Healthy Life Ad
News

Covid-19 ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာတဲ့ ၁၀၃နှစ်အရွယ် အဘွား

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အီတလီမြောက်ပိုင်းမှာ နေထိုင်တဲ့ အဘွားဇနုစိုက ၁၉၁၈ ခုနှစ်မှာ စပိန်တုပ်ကွေးရောဂါကို ခံစားခဲ့ရဖူးပြီး ကမ္ဘာစစ်နှစ်ခုကိုလည်း ကြုံတွေ့ခဲ့ရသူပါ။ အသက် ၁၀၃ နှစ်အရွယ်မှာ အဘွားဇနုစိုဟာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ “အဘွားက ဘာမှမစားနိုင်တာကြောင့် ရေဓာတ်ပဲ ဖြည့်ပေးခဲ့ရပါတယ်။ အဘွားက အမြဲတမ်း အိပ်ငိုက်ပြီး မတုံ့ပြန်နိုင်တော့တာကြောင့် ပြန်ကောင်းလာတော့မှာမဟုတ်ဘူးလို့ ထင်ခဲ့ကြတာပါ” လို့ မိသားစုဆရာဝန် ဒေါက်တာဖရူနိုက ဆိုပါတယ်။ မထင်မှတ်ဘဲ အရာရာတိုင်းက ရုတ်တရက်ဆိုသလို ပြန်ကောင်းလာခဲ့ပါတယ်။ “တစ်နေ့မှာ အဘွားရဲ့မျက်လုံးတွေ ပွင့်လာပြီး အရင်က လုပ်နေကျအရာတွေကို ပြန်လုပ်လာနိုင်ပါတယ်”လို့ ဒေါက်တာဖရူနိုက ဆိုပါတယ်။

Covid-19 ဖြစ်ပွားစဉ်က အကြောင်းတွေကို ပြန်မေးတဲ့အခါ “ကျွန်မဖျားခဲ့တယ်”လို့ အဘွားက ပြန်ပြောပြခဲ့ပေမယ့် အဲဒီအချိန်က တစ်ပတ်လောက် အိပ်ရာပေါ်မှာ သတိလက်လွတ်ရှိနေခဲ့တာပါ။ အခုအခါမှာတော့ အဘွားက-“ကျွန်မ နေကောင်းပြီ၊ နေကောင်းပြီ”လို့ ပြောရင်း တီဗီကြည့်တယ်၊ သတင်းစာဖတ်တယ်လို့ ဆိုပါတယ်။ ဒီရောဂါကို ဘယ်လိုအနိုင်တိုက်နိုင်ခဲ့သလဲဆိုတာကိုတော့ အဘွားက “သတ္တိ၊ စိတ်ခွန်အားနဲ့ ယုံကြည်မှု”ဆိုတဲ့ စကားလုံးသုံးလုံးနဲ့ ရှင်းပြခဲ့ပြီး တခြားနေမကောင်းဖြစ်နေသူတွေကိုလည်း “ကိုယ့်ကိုယ်ကိုယ် သတ္တိခွန်အားထားရှိပါ၊ ယုံကြည်မှုထားပါ”ဆိုပြီး အားပေးစကား ပြောခဲ့ပါတယ်။ Covid-19က အသေးစားလက္ခဏာနဲ့ အသင့်အတင့်ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ခံစားရစေပြီး အများစုက ပြန်ကျန်းမာလာပါတယ်၊ ဒါပေမဲ့ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေမှာ ပိုပြင်းထန်တဲ့ နာမကျန်းဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ Covid-19 ကြောင့် အီတလီက လူ ၁၈၀ဝဝ ကျော် သေဆုံးခဲ့ပါတယ်။

အီတလီမှာ အပြင်သွားလာခွင့် ဖြေလျှော့ပြီး အိမ်တံခါးတွေ တဖန်ပြန်ဖွင့်ခွင့်ရတဲ့အခါ ဘာလုပ်ချင်ပါသလဲလို့ အဘွားဇနုစိုကို မေးမြန်းတဲ့အခါ-“ကျွန်မ လမ်းလျှောက်ချင်ပါတယ်၊ ကျွန်မမှာ မြစ်လေးသုံးယောက်ရှိတယ်မလား၊ သူတို့ အတူတူ ကစားတာကို ကြည့်ချင်ပါတယ်”လို့ အဘွားက မဆိုင်းမတွဖြေပါတယ်။ အခုအခါမှာ တခြားသူတွေနဲ့ သီးခြားထားရှိတဲ့ အဘွားဇနုစိုကတော့ နောက်ထပ်သလိပ်စစ်ဆေးမှု ခံယူကာ ဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း သေချာသွားရင် ပုံမှန်အတိုင်း ပြန်နေဖို့ မျှော်လင့်နေပါတယ်။

(Ref; newssky 9-4-2020)

Most Popular

Healthy Life Ad
To Top