Healthy Life Ad
Health Tips

မိန်းမကိုယ်နှင့်ပတ်သက်ပြီး သင်မလုပ်သင့်သော အချက်များ

ငွေကြယ်စင်ယံ

မိန်းမကိုယ်နဲ့ပတ်သက်ပြီး သင်ဘယ်တော့မှ မလုပ်သင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

ရေနွေးငွေ့ ထိတွေ့ခြင်း

ရေနွေးငွေ့နဲ့ ထိတွေ့တာကြောင့် မိန်းမကိုယ်မှာ ဘက်တီးရီးယားနဲ့ မှိုပိုးပေါက်ပွားမှု ပိုများလာနိုင်တယ်လို့ နယူးယော့ခ်က သားဖွားမီးယပ်အထူးကု ဆရာဝန်ကဆိုပါတယ်။ မိန်းမကိုယ်မှာ သူ့အလိုလိုသန့်စင်ပေးတဲ့ စနစ်ရှိပြီးသားဖြစ်ပါတယ်။

နေပူဆာလှုံခြင်း

ဘယ်သူကရော လုပ်မှာလဲလို့ မေးချင်စရာပါ။ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများတဲ့အတွက် မလုပ်သင့်တာ ဖြစ်ပါတယ်။

သကြားကဲ့သို့ အရာများထည့်ခြင်း

တချို့လူတွေက အဖြူဆင်းတာလို ပြဿနာတွေဖြစ်တဲ့အခါ သကြားထည့်တာလို နည်းလမ်းတွေ လုပ်ဆောင်တတ်ပါတယ်။ ဒါက မိန်းမကိုယ်ရှိ ကောင်းတဲ့ဘက်တီးရီးယားနဲ့ အက်စစ်ဟန်ချက် ညီမျှမှုကို ထိခိုက်စေတဲ့အတွက် ကူးစက်ပိုး ဝင်လွယ်စေနိုင်ပါတယ်။

ရေပန်းဖြင့် အတွင်းထဲအထိ ဆေးကြောခြင်း

မိန်းမကိုယ်အပြင်ဘက်ကို ရေနဲ့ဆေးကြောသင့်ပေမယ့် အတွင်းပိုင်းထဲအထိ ရေပန်းနဲ့ ဆေးကြောပြီး သန့်စင်တာကြောင့် ဘက်တီးရီးယားမျှခြေထိခိုက်ပြီး ဘက်တီးရီးယားနဲ့ မှိုပိုးပေါက်ပွားစေနိုင်ပါတယ်။

အပေါက်ဖောက်ခြင်း

လိင်အင်္ဂါအပေါက်ဖောက်တာကြောင့် ကူးစက်ပိုးဝင်နိုင်ခြေနဲ့ အမာရွတ်ထင်နိုင်ခြေ ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top