Healthy Life Ad
Health Tips

အမာရွတ်ကို သဘာဝအတိုင်း အနာကျစေမည့် နည်းလမ်းကောင်းများ

ငွေကြယ်စင်ယံ

အကြောင်းအမျိုးမျိူးကြောင့် ခန္ဓာကိုယ်မှာ အနာတရဖြစ်ပြီး အနာကျက်ရာက အမာရွတ် ထင်တတ်ပါတယ်။ အမာရွတ်မထင်အောင် ကာကွယ်နိုင်ဖို့ဆိုရင် ထိခိုက်ဒဏ်ရာမရအောင် အမြဲဂရုစိုက်နေဖို့ လိုပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရကာ အမာရွတ်ထင်ခဲ့ရင်တော့ သက်သာအောင် အောက်ပါသဘာဝနည်းတွေကို လိုက်နာရပါမယ်။

လာဗန်ဒါဆီ၊ ချမိုမိုင်းဆီ စတဲ့ မရှိမဖြစ်အဆီ (Essential Oils) တွေဟာ အမာရွတ်ပါးအောင် ကူညီပေးနိုင်ပါတယ်။ အမာရွတ်ထင်ထင်ချင်းမှာ မရှိမဖြစ်ဆီကို လိမ်းပေးနိုင်ရင် ပိုပြီးကောင်းပါတယ်။ ရှားစောင်းလက်ပပ်ဟာလည်း အရေပြားကို ချောမွေ့သန့်စင်စေတဲ့ အရာပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ် အနှစ်သားကို အမာရွတ်ပေါ် တိုက်ရိုက်လိမ်းပေးတာဟာ အမာရွတ်ကို ပျော့ပျောင်းပီး လျော့ပါးသွားစေပါတယ်။ မျက်နှာပေါ်က ဝက်ခြံအမာရွတ်လို နေရာတွေပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်သားကို လိမ်းပေးရင် ပိုပြီးအာနိသင်ပေးနိုင်ပါတယ်။

ဗီတာမင်အီးဟာလည်း အစွမ်းထက် အရေပြားပြုပြင်ပေးတဲ့ ဓာတ်ဖြစ်ပါတယ်။ ဗီတာမင်အီးအဆီကို အမာရွတ်နေရာပေါ် တိုက်ရိုက်လိမ်းပေးပြီး ပုံမှန်အတိုင်း နှိပ်နယ်ပေးပါ။ သီတင်းပတ်များစွာ ကြာလာတဲ့အခါမှာ အမာရွတ်ဟာ သိသိသာသာ လျော့ပါးလာတာကို တွေ့ရမှာပါ။ အမာရွတ်ပေါ်ကို အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းပြီး နှိပ်နယ်ပေးပါ။ ဒါဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အမာရွတ်ဆီကို သွေးစီးဆင်းမှု အားကောင်းစေကာ အနာကျက်မြန်ပါတယ်။

ဒါ့အပြင် အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု ကောင်းစေပြီး အရေပြားရဲ့ တင်းအားဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမာရွတ်ကို အမြန်ဆုံးပျောက်ကင်းချင်ရင်တော့ လေဆာနဲ့ပြုပြင်တာ၊ ခွဲစိတ်ကုသတာ စတဲ့နည်းလမ်းတွေကို သုံးပေးရမှာပါ။ သဘာဝနည်းလမ်းတွေကို သုံးရင်တော့ အချိန်အတိုင်းအတာတစ်ခု ကြာတဲ့အထိ စိတ်ရှည်ရှည် လုပ်ဆောင်ဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top