Healthy Life Ad
Real Life

စာနာခြင်း …

စူး (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက ကြက်တွန်သံကလွဲလို့ ဘာကိုမှမကြောက်တတ်တဲ့ ခြင်္သေ့တစ်ကောင် ရှိပါသတဲ့။ ရဲရင့်တဲ့ခြင်္သေ့ဟာ ကြက်တွန်သံကြားအခါတိုင်း တုန်ခိုက်ပြီး ဝပ်နေတတ်ပါသတဲ့။ တစ်နေ့မှာတော့ သူက သူရဲ့အကြောက်တရားကို ဆင်ကိုရင်ဖွင့်လိုက်ပါတော့တယ်။

အဲဒီအကြောင်းကြားတော့ ဆင်က အကြီးအကျယ် ရယ်သွမ်းသွေးတော့တာပါပဲ။

“ကြက်တွန်သံက မင်းကို ဘယ်လိုများ ထိခိုက်အောင် လုပ်နိုင်မှာမို့လို့လဲကွာ” လို့ ဆင်ကမေးတော့-

ခြင်္သေ့က “အဲဒီအသံကို မခံစားနိုင်ဘူး” လို့ ပြန်ဖြေတာပေါ့။

သိပ်မကြာခင် ခြင်တစ်ကောင်က ဆင်ရဲ့ဦးခေါင်းနားမှာ ပတ်ချာလည်လှည့်ပြီး တဝီဝီနဲ့ပျံနေတော့ ဆင်ကလန့်ပြီး ခုန်ပါတော့တယ်။

“ဒီကောင်သာ ငါ့နားထဲဝင်ရင် ငါ့ဘဝတော့သွားပါပြီ” ဆိုပြီး ဆင်က တုန်လှုပ်ခြောက်ခြားစွာနဲ့ ပြောဆိုပါတော့တယ်။ ဆင်ရဲ့ကြောက်ရွံ့နေပုံကို ခြင်္သေ့က ရယ်သွမ်းသွေးပြီး ပြောလိုက်တာက “ကဲ . . ကိုယ်ချင်းစာနာတတ်ပြီ မဟုတ်လား” ဆိုပဲ။

သင့်အနေနဲ့ တစ်ပါးသူရဲ့ အကြောက်တရားကိုမြင်တဲ့အခါ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ အမြင်မျိုး မမြင်ဘဲ ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့ လိုအပ်ကြောင်း ဒီစာစုက အသိပေးထားတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top