Healthy Life Ad
International

ငွေစက္ကူမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်ဟာ ငွေစက္ကူကနေတဆင့် ကူးစက်နိုင်တာကြောင့် ငွေမထိတွေ့ရတဲ့နည်းပညာကိုပဲ အသုံးပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။

ကူးစက်တတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးက ငွေစက္ကုမျက်နှာပြင်တွေမှာ ရက်အတော်ကြာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ရောဂါပိုးပျံ့နှံ့မှုကို ရပ်တန့်နိုင်ဖို့ လူတွေအနေနဲ့ ငွေစက္ကူကို လက်နဲ့မထိတွေ့တဲ့နည်း သုံးသင့်ပြီး တကယ်လို့ ငွေစက္ကူကိုင်တွယ်ပြီးရင်တောင် လက်ကိုဆေးကြောပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေးထားပါတယ်။

ငွေစက္ကူတွေဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေသယ်ဆောင်နိုင်တယ်လို့ အင်္ဂလန်ဗဟိုဘဏ်ကလည်း အသိပေးပြီး လက်ပုံမှန်ဆေးဖို့ကိုပါ တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တရုတ်နဲ့ ကိုရီးယားမှာ ငွေစက္ကူတွေကို ပိုးသတ်တာ၊ သုံးပြီးသားငွေစက္ကူတွေကို သီးသန့်ထားတာတို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ငွေစက္ကူတွေကို ခရမ်းလွန်ရောင်ခြည် ဒါမှမဟုတ် အပူချိန်ပြင်းပြင်းပေးပြီး ပိုးသတ်တဲ့နည်းသုံးကာ ၁၄ ရက်ကြာ သိမ်းထားပြီးမှ ပြည်သူလူထုထဲ ဖြန့်ဝေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ခံထားရသူနဲ့ တိုက်ရိုက်ထိတွေ့မှုနဲ့ စိုထိုင်းဆများပြီး ပိုးရှိတဲ့ အရာဝတ္ထုတွေကတစ်ဆင့် ပျံ့နှံ့နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

“ငွေတွေကို ကိုင်ပြီးချိန်မှာ လက်တွေကို ဆေးကြောဖို့နဲ့ မျက်နှာကိုမထိတွေ့ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ပိုးကူးစက်မှုအန္တရာယ်လျော့ကျဖို့ ခရက်ဒစ်ကတ်သုံးဖို့ အကြံပြုလိုပါတယ်”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာ အသက်ရှင်သလဲဆိုတာ အတိအကျမသိသေးပါဘူး။ ဆားစ်ရောဂါ၊ မားစ်ရောဂါတို့အပါအဝင် တူညီတဲ့ ဗိုင်းရပ်စ်တွေကို အစောပိုင်း လေ့လာခဲ့တဲ့ လေ့လာမှု ၂၂ ခုအရ အခန်းအပူချိန်မှာ ၉ ရက်ကြာ အသက်ရှင်နေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အပူချိန်မြင့်ရင် ဗိုင်းရပ်စ်ပိုး သေကောင်းသေနိုင်ပေမယ့် ဒါကလည်း မသေချာဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

(Ref;yahoo.com)

Most Popular

Healthy Life Ad
To Top