Healthy Life Ad
Health Tips

အနာဖေးတက်ခြင်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အနာဖေးက ကြည့်လို့မကောင်းပေမယ့် ဒါက အရေပြားကို ကူးစက်ပိုးမဝင်စေဖို့ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးသလို အရေပြားတစ်သျှူးသစ်အနေနဲ့လည်း ဖုံးအုပ်ပေးထားတာပါ။ ပုံမှန်အားဖြင့် အနာဖေးတွေက ရက်အနည်းငယ်ကနေ သီတင်းပတ်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ဒဏ်ရာအရွယ်အစားနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး အနာကျက်ချိန် ကြာတတ်ပါတယ်။ အနာဖေးတက်တဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်နေရင် သဘာဝနည်းတွေအတိုင်း လုပ်ဆောင်ကြည့်ပါ။

သဘာဝဆေး (၁) ရှားစောင်းလက်ပပ်အနှစ်

အနာဖေးတွေကို ဖယ်ရှားဖို့ရာအတွက် ရှားစောင်းလက်ပပ်ကို သုတ်လိမ်းပေးပြီး နှိပ်ပေးရပါမယ်။ ရှားစောင်းလက်ပပ်က အရေပြားယားယံတဲ့ ဝေဒနာကို ကင်းစင်စေပါတယ်။

သဘာဝဆေး (၂) ပျားရည်

အနာဖေးတက်တာ သက်သာစေဖို့ ပျားရည်သုတ်လိမ်းပေးပြီး ပုံမှန်နှိပ်နယ်ပေးပါ။ ဆိုးရွားတဲ့ အနံ့အသက်နဲ့ အနာဖေးတွေကို ကင်းစင်လျော့ပါးစေပါတယ်။

သဘာဝဆေး (၃) ရေအေးဝတ်

အနာဖေးတွေကို ဖယ်ခွာမယ့်အစား ရေအေးဝတ်ကပ်ပေးရပါမယ်။ ရေအေးဝတ်ကပ်ပေးတာကြောင့် ယားယံတာနဲ့ ကျိန်းစပ်စပ်ဖြစ်တာတွေကို ယာယီအားဖြင့် သက်သာစေပါတယ်။

သဘာဝဆေး (၄) ပန်းသီးရှလကာရည်

အနာဖေးဝန်းကျင်က နီမြန်းရောင်ရမ်းနေရင် အောက်ကအရေပြားဟာ ကောင်းကောင်းအနာမကျက်သေးတာ သေချာပါတယ်။ အနာကျက်ဖြစ်စဉ် အားကောင်းစေဖို့ ပန်းသီးရှလကာရည်နဲ့ ရေကို ဆတူရောမွှေပြီး ဂွမ်းစနဲ့ဆွတ်ကာ အနာဖေးပေါ်မှာ သုတ်လိမ်းပေးပါ။ ရေနဲ့ဆေးမချခင် အချိန် ၁၅ မိနစ်ကြာစောင့်ပါ။ တစ်နေ့မှာ နှစ်ကြိမ်ခန့် ပန်းသီးရှလကာရည် လိမ်းပေးတာကြောင့် အကောင်းဆုံးရလဒ်ကို ရရှိစေပါတယ်။

သဘာဝဆေး (၅) ဆော်ဒါမှုန့်

အနာဖေးရဲ့ အနာကျက်ဖြစ်စဉ်မြန်ဆန်စေဖို့ ဆော်ဒါမှုန့်က အထောက်အကူပြုပါတယ်။ ဆော်ဒါမှုန့်အနည်းငယ်ထဲ ရေအနည်းငယ်ထည့်ပြီး စေးပျစ်အောင်မွှေပါ။ ပြီးရင် အနာဖေးပေါ်ကို သုတ်လိမ်းကာ လုံးဝခြောက်အောင်ထားပါ။

သဘာဝဆေး (၆) လက်ဖက်ဆီ

အနာဖေးပေါ်ကို လက်ဖက်ဆီသုတ်လိမ်းပေးတာကြောင့် ပိုးသေကာ အနာကျက်မြန်စေပါတယ်။ အနာဖေးပေါ်ကို တစ်နေ့နှစ်ကြိမ်ခန့် လက်ဖက်ဆီသုတ်လိမ်းပေးပါ။ သင့်အရေပြားက ထိလွယ်ခိုက်လွယ်ရင် ရေတစ်ဆ၊ လက်ဖက်ဆီတစ်ဆရောပြီး သုတ်လိမ်းပေးရပါမယ်။

အကြံပြုချက်- အနာဖေးမခွာရ

အနာဖေးတွေကို ဘယ်တော့မှ ကုတ်ခြစ်တာမလုပ်ပါနဲ့။ အနာဖေးတွေကို ဖယ်လိုက်ရင် အနာကျက်ချိန်က ပိုကြာတတ်ပါတယ်။ အနာဖေးအောက်မှာရှိတဲ့ အရေပြားတစ်သျှူးတွေက အလွန်နူးညံ့တာကြောင့် နောက်ထပ်အနာဖေးတွေကို ထပ်မံဖြစ်စေနိုင်လို့ပါ။

Most Popular

Healthy Life Ad
To Top