Healthy Life Ad
International

မွေးပြီးပြီးချင်း အရေပြားထိတွေ့မှုကြောင့် မိခင်နှင့်ရင်သွေးချည်နှောင်မှု သံယောဇဉ်တိုးစေနိုင်

ကိုထက်

မိခင်နဲ့ကလေး အရေပြားချင်းထိတွေ့မှုက နှစ်ဦးစလုံးကို စိတ်ပင်ပန်းမှုပြေပျောက်စေပြီး ချည်နှောင်မှု သံယောဇဉ်တိုးစေကာ မိခင်နို့ချိုတိုက်ကျွေးမှုကို ပိုမိုလွယ်ကူစေကြောင်း နယူးယော့ခ်လေ့လာမှုအရ သိရပါတယ်။

ကလေးမွေးပြီးချိန်မှာ မိခင်နဲ့ရင်သွေး အရေပြားချင်းထိတွေ့မှုကြောင့် စိတ်ဖိစီးမှုလျော့ကျခြင်း၊ ကြာရှည်အိပ်ရေးဝ၀ အိပ်စက်အနားယူနိုင်ခြင်း၊ ကိုယ်အလေးချိန်မြင့်တက်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းမွန်ခြင်းနဲ့ ငိုကြွေးနှုန်းနည်းပါးခြင်း စတဲ့ကောင်းကျိုးတွေ ရရှိစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

“ကလေးမွေးဖွားရာမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကလေးမွေးပြီးပြီးချင်း မိခင်နဲ့မွေးကင်းစကလေးကို အရေပြားချင်းထိတွေ့မှု အလေ့အကျင့် ပြုလုပ်ပေးသင့်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိသိသာသာ ရရှိစေနိုင်တယ်”လို့ အမေရိကန်၊ နယူးယော့ခ် နည်းပညာတက္ကသိုလ်မှ လေ့လာမှုခေါင်းဆောင် ချာရိုင်းကဆိုပါတယ်။

ကလေးမွေးပြီးပြီးချင်း မိခင်နို့ဦးရည် စတင်တိုက်ကျွေးတာကြောင့် ကလေးငယ်အတွက် ကြီးမားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top