Healthy Life Ad
International

ကိုယ့်အတွက် အချိန်မရှိခြင်းကြောင့် စိတ်ဖိစီးမှု၊ ပင်ပန်းမှုနှင့် စိတ်ဓာတ်ကျမှုများဖြစ်ပေါ်

ကိုထက်

ဗြိတိန်လူမျိုးတွေက ကိုယ့်အတွက် သီးသန့်အချိန်အလုံအလောက် မပေးနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြကြောင်း လေ့လာမှုအသစ်အရ သိရပါတယ်။

အရွယ်ရောက်သူ သုံးပုံ-နှစ်ပုံနီးပါး (၆၁ ရာခိုင်နှုန်း)က တစ်ပတ်မှာ ကိုယ့်အတွက် သီးသန့်အချိန် အလုံအလောက်မရှိသဖြင့် စိတ်ဖိစီးမှု၊ မောပန်းနွမ်းနယ်မှုနဲ့ စိတ်ဓာတ်ကျခြင်းတို့ပင် ခံစားနေရကြောင်း လေ့လာသူတို့ တွေ့ရှိခဲ့ရပါတယ်။

အရွယ်ရောက်သူ ၂၀ဝ၀ ဦးကို လေ့လာမှုတစ်ခုအရ စိတ်အပန်းပြေဖို့ တစ်ပတ်မှာ အချိန်နာရီ ၂၀ ခန့် လိုအပ်ကြောင်း၊ ဗြိတိန်လူမျိုး ငါးဦးအနက် နှစ်ဦးအောက် (၃၉ ရာခိုင်နှုန်း)ကသာ ဒီလိုအပ်ချက်ကို ရရှိနေကြကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကိုယ့်အတွက် သီးသန့်အချိန်ပေးပြီး စိတ်အပန်းမဖြေနိုင်တာကြောင့် လူဦးရေလေးရာခိုင်နှုန်းက ဆွဲဆောင်မှုလျော့နည်းတယ်လို့ ခံစားနေရပါတယ်။

“ကျွန်တော်တို့က လူသားတွေဖြစ်တယ်ဆိုတာ သတိရဖို့ အရေးကြီးပါတယ်။ ကိုယ့်အတွက် အချိန်ပေးပြီးရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ၊ တစ်ရေးအိပ်စက်အနားယူတာ စတာတွေကို လုပ်သင့်ပါတယ်။ ဒီလို အပန်းဖြေတဲ့နည်းလမ်းတွေကို လုပ်ဆောင်တာကြောင့် စိတ်ဖိစီးမှုလျော့ကျပြီး စွမ်းအင်ပြည့်ဝမှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် ယေဘုယျအားဖြင့် တစ်ပတ်မှာ နာရီ ၂၀ ကြာ အပန်းဖြေအနားယူရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပိုမိုကောင်းမွန်ပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိမှာဖြစ်ပါတယ်” လို့ လေ့လာမှုမှာ ပါဝင်ကူညီသူ စိတ်ပညာရှင်ဒေါက်တာလင်ဒါက သုံးသပ်ထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top