှားလွယ်သူတွေ ဖြစ်ကြပါတယ်။

နှလုံးတွေခုန် ရင်တွေတုန်တာ ဖြစ်လွယ်သူတွေ ဖြစ်ကြပါတယ်။ ဘယ်လောက်ပဲ လုပ်ချင်စိတ် ပြင်းပြနေပါစေ စိုးရိမ်စရာလေး တစ်ခုလောက်ရှိလာတာနဲ့ စိတ်ပြောင်းလွယ်သူတွေပါ။

(၆) ခြောက်ဂဏန်းကို အကြိုက်ဆုံးသူတွေကတော့ နောက်ပြောင်တတ်သူတွေပါ။

ပျော်ရွှင်စရာတွေကို ကိုယ်စားပြုတဲ့ ခြောက်ဂဏန်းကို ကြိုက်သူတွေဟာ စတတ်နောက်တတ်သူတွေ ဖြစ်ကြပါတယ်။ အမြဲဆိုသလို သူငယ်ချင်းအပေါင်းအသင်းတွေကို စနောက်ဖို့ အစီအစဉ်တစ်ခုခု ရှိနေတတ်သူတွေ ဖြစ်ကြပါတယ်။

(၇) ခုနှစ်ဂဏန်းကို အကြိုက်ဆုံးသူတွေဟာ ခပ်မိုက်မိုက်လေးတွေ ဖြစ်ကြပါတယ်။

လူတွေကသဘောကျ၊ အားကျတာတွေ ခံရတတ်သူတွေ ဖြစ်ပါတယ်။ တော်လိုက်တာ… လိမ္မာလိုက်တာ… ဆိုတဲ့ စကားသံတွေက မကြာခဏဆိုသလို ကြားနေကြပဲ ဖြစ်ပါတယ်။

(၈) ရှစ်ဂဏန်းကို အကြိုက်ဆုံးသူတွေဟာ ရင့်ကျက်သူတွေ ဖြစ်ပါတယ်။

သင်နဲ့အတူ လက်တွဲခွင့်ရတဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေက ကျေနပ်နေကြရသူတွေပါ။ သူများတွေထက် ခြေတစ်လှမ်းအမြဲ ဦးနေတတ်သူတွေ ဖြစ်ကြပါတယ်။

(၉) ကိုးဂဏန်းကို အကြိုက်ဆုံးသူတွေဟာ ဖော်ရွေသူတွေ ဖြစ်ကြပါတယ်။

ခင်မင်စရာကောင်းတဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားသူတွေပါ။ လူတွေရဲ့အာရုံကို စွဲဆောင်ထားနိုင်ပြီး ဩဇာတိက္ကမနဲ့ ပြည့်စုံသူတွေပဲ ဖြစ်ကြပါတယ်။

(ဝ) သုညကို အကြိုက်ဆုံးသူတွေဟာ မြူးကြွရွှင်ပျတဲ့သူတွေ ဖြစ်ပါတယ်။

သုညကို သဘောကျတဲ့သူတွေက ဟာသဉာဏ်ရွှင်သူတွေဖြစ်ပြီး လူတိုင်းကို ပျော်ရွှင်စေသူတွေပဲ ဖြစ်ပါတယ်။ သွက်လက်ဖျတ်လတ်တဲ့ စရိုက်ရှိပြီး ဆုံးဖြတ်ချက်တွေကို လျင်မြန်စွာချနိုင်သူတွေလဲ ဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top